Homeသတင်းမွန်ဒီမိုကရေစီပါတီ ဒု-ဥက္ကဌ စင်္ကာပူနိုင်ငံသို့ အရေးပေါ် ဆေးကုသမှုခံယူ

မွန်ဒီမိုကရေစီပါတီ ဒု-ဥက္ကဌ စင်္ကာပူနိုင်ငံသို့ အရေးပေါ် ဆေးကုသမှုခံယူ

-

နိုင်သက်လွင် စင်္ကာပူနိုင်ငံ Mount elizabeth singapore hosiptal ဆေးရုံတွင် ဆေးကုသခံယူနေပုံ(photo: Mi Konhtaw)
နိုင်သက်လွင် စင်္ကာပူနိုင်ငံ Mount elizabeth singapore hosiptal ဆေးရုံတွင် ဆေးကုသခံယူနေပုံ(photo: Mi Konhtaw)
ခတ္တာနန်း – မွန်ဒီမိုကရေစီပါတီ ဒုဥက္ကဌ (၁) နိုင်သက်လွင်သည် ဝမ်းဗိုက်နာကျင်မှုအပြင်းအထန်ခံစားရသဖြင့် စင်္ကာပူနိုင်ငံသို့ အရေးပေါ် ပို့ဆောင်ခဲ့ပြီး ခွဲစိတ်မှုများပြုလုပ်ခဲ့သည်ဟု သိရသည်။

မွန်ဒီမိုကရေစီပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက “သူ့မိသားစုတွေနဲ့ အဆက်အသွယ်ရတယ်၊ မနေ့တုန်းက စင်ကာပူမှာ ခွဲစိတ်ကုသမှုတွေလုပ်တယ်၊ ယခင်ဖြစ်ခဲ့တဲ့ အစာအိမ်ရောဂါကိုပဲ ပြန်ခွဲစိတ်ခဲ့တယ်လို့ ဆိုတယ်၊ အခြေအနေတော့ အတိအကျမပြောနိုင်သေး” ဟု ပြောသည်။

စင်္ကာပူနိုင်ငံ Mount elizabeth singapore hosiptal ဆေးရုံတွင် ဖခင်ဖြစ်သူနိုင်သက်လွင် ဆေးကုသလျှက်ရှိကြောင်း သမီးဖြစ်သူ မိကွန်ချမ်းက ပြောသည်။

မိကွန်းချမ်းက “ခွဲစိတ်ကုသမှုတွေလုပ်ပြီးဆိုပေမယ့် စိတ်ချလောက်တဲ့အခြေအနေလို့တော့ မပြောနိုင်သေးဘူး” ဟု ပြောသည်။

နိုင်သက်လွင်သည် မွန်အမျိုးသားနေ့မတိုင်ခင်ကတည်းကပင် ဗိုက်နာသည့်ရောဂါ ခံစားနေရကြောင်း၊ ထိုသို့ နေမကောင်းဖြစ်နေသာ်လည်း မွန်အမျိုးသားနေ့ အခမ်းအနား ပြီးဆုံးသည့် အထိ ဆက်လက်တာဝန်ယူသွားရန်နှင့် အခမ်းအနားတွင် မိန့်ခွန်းပြောကြားနိုင်ရန်အတွက် အာတင်းခဲ့ကြောင်း မိကွန်းချမ်းက ဆက်ပြောသည်။

၆၇ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုကျင်းပရေးဥက္ကဌ အသက် ၇၃ နှစ်ရှိ နိုင်သက်လွင်သည် ကျန်းမာရေးအခြေဆိုးဝါးလာသဖြင့် ဖေဖေါ်ဝါရီ ၁၅ ရက်နေ့ညပိုင်းတွင်ကျင်းပသော ကမာဝက်ရွာ မွန်အမျိုးသားနေ့ဗဟိုအခမ်းအနား၌ မိန့်ခွန်းတက်ရောက်ပြောကြားနိုင်ခြင်း မရှိပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts