Homeသတင်းနွေရာသီ မွန်စာပေနှင့်အင်္ဂလိပ်စာ သင်တန်းဆင်းပွဲ ပြီးစီး

နွေရာသီ မွန်စာပေနှင့်အင်္ဂလိပ်စာ သင်တန်းဆင်းပွဲ ပြီးစီး

-

သင်တန်းသားများ(Facebook)
သင်တန်းသားများ(Facebook)
အေမီအောင် – မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ ရာမညရဌ ဘုန်းတော်ကြီးတွင် နွေရာသီ မွန်စာပေနှင့် အင်္ဂလိပ်စာ သင်တန်းကို မတ်လ (၂၀) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ဧပြီလ ၂၇ ရက်နေ့တွင်

သင်တန်းဆင်းပွဲပြုလုပ်ခဲ့သည်ဟု ဦးဆောင်သူ ဆရာတော်ထံမှ သိရသည်။

အဆိုပါ သင်တန်းတွင် မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများ စုစုပေါင်း ၁၄၀ ဦးခန့် တက်ရောက်ခဲ့သည်ဟု ဦးဆောင်ဆရာတော် ဘဒ္ဒန္တခေမာ ကမိန့်သည်။

ဘဒ္ဒန္တခေမာ က ” အခုပထမ တစ်သုတ်ပြီးတော့၊ ဒုတိယ တစ်သုတ်ကို ဆက်လက်ဖွင့်လှစ်နိုင်ဖို့အတွက် မနေ့က ဝင်ခွင့်စာမေးပွဲစစ်နေတယ်” ဟုမိန့်သည်။

အဆိုပါ ဒုတိယအသုတ်သင်တန်းတွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုပြီးသူ၊ အောင်မြင်ပြီးသူ၊ တက္ကသိုလ်တွင် ပညာသင်ကြားနေသည့် ကျောင်းသား/သူ ဦးရေ ၈၀ အထိလက်ခံသင်ကြားပေးမည်ဟု ဆရာတော် ကမိန့်ဆိုသည်။

Pre-intermediate ကျောင်းသား မင်းစိုက်ထော က “မှတ်မိနားလည်နိုင်တဲ့ နည်းလမ်းတွေနဲ့ စနစ်တကျသင်ပေးပါတယ်၊ ကျနော်တို့လည်း စိတ်ဝင်တစားနဲ့ သင်ယူလေ့လာကြတယ်၊ မျော်မှန်းသလောက် ရခဲ့တယ်” ဟုပြောသည်။

မွန်စာပေကို ယင်းဘုန်းတော်ကြီးကျောင်းရှိ မွန်ဆရာတော်တို့က၄င်း၊ အင်္ဂလိပ်ဘာသာရပ်ကို ယခင်နှစ်မှသင်ယူတတ်မြောက်ခဲ့သည့် ဆရာ/မ များက၄င်း သင်ကြား၍ ပညာရေးကို စိတ်ဝင်စားသူလူငယ်တိုင်း ပညာရေးမြှင့်တင်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts