spot_img
Tuesday, December 16, 2025
More
    spot_img
    Homeသတင်းမွန်တိုင်းရင်းသားညီလာခံ ကျင်းပမည့်ရက် မသတ်မှတ်နိုင်သေး

    မွန်တိုင်းရင်းသားညီလာခံ ကျင်းပမည့်ရက် မသတ်မှတ်နိုင်သေး

    -

    မွန်အမျိုးသားကွန်ဖရင့်-၂၀၁၃(IMNA)
    မွန်အမျိုးသားကွန်ဖရင့်-၂၀၁၃(IMNA)
    ခတ္တာနန်း – လွန်ခဲ့သည့် စက်တင်ဘာလတွင် ကျင်းပခဲ့သော မွန်အမျိုးသားကွန်ဖရင့်၏ ဆုံးဖြတ်ချက်အရ ယခုနှစ် ဇန်နဝါရီလအတွင်း ပြုလုပ်ကျင်းပမည်ဟု စီစဉ်ထားသည့် မွန်တိုင်းရင်းသားညီလာခံ (Mon National Convention) ကို အခက်အခဲ အမျိုးမျိုးကြောင့် ရက်အကန့်အသတ်မရှိ ရွေ့ဆိုင်းလိုက်ကြောင်း သိရသည်။

    ၂၀၁၃ ခုနှစ် ကွန်ဖရင့်ကျင်းပရေးကော်မတီ ဥက္ကဌ ဒေါက်တာမင်းကြည်ဝင်းက “အမှန်ကတော့ ဒီလမှာပဲလုပ်ဖို့ကို ကွန်ဖရင့်မှာ ဆုံးဖြတ်ထားတာပါ၊ အခက်အခဲတွေကြောင့် ရက်ရွေ့လိုက်ရတယ်” ဟု ပြောသည်။

    မွန်အမျိုးသားညီလာခံ ကျင်းပနိုင်ရေးအတွက် မွန်နိုင်ငံရေးပါတီ ၃ ပါတီတို့မှ ဦးဆောင်ပြုလုပ်ရန် သဘောတူထားသော်လည်း ယခုအချိန်တွင် မွန်နိုင်ငံရေးပါတီများ၏ ပါတီပေါင်းစည်းရေးနှင့် အချို့ပါတီအတွင်း သဘောထားကွဲလွဲနေမှုကြောင့် ကျင်းပရေးကော်မတီဝင်ဖွဲ့စည်းနိုင်ရေး အစည်းအဝေးခေါ်ရန် အခက်အခဲဖြစ်နေရကြောင်း ဒေါက်တာမင်းကြည်ဝင်းက ဆက်ပြောသည်။

    ဒေါက်တာမင်းကြည်ဝင်း က “မွန်အမျိုးသားညီလာခံ မလုပ်တာတော့ မဟုတ်ပါဘူး၊ လုပ်သွားမှာပါ၊ ဘယ်တော့လည်း ဆိုတာကိုတော့ ရက်အတိအကျ ကျနော်တို့မပြောနိုင်သေးဘူး” ဟု ဆက်ပြောသည်။

    မွန်ရေးရာအဖွဲ့ချုပ် MAU အထွေထွေအတွင်းရေးမှူး နိုင်ဟံသာဗွန်ခိုင်းက မွန်အမျိုးသားညီလာခံ ကျင်းပနိုင်ဖို့အတွက် မိမိတို့အနေနှင့် လာမည့် မတ်လအတွင်း ပြုလုပ်နိုင်ရန် ရည်ရွယ်ထားသော်လည်း မွန်ပါတီများညီညွတ်ရေးအခက်အခဲများ ဖြစ်ပေါ်နေလျှင် ထပ်မံရက်ရွေ့ရမည်ဖြစ်ကြောင်း ပြောသည်။

    “ရည်ရွယ်ထားတာက မတ်လမှာပဲ တကယ်လို့ မဖြစ်ရင်လည်း ထပ်ပြီး ရက်ရွေ့ရဦးမှာပဲ၊ မွန်ပြည်သစ်ပါတီ ဘက်ကတော့ ကြိုတင်ပြင်ဆင်မှအနေနဲ့ လုပ်နေပြီး MNLA ကဆိုရင် စာတမ်းတောင် လုပ်ပြီးနေပြီး” ဟု နိုင်ဟံသာဗိုန်ခိုင်က ပြောသည်။

    အဆိုပါမွန်တိုင်းရင်းသားညီလာခံအတွက် မွန်ပြည်သစ်ပါတီနှင့် အခြားသော လူမှုအဖွဲ့အစည်းတို့တွင် စာတမ်းများပြုစုထားကြောင်း သိရသည်။

    ၂၀၁၃ ခုနှစ် စက်တင်ဘာလကုန်ပိုင်းတွင် ကျင်းပခဲ့သည့် မွန်တိုင်းရင်းသားကွန်ဖရင့်တွင် ဆုံးဖြတ်ချက် (၅) ရပ်ချမှတ်နိုင်ခဲ့ရာ (၁) မွန်တစ်မျိုးသားလုံးကိုယ်စားပြုမည့် မွန်အမျိုးသားညီလာခံကြီး တစ်ရပ်ကို လာမည့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပသွားရန်၊ (၂) မွန်တစ်မျိုးသားလုံး စည်းလုံညီညွတ်ရေးကို တည်ဆောက်သွားရန်၊ (၃) အဓွန့်ရှည်သည့် ပြည်ထောင်စုတွင် ငြိမ်းချမ်းရေး ဖော်ဆောင်သွားရန် (က) တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို ရှင်းလင်းစွာ ကြေညာပေးရန်၊ (ခ) ပင်လုံကဲ့သို့သော တိုင်းရင်းသားကိုယ်စားလှယ်များပါဝင်သည့် ညီလာခံတစ်ရပ် အမြန်ဆုံး ကျင်းပသွားရန်၊ (၄) စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရန်အတွက် ၂၀ဝ၈ အခြေခံဥပဒေကို ပြန်လည်ပင်ဆင်ရေသားရန် (သို့မဟုတ်) အသစ်ရေးဆွဲရန်၊ (၅) မွန်ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် ဝိုင်းဝန်လုပ်ဆောင် သွားကြရန် ဖြစ်သည်။

    ထိုကွန်ဖရင့်တွင် စာတမ်း ၈ စောင် တင်ပြခဲ့ပြီး မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမတွင် မွန်ပြည်သစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် မွန်ဒီမိုကရေစီတို့ ဦးစီးကာ မွန်လူမှုအဖွဲ့အစည်းအသီးသီးတို့ဖြင့် ၃ ရက်တိတိ ကျင်းပနိုင်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts