Homeသတင်းမှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များ တရားဝင် မှတ်ပုံတင်ပြုလုပ်ပေးမည်

မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များ တရားဝင် မှတ်ပုံတင်ပြုလုပ်ပေးမည်

-

mo_withoutဂျူရီချိုင်း – စည်းကမ်းဥပဒေနှင့်အညီ ဖြစ်လာစေရေးအတွက် နိုင်ငံအတွင်းရောက်ရှိနေသော မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များ တရားဝင် မှတ်ပုံတင်ပေးရေး စီမံချက်(One Stop Service) စနစ်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၆ ရက်နေ့ထုတ် မြန်မာ့ အလင်းသတင်းစာတွင် ဖော်ပြထားသည်။

မှတ်ပုံတင်ပေးရာတွင် (One Stop Service) အဖွဲ့တွင် ဌာနများ ပူးပေါင်း၍ ရထားပို့ ဆောင်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာ ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနများမှ အဖွဲ့ ခေါင်းဆောင်တို့က တာဝန်ယူပြုလုပ်ပေးသွားမည်ဖြစ် သည်။

အဆိုပါ တရားဝင် မှတ်ပုံတင်ပေးရေးစီမံချက်ကို ဖေဖော်ဝါရီလ ၁၀ ရက်မှ ဇွန် ၃၀ ရက် နေ့အထိ ရုံးဖွင့်ရက် ၉၀ ရက်အတွင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဦးစီးဌာန ရုံးစိုက်ရာမြို့များတွင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး၊ အစိုးရ ရုံးပိတ်ရက်များနှင့် ဘဏ်ပိတ်ရက်များတွင် ဆောင်ရွက်ပေးမည်မဟုတ်ကြောင်းလည်း သတင်းစာတွင် ဖော်ပြပါရှိသည်။

မွန်ပြည်နယ် မုဒုံမြို့ ဒေသခံတစ်ဦးက “ယခုလို လိုင်စင်အသစ်ပြန်လုပ်ပေးတယ်ဆို ကောင်းတယ်လေ၊ ကျနော်တို့ နယ်မှာ လိုင်စင်မလုပ်ရသေးတဲ့ဆိုင်ကယ်တွေ တော် တော်များများရှိနေသေးတယ်၊ လိုင်စင်လုပ်ပြီးသွားလို့ရှိရင် လွတ်လွတ်လပ်လပ် သွားလာဖို့ရတယ်၊ တချို့လူတွေ လိုင်စင်လုပ်ဖို့အတွက် စောင့်နေတဲ့လူတွေလည်း ရှိနေတယ်” ဟုပြောသည်။

တရားဝင်မှတ်ပုံတင် ပြုလုပ်ရန်အတွက် မော်တော်ဆိုင်ကယ်တစ်စီးလျှင် အခွန်ခအဖြစ် ငွေသတ်မှတ်ကာလ တန်ဖိုး၏ ၅ ရာခိုင်နှုန်းကို အကောက်ခွန် စည်းကြပ်ခွန်ဖြင့် လည်း ကောင်း၊ သတ်မှတ်လာလတန်းဖိုး၏ ၅ ရာခိုင်နှုန်းကို ကုန်သွယ်လုပ်ငန်း ခွန်အဖြစ် လည်းကောင်း၊ သူတစ်ပါး ထိခိုက်မှုအာမခံ ၁၇၅၀ ကျပ်၊ မော်တော်ဆိုင်ကယ်အမှတ် တရားဝင်မှတ်ပုံတင်ကြေး ၂၂၀ဝ၀ ကျပ်နှင့် ဘဏ်ဆောင်ရွက်ခ ၅၅၀ ကျပ် ပေးသွင်း ရမည်ဖြစ်သည်။

ထို့အပြင် အလှမ်းဝေသည့် နယ်ဒေသများအတွက် ဒေသအုပ်ချုပ်ရေး အဖွဲ့များနှင့် ညှိနှိုင်း၍ နယ်လှည့်လုပ်ငန်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

မော်တော်ဆိုင်ကယ်၏ ထုတ်လုပ်သည့် နိုင်ငံနှင့် ထုတ်လုပ်သည့်ခုနှစ်အပေါ် မူတည်၍ ပေးသွင်းရမည့် အခွန်ငွေများ ကွဲပြားမှုရှိကြောင်းလည်း အထက်ပါ သတင်းစာတွင် ဖော်ပြထားသည်။ ကောက်ယူထားရှိသော မှတ်တမ်းများအရ မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များကို တရားဝင်လိုင်စင်ပြုလုပ်ပေးသည့် စီမံချက်များ ကို ၁၉၉၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ (၈)ကြိမ် ပြုလုပ်ပေးခဲ့ရာ မော်တော်ဆိုင်ကယ်စီးရေ ၂၈၃၃၃၀၉ စီးဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts