Homeသတင်းငြိမ်းချမ်းရေး တည်ဆောက်ရာတွင် မီဒီယာကဏ္ဍအရေးကြီးကြောင်း ရှမ်းပြည်နယ် ဝန်ကြီးချုပ်ပြော

ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် မီဒီယာကဏ္ဍအရေးကြီးကြောင်း ရှမ်းပြည်နယ် ဝန်ကြီးချုပ်ပြော

-

တောင်ကြီးတိုင်းရင်းမီဒီယာညီလာခံ(KoKoZaw Facebook)
တောင်ကြီးတိုင်းရင်းမီဒီယာညီလာခံ(KoKoZaw Facebook)
ခတ္တာနန်း – ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှု ခမ်းမအတွင်း ယနေ့ မတ်လ ၄ ရက်နေ့မှ စတင်ကျင်းပသည့် ဒုတိယ အကြိမ်တိုင်းရင်းမီဒီယာ ညီလာခံ၌ ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် စတ္ထုမဏ္ဍိုင်ဖြစ်သည့် မီဒီယာသည်လည်း အရေးကြီးကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချူပ် စဝ်အောင်မြတ်က အခန်းအနားဖွင့်ပွဲမိန့်ခွန်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် စဝ်အောင်မြတ်က “ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ တိုင်းရင်းမီဒီယာတွေနဲ့ မီဒီယာတိုင်းက မှန်ကန်တဲ့ အချက်အလက်တွေ သတင်းတွေကို ဖော်ထုတ်ဖို့ အရေးကြီးကြောင်း၊ ယခုလို ရှမ်းပြည်နယ်မှာ တိုင်းရင်းမီဒီယာ ညီလာခံကို လာရောက်ပြုလုပ်သည့်အတွက်လည်း ဝမ်းမြောက်ကြိုဆိုကြောင်း” ပြောသည်။

ထို့အတူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးပိုက်ထွေးသည်လည်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေသည့်အချိန်တွင် မီဒီယာကဏ္ဍကိုလည်း ခေတ်နှင့် လျှော်ညီသော မီဒီယာတစ်ခုဖြစ်ပေါ်လာစေရန် အတွက် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်လျှက်ရှိကြောင်း၊ နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သည့် ဆင်ဆာစနစ်ကို ၂၀၁၂ ခုနှစ်တွင် စတင်ဖျက်သိမ်းခဲ့ကြောင်းနှင့် ပုဂ္ဂလိက သတင်းစာ ထုတ်ဝေခွင့်ကိုလည်း ထုတ်ဝေခွင့် ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

“တိုင်းရင်းသားဒေသနဲ့ နယ်စပ်ကျေးလက်ဒေသမှာ မီဒီယာပျံ့နှံ့မှုဟာ အားနည်းခဲ့တယ်၊ အခုဆိုရင် တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားဘာသာနဲ့ သတင်းစာဂျာနယ်တွေကို ထုတ်ဝေခွင့် ပြုခဲ့ပြီး၊ နောင်လည်း ဆက်ပြီး ခွင့်ပြုသွားမှာပါ” ဟု ဦးပိုက်ထွေးက ပြောသည်။

လက်ရှိ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအထိ တိုင်းရင်းသားဘာသာ သတင်းစာဂျာနယ် (၉) စောင်ကို ထုတ်ဝေးခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း၊ နေစဉ်သတင်းစာ (၁၈) စောင်နှင့် အပတ်စဉ် ဂျာနယ် (၃၈၉) စောင်တို့ထုတ်ဝေး ဖြန့်ချီလျှက်ရှိကြောင်းနှင့် မကြာမီ တိုင်းရင်းသားဒေသများတွင်လည်း Community Radio, FM နှင့် TV Station များကို အစိုးရမဟုတ်သည့် အဖွဲ့အစည်း (သို့) ပုဂ္ဂလိကသို့ ခွင်ပြုသွားမည်ဖြစ်ကြောင်း ဦးပိုက်ထွေးက ဆက်ပြောသည်။

ဒုတိယအကြိမ်တိုင်းရင်းမီဒီယာညီလာခံကို ဖေဖော်ဝါရီလ ၄ ရက်မှ ၆ ရက်နေ့အထိ ၃ ရက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး အခမ်းအနားကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် စဝ်အောင်မြတ်၊ နေပြည်တော် ပြန်ကြားရေးဒုဝန်ကြီး ဦးပိုက်ထွေး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့များ၊ MPC မှ ဦးအောင်နိုင်ဦး၊ UNFC / PNLO မှ ဦးခွန်မြင့်ထွန်း၊ ပြည်တွင်းပြည်ပမှ မီဒီယာ အဖွဲ့အစည်း ၄၀ ကျော်၊ CBO အဖွဲ့အစည်း ၂၀ ကျော် နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း လူ ၂၀ဝ ဝန်းကျင်ခန့် တက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။

နိုင်ငံတကာမြန်မာ့သတင်း BNI ကကြီးမှူးသော ပထမအကြိမ် တိုင်းရင်းမီဒီယာ ညီလာခံကို လွန်ခဲ့သည့် ၂၀၁၃ ခုနှစ် ဧပြီလတွင် မွန်ပြည်နယ် မော်လမြိုင်မြို့၌ ကျင်းပခဲ့ပြီး တတိယအကြိမ်းအတွက် မည်သည့် နေရာတွင် ကျင်းပမည်ကို တောင်ကြီးတိုင်းရင်းမီဒီယာညီလာခံ နောက်ဆုံးနေ့တွင် အတည်ပြု သတ်မှတ်သွားမည် ဖြစ်သည်။

BNI သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ သျှမ်းစသည့် တိုင်းရင်းသတင်းမီဒီယာ ၁၂ ဖွဲ့ပါဝင် သည့် မီဒီယာကွန်ယက်တခုဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts