Homeသတင်းမွန်ပြည်နယ်လုံးဆိုင်ရာ လူငယ်များ တွေ့ဆုံပွဲပြီးဆုံး

မွန်ပြည်နယ်လုံးဆိုင်ရာ လူငယ်များ တွေ့ဆုံပွဲပြီးဆုံး

-

မင်းလုံး – မွန်ပြည်နယ်၏ မြို့နယ်အသီးသီးမှ လူငယ်များ တွေ့ဆုံဆွေးနွေးကြသည့် မွန်ပြည်နယ်လုံးဆိုင်ရာ လူငယ်များ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ဖေဖေါ်ဝါရီ ၁၈ ရက်နေ့မှ ၂ ရက်ကြာ ဆွေးနွေးကျင်းပခဲ့ပြီး အဓိကပြောဆိုရန် လိုအပ်သည့် ခေါင်းစဉ် ၇ ချက်ဖြင့်ဆွေးနွေးနေကြောင်း သိရသည်။

ထိုဆွေးနွေးပွဲကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရွှေမြင့်မိုရ်ထွန်း ဟိုတယ်တွင် မွန်ပြည်နယ် ၁၀ မြို့နယ်မှ လူငယ်များ ပါဝင်ကြောင်း သိရသည်။

မွန်ပြည်လုံးဆိုင်ရာ လူငယ်များ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးတာဝန်ခံ ကိုကြည်ဇော်လွင်က “မနေ့က ဆွေးနွေးချက် အပေါ်ကြည့်ရမယ်ဆိုရင် လူငယ်တွေမှာ အခတ်အခဲတွေ စိန်ခေါ်မှုတွေအများကြီးရှိနေတယ်၊ အဲဒီ စိန်ခေါ်မှုတွေက လူငယ်တွေရဲ့အနာဂဏ် နဲ့တိုက်ရိုက်ပတ်သက်နေမယ်ဆိုရင် လူငယ်တွေ တိုးတက်အောင်မြင်ဖို့အတွက် အဟန့်အတားဖြစ်နေတယ်၊ ဒါတွေကို ဝိုင်းဝန်းဖြေရှင်းပေးရန်လိုတယ်” ဟု ပြောသည်။

ခေါင်းစဉ် ၇ ချက်မှာ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့် အလုပ်အကိုင်အခွင့်အလမ်း၊ လူငယ်နှင့် တရားဥပဒေ စိုးမိုးရေး၊ လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့် သဘာဝပတ်ဝန်းကျင်၊ လူငယ်နှင့် ယဉ်ကျေးမှုအနုပညာ နှင့် လူငယ်နှင့် ဆက်သွယ်ရေးတို့ ဖြစ်သည်။

မွန်ပြည်နယ်တစ်ခုလုံးအတွင်းရှိ လူငယ်များ၏ အသံတစ်သံတည်းဖြစ်စေရန်၊ မွန်ပြည်လုံးဆိုင်ရာ လူငယ် Network တစ်ခုပေါ်ပေါက်လာစေရန်၊ နောင်အနာဂဏ်တွင် မွန်ပြည်နယ်အတွင်း လူငယ်နှင့် သက်ဆိုင်သည့် ပါလီမာန်တစ်ခု ပေါ်ပေါက်လာရန်နှင့် လာမည့် Myanmar Youth Forum နှင့် ASEAN Youth Forum တွင်တက်ရောက်နိုင်ရန်အတွက် ရည်ရွယ်၍ ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်သည်ဟု ကိုကြည်ဇော်လွင်က ဆက်ပြောသည်။

ဆွေးနွေးပွဲကို မွန်ပြည်နယ်ရှိ မြို့နယ်အသီးသီးမှ လူငယ် ၁၄၀ ဦးခန့် တက်ရောက်ကြပြီး နိုင်ငံရေးပါတီများ အပါအဝင် လူမှုအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် Youth and Culture ‌ခေါင်‌းစဉ်‌ဖြင်‌့‌‌ဟောပြောခဲ့သူ ကိုမင်းလတ်က “အခုဆွေးနွေးပွဲမှာ လူငယ် ရေးရာ ပေါ်လစီတစ်ရပ်ပေါ်လာအောင် ရေးဆွဲနေတယ်၊ အဲဒီပေါ်လစီကိ်ုပဲ Myanmar Youth Forum နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ပေးပို့သွားမယ်၊ အဲဒီမှာဆွေးနွေးကြမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ လူငယ်သဘောထားတစ်ခု ထွက်ပေါ်လာမယ် အဲဒီကတဆင့် အာဆီယံလူငယ်ဖိုရမ်ကို တက်ရောက် ဆွေးနွေးမှာဖြစ်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲနေသည့် အချိန်တွင် လူငယ်များ၏ သဘောထား၊ ဆန္ဒများသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုတွင် ပါဝင်ကြောင်း၊ Myanmar Youth Forum ကိုတက်ရောက်နိုင်ရန် အတွက် ကိုယ်စားလှယ်များကို ယခုကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲတွင် ရွေးချယ်သွားမည် ဖြစ်ကြောင်း ကိုမင်းလတ် ကဆက်ပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် မွန်လူငယ်ဖိုရမ် ကိုယ်စားလှယ် ၁၅ ဦး ကိုရွေးချယ်ပြီး လာမည့်လတွင် ကျင်းပမည့် Myanmar Youth Forum ကိုတက်ရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts