Tuesday, March 10, 2026
More
    spot_img
    Homeသတင်းဖက်ဒရယ်ပြည်ထောင်စုပါတီ မှတ်ပုံတင်ရန် ခေါင်းဆောင် ရွေးချယ်ပြီးစီး

    ဖက်ဒရယ်ပြည်ထောင်စုပါတီ မှတ်ပုံတင်ရန် ခေါင်းဆောင် ရွေးချယ်ပြီးစီး

    -

    ခတ္တာနန်း – ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP) တရားဝင် မှတ်ပုံတင်နိုင်ရန်အတွက် အစည်းအဝေးတစ်ရပ်ကို နိုဝင်ဘာလ ၆ ရက်နေ့တွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်ရှိ ပါတီ၏ ရုံး၌ ပြုလုပ်ခဲ့ပြီး ပါတီ၏ (ပ – ဒု) ခေါင်းဆောင်နှစ်ဦးရွေးချယ်ခဲ့ကြောင်း သိရသည်။

    ပါတီမှတ်ပုံတင်ရေးအတွက် ပထမခေါင်းဆောင် ချင်းအမျိုးသား ဒေါက်တာကမ်ကျင်ဒါလ်း Dr. Kan Cin Dal နှင့် ဒုတိယခေါင်းဆောင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဝင်ဟောင်း စောသန်းမြင့်တို့အား ပါတီတည်ထောင်သူကိုယ်စားလှယ် ၁၆ ဦးကိုယ်စား ရွေးချယ်ခဲ့ပြီး ဖြစ်သည်။

    ညီနောင်တိုင်းရင်းသားပါတီ (RFA)
    ညီနောင်တိုင်းရင်းသားပါတီ (RFA)
    စောသန်းမြင့်က “ ပါတီရဲ့ဖွဲ့စည်းပုံ မူဝါဒသဘောထားတွေကို မနေ့ကအချောသတ်ရေးဆွဲပြီးပြီး၊ ဥပဒေပညာရှင်တွေနဲ့ ဆက်ညှိနှိုင်းပြီး အကြံဉာဏ်တွေဆက်ယူရပါမယ်၊ ပြီးရင် ခေါင်းဆောင် ၂ ဦးကနေ ကော်မရှင်ကို ဆက်တင်ပြမယ်” ဟု ပြောသည်။

    ပါတီ၏အလံ၊ အမှတ်တဆိပ်၊ မူဝါဒ သဘောထားများကို ကြိုတင်ရေးဆွဲခဲ့ပြီးဖြစ်သော်လည်း အစည်းအဝေးတွင် အများဆန္ဒအမြင်နှင့် လိုအပ်ချက်များအား ပြန်လည်ဖြည့်စွက်ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

    ထို့အပြင် ညီနောင်တိုင်းရင်းသားပါတီများ၏ အကြံပြုချက်များရယူပြီး ယခုလနောက်ဆုံးပတ်(သို့မဟုတ်) ဒီဇင်ဘာလပထမအတွင်း ပါတီဗဟိုအလုပ်အမှုဆောင်ရွေးချယ်မှုကို ရွေးချယ်ဖွဲ့စည်းသွားမည်ဟုလည်း စောသန်းမြင့်က ပြောသည်။

    ဖက်ဒရယ်ပြည်ထောင်စုပါတီ၏ မွန်ကိုယ်စားလှယ် နိုင်ခင်မောင်က “ပါတီတည်ထောင်လိုသူ ၁၆ ဦးရဲ့ ပထမဆုံး မျက်နှာစုံညီ အစည်းအဝေး ခေါ်တာပါ၊ ပါတီရဲ့ဖွဲ့စည်းပုံစည်းမျဉ်းတွေ၊ သဘောတရားတွေရေးဆွဲပြီးတော့ လိုအပ်တဲ့ပြင်ဆင်မှုပြုလုပ်ပြီးပြီ၊” ဟုပြောသည်။

    ရန်ကုန်မြို့သို့ FUP ဖွဲ့စည်းရေးအစည်းအဝေးတက်ရောက်သူ မွန်ကိုယ်စားလှယ်များတွင် နိုင်ခင်မောင်၊ နိုင်ချမ်းတွဲ့၊ မိမြင့်မြင့်ဝေနှင့် မင်းအွန်စောတို့ ပါဝင်ကြောင်း သိရသည်။

    တိုင်းရင်းသား ၁၆ ဖွဲ့ဖြစ် ဖွဲ့စည်းထားသည့် ဖက်ဒရယ်ပြည်ထောင်စုပါတီကို လွန်ခဲ့သည့် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်က တရားဝင်ပါတီတည်ထောင်ရန် ခွင့်ပြုထားပေးပြီးဖြစ်ကြောင်း တရားဝင်ကြေညာထားပြီးဖြစ်သည်။

    ယခု ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP) သည် ညီနောင်တိုင်းရင်းသား ၁၆ ပါတီကို အခြေခံ၍ ဖွဲ့စည်းထားသည့် ပါတီဖြစ်ကြောင်း ယခုအချိန်တွင် နောက်ထပ် အဖွဲ့ဝင်အဖြစ် ဝင်ရောက်လိုသည့် တိုင်းရင်းသားအဖွဲ့များလည်းရှိကြောင်း သိရသည်။

    ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများ ဝင်းရောက်ယှဉ်ပြိုင်နိုင်ခြင်းမပြုနိုင်ခဲ့သည့် တိုင်းဒေသကြီးများတွင် တိုင်းရင်းသားအားလုံးကိုယ်စားပြုမည့်ပါတီအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီဖြစ်သောကြောင့် ပြည်ခိုင်ဖြိုး၊ NLD၊ တစည ပါတီတို့နှင့် အင်းအားပြိုင်ဆိုင်နိုင်မည့် တိုင်းရင်းသားပါတီဖြစ်လာမည်ဟု တိုင်းရင်းသားခေါင်းဆောင်များက ရည်မှန်းထားလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks