spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းတပ်မတော်သားက မွန်တိုင်းရင်းသူအား အဓမ္မပြုကျင့်ရန် ကြိုးစားသည့်ကိစ္စ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

    တပ်မတော်သားက မွန်တိုင်းရင်းသူအား အဓမ္မပြုကျင့်ရန် ကြိုးစားသည့်ကိစ္စ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

    -

    WLB သတင်းစာရှင်းလင်းပွဲ (photo: Freedom Chanmyaehtun)
    WLB သတင်းစာရှင်းလင်းပွဲ (photo: Freedom Chanmyaehtun)
    ဂျူရီချိုင်း – မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အနီးရှိ အမှတ်(၃၁၅) အမြှောက်တပ်ရင်း ဒုတပ်ကြပ်တစ်ဦးက ဒေသခံမွန်တိုင်းရင်းသူ တစ်ဦးအား မုဒိန်းကျင့်ကြံစည်စဉ် အပြင်းအထန် ရိုက်နှက်ခဲ့မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ ချုပ် (WLB)မှ ဦးဆောင်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ကြသည်။

    အဆိုပါ သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ရန်ကုန်မြို့ အသောကဓမ္မာရုံ သမိုင်း ပရိယတ္တိစာသင်တိုက်တွင်ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်(WLB)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးကွန်ယက်အဖွဲ့၊ မွန်အမျိုးသမီးအဖွဲ့ဝင်များအပါအဝင် စုစုပေါင်း ၄၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

    ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သူ မွန်ဒီမိုကရေစီပါတီမှ မွန်လူငယ်အဖွဲ့အတွင်းရေးမှူး မိကျဲကျဲညီက “အဓိက ဒီတရားခံကျူးလွန်သူကို ထိတိရောက်က်အရေးယူပေးဖို့ ၊ စစ်သားဖြစ်ပြီး စစ်တပ်မှာချခံတဲ့အမိန့်ကို မလိုချင်ဘူး၊ ဒါကအမှန်တရားလည်းမဖြစ်ဘူး၊ အရပ်ဖက်တရားရုံးမှာ ဒီအမှုကို အရေးယူသွားပေးဖို့ဖြစ်တယ်” ဟု ပြောသည်။

    လွန်ခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့က သံဖြူဇရပ်မြို့နယ်၊ ဝဲရက်ကျေးရွာသူ အသက် (၄၃)နှစ်အရွယ် ကလေး(၆)ယောက်မိခင် မွန်အမျိုးသမီးတဦးအား ရာဘာခြံတွင်အလုပ်လုပ်နေစဉ် ဒုတပ်ကြပ် ရဲလင်းထွန်းက အတင်းအဓမ္မကျင့်ရန်ကြံစည်စဉ် ပြန်လည်ခုခံသဖြင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသည့် အထိ တိုက်ခိုက်ခြင်းခံခဲ့ရသည်။

    သူမအနေဖြင့် နာရီဝက်ခန့် ပြန်လည်ခုခံစဉ် သူမ၏မျက်စိနှင့်ရင်ဘတ်တို့တွင် အချက်(၂၀)ခန့် ထိုးကြိတ်ခြင်းခံရခြင်းကြောင့် သွားလေးချောင်းကျွတ်ကာ ဦးခေါင်းတွင်ရိုက်နှက်ခြင်းတို့ခံခဲ့ရ သည့်အတွက် သံဖြူဇရပ်ဆေးရုံမှတဆင့် မော်လမြိုင်ဆေးရုံသို့ အတွင်းလူနာအဖြစ်၄င်း၊ ထို့နောက် တစ်ပတ်ကျော် ဆေးကုသမှုခံခဲ့ရာမှ ဦးခေါင်းဒဏ်ရာမှာ ပိုမိုဆိုးရွား လာသောကြောင့် ဖေဖေါ်ဝါရီလ (၄)ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီးသို့ ၄င်း ဆေးကုသခံနေရဆဲဖြစ်သည်။

    ထို့အတူ နောက်နောင် အပြစ်မဲ့အမျိုးသမီးများအား အကြမ်းဖက်ကျူးလွန်မှုများ ဆက်လက်မဖြစ် ပေါ်စေရန် မြန်မာနိ်ုင်ငံ အမျိုး သမီးများအဖွဲ့ချုပ် (WLB)မှ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က သဘောထား ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

    အဆိုပါမုဒိန်းကျူးလွန်ရန်ကြံစည်သော အမှတ်(၃၁၅)အမြှောက်တပ်၊ တပ်ရင်းမှူးက အမှုတိုင်တန်းပါက ဆေးဝါကုသရန် ထောက်ပံ့ပေးမည်မဟုတ်ဟု ချိန်းခြောက်ခဲ့သည့်အပြင် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဝဲရက်ကျေးရွာ အုပ်ချုပ်ရေးမှူးမှတဆင့် စာပေမတတ်သော မိချို၏ခင်ပွန်းဖြစ်သူ နိုင်လွန်းအား အမှုမပြုလုပ်ရန် ဖိအားပေးပြီး လက်ဗွေနှိပ်ခိုင်းခဲ့သည်။

    ယင်းကဲ့သို့ အမှုမှန်ပေါ်ပေါက်နိုင်မှုမရှိစေရန် ဖိအားပေးပိတ်ပင်ခြင်းသည် မှန်ကန်သော လုပ်ရပ်မဟုတ် သကဲ့သို့ မိမိတို့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)အနေဖြင့် အထက်ပါအကြမ်းဖက်ခံရသူ အမျိုး သမီး၏ တောင်းဆိုချက်အတိုင်း အမှုမှန်ပေါ်က်ပေါက်ပြီး အကြမ်းဖက်ကျူးလွန်သူ ဒုတပ်ကြပ်ရဲလင်းထွန်းအား ထိုက်တန်သောအပြစ်ဒဏ်ကျခံစေရန်အတွက် အစိုးရအနေဖြင့် တာဝန်ယူလုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း အထက်ပါ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks