Homeသတင်းဝင်းစိန်တောရကျောင်းကထိန်ပွဲသို့ ထိုင်းဘုရင်မင်းမြတ် ကိုယ်စားလှူဒါန်း

ဝင်းစိန်တောရကျောင်းကထိန်ပွဲသို့ ထိုင်းဘုရင်မင်းမြတ် ကိုယ်စားလှူဒါန်း

-

ဂျူရီချိုင်း – မွန်ပြည်နယ်၊ မုဒုံမြို့နယ် မြောက်ဘက်၊ မြိုင်ကုန်းကျေးရွာရှိ ဝင်းစိန်ဆရာတော်ဘုရားကြီး၏ မဟာဘုံကထိန်ပွဲကို နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကျင်းပခဲ့ရာ ထိုင်းဘုရင်မင်းမြတ်ကိုယ်စား ကိုယ်စားလှယ်အဖွဲ့က အလှူငွေများနှင့်လှူဘွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း ဘုရားဂေါပဂအဖွဲ့မှ သိရသည်။

ဝင်းစိန်တောရဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကေသရထံသို့ ထိုင်းနိုင်ငံဘုရင်မင်းမြတ်၏ကိုယ်စားလှယ်အဖွဲ့မှ ကထိန်သင်္ကန်းကပ်လှူပူဇော်ခဲ့သည့်အပြင် ဘုရားဌာပနာသည့် ကျောက်မျက်ရတနာများနှင့် နန်းတွင်းသုံး ပစ္စည်းအမျိုး ၅ဝ၊ ဘတ်ငွေ ၂၅ သိန်း၊ ပင့်သံဃာ အပါး ၁၆ဝ အား ဘတ်ငွေ ၂ဝဝ ၊ မြန်မာကျပ်ငွေနှစ်သောင်းစီနှင့် သင်္ကန်း တစ်စုံစီကို လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝင်းစိန်ဆရာတော်အား ဆက်ကပ်လှူဒါန်းနေစဉ် (Mudon Media)
ဝင်းစိန်ဆရာတော်အား ဆက်ကပ်လှူဒါန်းနေစဉ် (Mudon Media)
ထို့အပြင် ရဟန်း၊ ကိုရင်၊ သီလရှင် စုစုပေါင်း(၁၀ဝ၀) ပါးအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဧည့်ပရိတ်သတ်များကို စတုဒိတာ ကျွေးမွေးခြင်းဖြင့် လှူဒါန်းခဲ့သည်ဟု ဆိုသည်။

ကထိန်သင်္ကန်းကပ်လှူပွဲသို့ သွားရောက်ခဲ့သူ မုဒုံမြို့မှ တပည့်ဒါယိကာမတစ်ဦးက “ဆရာတော်ရဲ့ ကထိန်ပွဲမှာ ထိုင်းဘုရင့်ကိုယ်စားလှယ်တော်တွေလာရောက်လှူဒါန်းကြတာ သိပ်ကိုထူးခြားပါတယ်၊ လူတော်တော်များတယ်၊ သောင်းနှင့်ချီရှိ တယ်” ဟု ပြောသည်။

ဆရာတော်ဘုရားကြီး၏ ကထိန်ပွဲသို့ ထိုင်းဘုရင်မင်းမြတ်မှ ရဟန်း (၂) ပါး အပါအဝင် ကိုယ်စားလှယ် (၈) ဦး စေလွှတ်ခဲ့သည်ဟု သိရသည်။

ထို့အတူ ထိုင်းနိုင်ငံဖွားမွန်မျိုးနွယ်ဝင်အချို့လည်း ထိုင်းကိုယ်စားလှယ်တော်များနှင့်အတူ လိုက်ပါခဲ့သည်ကို တွေ့ရှိခဲ့ရသည်ဟု ဘုရားဝေယျာဝစ္စလုပ်ကိုင်နေသူ လူငယ်တစ်ဦးက ပြောသည်။

ယင်းလူငယ်က “သူတို့က မွန်စကားကောင်းကောင်းပြောတတ်တယ်၊ ကျောက်တစ်လုံးဆရာတော်ကို ထိုင်းမွန်တွေကလည်းသိသလို ကြည်ညိုကြတယ်လို့ဆိုတာပဲ” ဟု ပြောသည်။

သက်တော် ၉၃ ရှိ ဝင်းစိန်ကျောက်တစ်လုံးဆရာတော် ဘဒ္ဒန္တကေသရသည် အထင်ကရမွန်ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး အကြားအမြင်ပေါက်သည်ဟု ကျော်စောသတင်းရှိသည်။

ဝင်းစိန်ကျောက်တစ်လုံးဆရာတော်ကြီးက ထိုင်းဘုရင်မင်းမြတ်အား ကြွရောက်ဆေးကုသပေးခဲ့သည်ကို အိပ်မက်မြင်မက်၍ ထိုင်းဘုရင်၏ ရောဂါများပျောက်ကင်း ကျန်းမာရွှင်လန်းခဲ့ကြောင်း ပြောဆိုရေးသားမှုများရှိသော်လည်း လွတ်လပ်သောမွန်သတင်းအေဂျင်စီမှ သီးခြားအတည်မပြုနိုင်သေးပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts