Homeသတင်းယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး ဥပဒေပြဋ္ဌာန်းရန် မွန်ပြည်နယ်လွှတ်တော်သို့ တင်ပြ

ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး ဥပဒေပြဋ္ဌာန်းရန် မွန်ပြည်နယ်လွှတ်တော်သို့ တင်ပြ

-

မင်းလုံး – မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ နိုဝင်ဘာ ၄ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သော ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းစံတင်က မွန်ပြည်နယ်ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေတစ်ရပ်ပြဋ္ဌာန်းနိုင်ရန် တင်ပြခဲ့ကြောင်းသိရသည်။

ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းစံတင်က “ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး ဥပဒေတစ်ရပ်ပေါ်ပေါက်လာဖို့၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကို ဆက်လက်ထိန်းသိမ်းသွားကြဖို့နဲ့ သဘာဝကြောင့်ပဲဖြစ်ဖြစ် လူတွေကြောင့်ပဲဖြစ်ဖြစ် ပျက်ဆီးသွားတဲ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကို ဆက်လက်ထိန်းသိမ်းသွာဖို့ ရည်ရွှယ်ပြီး ဒီဥပဒေကိုရေဆွဲတင်ပြခြင်းဖြစ်တယ်” ဟု မွန်ပြည်နယ်လွှတ်တော်တွင် တင်ပြခဲ့သည်။

မွန်ပြည်နယ်လွှတ်တော် အစည်းအဝေး (GS)
မွန်ပြည်နယ်လွှတ်တော် အစည်းအဝေး (GS)
မွန်ပြည်နယ်သည် သမိုင်းဝင်ခဲ့ရှေးဟောင်းရေမြေဖြစ်ပြီး ခေတ်အဆက်ဆက်ကတင်ကျန်ခဲ့သည့် ရှေးဟောင်းဗိသုကာလက်ရာများနှင့် လက်မှုပညာတို့ကို မွန်ပြည်နယ်အတွင်း၌ နေထိုင်ကြသည့် ပြည်သူလူထုများအားလုံး ဆက်လက်ထိန်သိမ်းသွားသင့်သည်ဟုလည်း မင်းစံတင်က ရှင်းလင်းခဲ့သည်။

ယင်းဥပဒေကိုတင်ပြန်ရန် ရှေးဟောင်းသုတေသနဋ္ဌာနနှင့် အမျိုးသားပြတိုက်မှ တာဝန်ရှိပုဂ္ဂိုဟ်များနှင့် ညှိနှိုင်းတိုင်ပင်ပြီး ဥပဒေရေးဆွဲရေးကော်မတီက မူကြမ်းရေးဆွဲကာ ပြည်နယ်လွှတ်တော်အရေးပေါ် အစည်းအဝေးလွှတ်တော် (၁/၂၀၁၃)၌ တင်ပြခြင်း ဖြစ်သည်။

ယင်းလွှတ်တော်အစည်းအဝေးတွင် (၁)ယဉ်ကျေးမှုအမွှေအနှစ်ထိန်းသိမ်းရေးဥပဒေ၊ (၂) ပြည်နယ်လွှတ်တော် ဆိုင်ရာနည်းဥပဒေကြမ်း၊ (၃) ပုဂ္ဂလိကရေယဉ်များစနစ်တကျ ပြေးဆွဲရေးဥပဒေကြမ်း စသည့်ဥပဒေကြမ်းများ ပြဋ္ဌာန်းနိုင်ရန်လည်း တင်ပြခဲ့ကြောင်း ချောင်းဆုံမြို့နယ်၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

သူက “ကျနော်အဓိကပြောချင်တာကတော့ ဒီဥပဒေကြမ်းတွေကို ပြဋ္ဌာန်းနိုင်ဖို့အတွက် အစိုးရသာမကပဲ ပြည် သူလူထုများပါ အားလုံးဝိုင်းဝန်းပူပေါင်းပြီးအကောင်အထည်ဖေါ်နိုင်ရင်တော့ ဖြစ်လာမှာပါ ” ဟု ပြောသည်။

ပြီးခဲ့သည့်စက်တင်ဘာ နောက်ဆုံးပတ်တွင်ကျင်းပခဲ့သော မွန်ပြည်နယ်လွှတ်တော် ဆဌမအကြိမ်ပုံမှန်အစည်းအဝေးတွင် ပြည်နယ်အတွက်လိုအပ်သည့် စည်ပင်ဥပဒေ၊ ဒေသန္တရစီမံကိန်းဥပဒေ၊ မြေယာခွန်ဥပဒေ၊ ကုန်တင်ကုန်ချဥပဒေ၊ ယစ်မျိုးခွန်ဥပဒေအပါအဝင် ဥပဒေ ၁၇ ခု ပြဌာန်းနိုင်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts