spot_img
Tuesday, December 16, 2025
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီ အငြိမ်းစားဗိုလ်မှူးကြီး ကျော်အိန်းကွယ်လွန်

    မွန်ပြည်သစ်ပါတီ အငြိမ်းစားဗိုလ်မှူးကြီး ကျော်အိန်းကွယ်လွန်

    -

    မင်းသုတ – မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်ဟောင်း အငြိမ်းစားဗိုလ်မှူးကြီးကျော်အိန်း အသက် ၈၄ နှစ်သည် ယမန်နေ့ည ၈း၂၀ ခန့်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဒူးရားကျေးရွာနေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန် အနိစ္စရောက်ခဲ့သည်။

    ဗိုလ်မှူးကြီး ကျော်အိန်း(NMSP)
    ဗိုလ်မှူးကြီး ကျော်အိန်း(NMSP)
    ဆွေမျိုးနီးစပ်သူတစ်ဦးဖြစ်သူ နိုင်တင်ရှိန်က “ မနက်ဖြန် အသုဘချမယ်၊ သူ့တပည့်တွေ အသိမိတ်ဆွေတွေကို အကြောင်းကြားထားပြီးပါပြီ၊ ပြည်နယ်ဝန်ကြီးအချို့လာလိမ့်မယ်လို့ ထင်တာပဲ” ဟု ပြောသည်။

    ဗိုလ်မှူးကြီးကျော်အိန်း(ခေါ်) နိုင်ကျော်အိန်းသည် မွန်တော်လှန်ရေးတွင် သူ၏သက်တမ်းတလျှောက်လုံး ဘဝကိုမြှုပ်နှံခဲ့သူတစ်ဦးဖြစ်ပြီး မွန်အမျိုးသားတပ်မတော်၏ စစ်ရေးအကြံပေးအဖြစ် ကွယ်လွန်သည်အထိ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

    သူနှင့်အလွန်ရင်းနှီးသူ နိုင်ဒင်က “ဝင်းကရွာဟောင်းမှာ မွန်ပြည်တော်ပြန်တပ်ဖွဲ့ကတည်းက ကျနော်တို့အတူလက်တွဲခဲ့တယ်၊ တိုက်ခိုက်ရေးမှာ သိပ်ကိုအားထားရတဲ့တပ်မှူးတစ်ဦးပဲ” ဟု ပြောသည်။

    ၁၉၆၀ ခုနှစ်လွန်ကာလ၌ မွန်လက်နက်ကိုင်အဖွဲ့အစည်းတွင် ပြည်တော်ပြန်တပ်ဖွဲ့ လှုပ်ရှားခဲ့ရာတွင် နိုင်ကျော်အုန်း ဦးဆောင်ခဲ့သည်ဟု သိရသည်။

    နောက်ပိုင်း၌ ပြည်တော်ပြန်တပ်ဖွဲ့ကိုဖျက်သိမ်းပြီး နိုင်ရွှေကျင်ဦးဆောင်သော မွန်ပြည်သစ်ပါတီသို့ နိုင်ကျော်အိန်း ဝင်ရောက်ခဲ့သည်။

    ၁၉၈၀ ခုနှစ်နောက်ပိုင်း မွန်ပြည်သစ်ပါတီနှစ်ခြမ်းကွဲသောအခါ နိုင်ရွှေကျင်အဖွဲ့တွင် တပ်မှူးတာဝန် ထမ်းဆောင်ခဲ့သည်။

    ၁၉၈၇ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ ဥက္ကဌများဖြစ်ကြသည့် နိုင်ရွှေကျင်နှင့် နိုင်နလ္လာအဖွဲ့ ပြန်လည်ပေါင်းစည်းသောအခါ ၃၃၃ တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

    ထိုနောက် ၁၉၈၈ ခုနှစ်ကုန်ပိုင်းတွင် မွန်ပြည်သစ်ပါတီ ပထမအကြိမ် ညီလာခံကျင်းပပြီးနောက် ဗဟိုကော်မတီဝင် ရွေးချယ်ခံရပြီး မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗဟိုစစ်ကော်မတီအဖွဲ့ဝင်ဖြစ်ခဲ့ပြီး စစ်ဦးစီးတာဝန်ထမ်းဆောင်ခဲ့သည်။

    ၂၀ဝ၆ ခုနှစ်နောက်ပိုင်းတွင် ပါတီမှ အငြိမ်းစားယူပြီး ဗဟိုစစ်ကော်မတီအကြံပေးအဖြစ် ကွယ်လွန်သည်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးမိဖြူယဉ်နှင့် သမီးတစ်ဦး ကျန်ရစ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts