Homeသတင်းအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

-

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးအလုပ်ရုံဆွေးနွေးပွဲ(IMNA)
အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးအလုပ်ရုံဆွေးနွေးပွဲ(IMNA)
အေမီအောင် – အမျိုးသမီးများအပေါ်အကြမ်းဖက်ပပျောက်ရေးအလုပ်ရုံဆွေးနွေးပွဲတရပ်ကို Geneva Call က

ဦးဆောင့်၍ မွန်ပြည်သစ်ပါတီအရာရှိ ၂၅ ဦးကျော်ခန့်နှင့်အတူ ထိုင်းမြန်မာနယ်စပ်တစ်နေရာ၌ ဧပြီလ ၂၅-၂၆ ရက်နေ့များတွင် ၂ ရက်တာပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

မွန်ပြည်သစ်ပါတီ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နိုင်ဟံသာဗွန်ခိုင်က “ကမ္ဘာ့စည်းမျဉ်း ဥပဒေတွေနဲ့ ကျနော်တို့နဲ့ မတူတာတွေ အများကြီးရှိနေတယ်။ ကျနော်တို့မှာလည်း ကျနော်တို့ရဲ့ ယဉ်ကျေးမှုအရ ထိန်းသိမ်းထားတဲ့ကျင့်ဝတ်တွေ တခြားလူမျိုး၊ တစ်ခြားဘာသာတွေနဲ့ မတူတာတွေ အများကြီးရှိတယ်”ဟုပြောသည်။

ထိုအလုပ်ရုံဆွေးနွေးပွဲတွင် အမျိုသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနှင့်ပတ်သက်၍ Geneva Call ၏ပြဌာန်းထားသည့်ဥပဒေများကိုလည်း လိုအပ်ချက်အရ ပြင်ဆင်ဖြည့်စွက်ရန်ရှိပြီး ယင်းဥပဒေကျင့်ဝတ်အတိုင်း မွန်ပြည်သစ်ပါတီဝင်များသဘောတူညီလက်ခံလျှင် လက်မှတ်ရေးထိုးသွားရန်ရှိသည်ဟု နိုင်ဟံသာဗွန်ခိုင်က ဆက်ပြောသည်။

Senior programme Officer Chris Rush က ” မြန်မာပြည်မှာဆိုရင် လူအခွင့်ရေး ချိုးဖောက်နေတာတွေ၊ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပဋိပက္ခတွေကြားထဲ အမျိုးသမီးတွေရဲ့ဘဝကို ဖျက်စီးခဲ့တာ၊ အနိုင်ကျင့်နေတာတွေ နေရာတော်တော်များမှာ ရှိနေသေးတယ်” ဟု ပြောသည်။

အဆိုပါအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးဥပဒေများကို မွန်ပြည်သစ်ပါတီအရာရှိများအား ရှင်းပြပြီး မွန်ပြည်သစ်နေအနေဖြင့် နားလည်သဘောပေါက်ပြီး လက်ခံသဘောတူ လက်မှတ်ထိုးလာစေရန် ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်သည်ဟု Chris Rush က ပြောသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်စေရေးကို Geneva Call နှင့် KNU ကရင်အမျိုးသားအစည်းအရုံး၊ CNF ချင်းအမျိုးသားတပ်ဦးဖွဲ့တို့ လက်မှတ်ထိုးထားပြီးဟု သူကဆိုသည်။

အလုပ်ရုံဆွေးနွေးပွဲတက်ရောက်သူ ဗိုလ်ကြီးနိုင်အေးမာန် “ကျနော်တို့မှာ အမျိုးသမီးနဲ့ ပတ်သက်တဲ့ အခွင့် အရေးတွေ ဥပဒေတွေ ရှိသော်ငြားလည်း မလုံလောက်ဘူးဆိုတာ သိရတယ်၊ အခုနိုင်ငံခြားက ပညာရှင်တွေ လာရောက်ဆွေးနွေးတဲ့အတွက် ပိုပြီးသဘောပေါက်လာတယ်” ဟု ပြောသည်။

ယခုအလုပ်ရုံဆွေးနွေးပါအချက်အလက်များကို ဒေသခံပြည်သူများအား လက်ဆင့်ကမ်း ရှင်းပြသွားရန်ရှိသည်ဟုလည်း သူကပြောသည်။

ကလေးများကာကွယ်ရေးနှင့်ပတ်သက်၍ Geneva Call သဘောတူညီချက်ကို မွန်ပြည်သစ်ပါတီ (NMSP)ကိုယ်စား နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နိုင်ဟံသာဗွန်ခိုင်းနှင့် မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(MNLA)ကိုယ်စား စစ်ဦးစီးချုပ်ဗိုလ်ချုပ်လယီကောင်းတို့ ၂၀၁၂ ခုနှစ် သြဂုတ်လတွင် ဆွစ်ဆာလန်နိုင်ငံ၊ ဂျနီဗါမြို့၌ သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts