Homeသတင်းလာမည့်ဘဏ္ဍာနှစ်ဘက်ဂျက်ရေးဆွဲရန် မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်း အဝေးကျင်းပ

လာမည့်ဘဏ္ဍာနှစ်ဘက်ဂျက်ရေးဆွဲရန် မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်း အဝေးကျင်းပ

-

ဂျူရီချိုင်း – လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် မွန်ပြည်နယ်ဘက်ဂျက် ရေးဆွဲရေးနှင့်ပတ်သက်၍ ပထမအကြိမ် ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၃) ကို နိုဝင်ဘာလ ၄ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ ပြည်နယ်လွှတ်တော်ခန်းမ၌ ကျင်းပခဲ့သည်။

မွန်ပြည်နယ်လွှတ်တော် (BNA)
မွန်ပြည်နယ်လွှတ်တော် (BNA)
အစည်းအဝေးတွင် မွန်ပြည်နယ်အတွက် ဘက်ဂျက်သစ်ရေးဆွဲရေးဆိုင်ရာများအပြင် ရှေ့ဟောင်း မွန် ယဉ်ကျေးမှုအမွေ အနှစ်ထိန်းသိမ်းရေးဥပဒေ၊ ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေနှင့် ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ဥပဒေများကို အဆိုတင်သွင်းဆွေးနွးခဲ့ကြပြီး လက်ရှိမွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးတို့အနက် တစ်ဦးမှာ ကျန်းမာရေးကြောင့် မတက် ရောက်နိုင်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် မွန်ပြည်နယ်၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင် လိုငွေကျပ်သန်းပေါင်း ၁၄၁၃၈ ဒသမ ၉၅၅ ရှိခဲ့သည့်အတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အတွက် ပြင်ဆင်ရေးဆွဲလိုက်သည့် ငွေစာရင်း၌ လိုငွေကျပ်သန်းပေါင်း ၃ သောင်းကျော် တင်ပြရန် လျာထားကြောင်း မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

သူက “အစည်းအဝေးမှာ ဘက်ဂျက်ဆိုင်ရာကိစ္စတွေကို ဘယ်နေရာမှာသုံးမလဲ၊ ဘယ်လောက်လို ငွေပြမလဲ၊ ဘယ်လောက်ထပ်သုံးဦးမှာလဲ အဲဒါတွေ ကျနော်တို့ အဓိကထားပြီး ဆွေးနွေးခဲ့တယ်” ဟု ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ လမ်းတံတားပြုပြင်ခြင်း၊ အသစ်ဆောက်လုပ်ခြင်းနှင့် အဆောက်အအုံအသစ် များ၊ ရုံးများ တိုးချဲ့ဆောက်လုပ် ရန်ရှိနေသည့်အတွက် မွန်ပြည်နယ်၏ အသုံးစရိတ်မှာ ယခင်နှစ်ထက် လိုငွေထပ်မံထည့်သွင်းရခြင်း ဖြစ်သည်။
ယခုပြင်ဆင်ရေးဆွဲလိုက်သည့် ရသုံးခန့်မှန်းခြေ ငွေစာ ရင်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပေးလိမ့်မည်ဟု ယုံကြည်ကြောင်းလည်း မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

ထို့အတူ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဘက်ဂျက်ရေးဆွဲရေးနှင့်ပတ်သက်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီး တို့တွင်လည်း အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts