Homeသတင်းသံဖြူဇရပ်မြို့ရှိ သေမင်းတမန် ရထားလမ်း ပြတိုက်ဟောင်းပြုပြင်မည်ဟုဆို

သံဖြူဇရပ်မြို့ရှိ သေမင်းတမန် ရထားလမ်း ပြတိုက်ဟောင်းပြုပြင်မည်ဟုဆို

-

သေမင်းတမန်ရထားလမ်းပြတိုက်(IMNA)
သေမင်းတမန်ရထားလမ်းပြတိုက်(IMNA)
မင်းထူးသစ် – မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရှိ ယိုယွင်းပျက်စီးနေသည့် သေမင်းတမန်ရထားပြတိုက်အား
ဧပြီလမှစတင်ပြုပြင်မည်ဟု ပထမအကြိမ် ပြည်သူ့လွှတ်တော် နဝမအကြိမ်မြောက် အစည်းအဝေး၌ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်းက မွန်ပြည်နယ် အစိုးရကိုယ်စား ဖြေကြားသွားကြောင်းသိရှိရသည်။

သေမင်းတမန်ရထားပြတိုက်အဆင့်မြှင့် ပြုပြင်ခြင်းများတွင် မော်တော်ယာဉ် ရပ်နားရန်နေရာများ၊ အမှတ်တရပစ္စည်း ရောင်းဝယ်မည့်နေရာများ ၊ ဈေဆိုင်းခန်းများ၊ အဆင့်မြှင့် နားနေဆောင်များစသည်တို့ကို တည်ဆောက် အကောင်ထည်ဖော်မည်ဟု ဒုဝန်းကြီး ပြောကြားခဲ့ခြင်း ဖြစ်သည်။

အလားတူ မွန်ပြည်နယ် အစိုးရအဖွဲ့စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်းကြီးဒေါက်တာတိုးတိုးအောင်က ရထားဌာနက ဦးစီးပြီးဆောင်ရွက်သွားမည်ဖြစ်ပြီး စည်ပင်သာရေးဌာနအနေဖြင့် ပူပေါင်းပါဝင်ကူညီသွားမည်ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီIMNA သို့ ပြောသည်။

သံဖြူဇရပ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နိုင်သိန်းအောင်က “သေမင်းတမန် ပြတိုက်ကြီးပြန်လည်တည်ဆောက်ပြီးစီးပါက မွန်ပြည်နယ်ရဲ့ အဓိကလည်ပတ်နေရာ ဖြစ်မယ့်အပြင် ကမ္ဘာလှည့် ခရီးသည်တွေ အထူးစိတ်ဝင်စားရာနေရာဖြစ်လာလိမ့်မယ်” ဟု ပြောသည်။

ထို့အပြင် အဆိုပါထိုင်း-မြန်မာမီးရထား လမ်းကြောင်းပေါ်တွင် ဇလီဖားတုံးတစ်တုံးလျှင် လူ့အသက်တစ်ချောင်း ပေးဆပ်ခဲ့ရသည်သမိုင်းကြောင်းအရ မြန်မာတိုင်းရင်သားလူမျိုး တစ်သိန်းကျော် အသက်ဆုံးရှုံးခံခဲ့ရသည်ကို ပြန်လည်အမှတ်ရစေနိုင်သည်ဟုလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ဆက်ပြောသည်၊

အဆိုပါသေမင်းတမန်ရထားလမ်းသည် ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၂ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ဖက်ဆစ်ဂျပန်များက ဘုရားသုံးဆူတောင်ကြားလမ်းကိုဖြတ်၍ မီးရထားလမ်းဖောက်လုပ်ခဲ့ရာတွင် မြန်မာတိုင်းရင်းသားနှင့်မဟာမိတ်တပ်သားဖွဲ့ စစ်သုံ့ပန်းများအပါအဝင် လူ့အသက်ပေါင်း ၁ သိန်းကျော် အသက်ဆုံးရှုံး ခဲ့ရသည့်အတွက် သေမင်းတမန် ရထားလမ်းဟု အမည်တွင်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts