Homeသတင်းမွန်ပြည်နယ်တွင် ထိုင်းနှင့်စီးပွားရင်းနှီးမြှပ်နှံမှုလုပ်ငန်း အကောင်အထည်ဖော်မည်ဟုဆို

မွန်ပြည်နယ်တွင် ထိုင်းနှင့်စီးပွားရင်းနှီးမြှပ်နှံမှုလုပ်ငန်း အကောင်အထည်ဖော်မည်ဟုဆို

-

ခတ္တာနန်း – အကျိုးတူစီးပွားနှင့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာ လုပ်ငန်းများကို ထိုင်းနိုင်ငံနှင့် ယခုနှစ်မကုန်မှီ စတင်အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း မွန်ပြည်နယ်၊ ကုန်သည်/စက်မှုအသင်း ဥက္ကဌ ဦးလှရှိန်က ပြောသည်။

ထိုင်း-မြန်မာ စီးပွားလုပ်ငန်းရှင်များအမှတ်တရဓါတ်ပုံ(GS)
ထိုင်း-မြန်မာ စီးပွားလုပ်ငန်းရှင်များအမှတ်တရဓါတ်ပုံ(GS)
မွန်ပြည်နယ် ကုန်သည်/စက်မှုအသင်းနှင့် ထိုင်းနိုင်ငံ၊ တာခ်ခရိုင် စီးပွားရေး လုပ်ငန်းရှင်များအသင်းတို့၏ ၃ ရက်တာ တွေ့ဆုံပွဲတွင် အကျိုးတူစီးပွားနှင့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာ နာလည်မှု စာချွန်လွှာကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ဦးလှရှိန်က “ကျနော်တို့ ဒီနှစ်မကုန်ခင် စပြီး အကောင်းအထည်ဖော်သွားမှာပါ၊ ကျနော်တို့ မော်လမြိုင်မှာက စက်မှုကုန်ထုတ် အသေးစားတွေ လုံးဝမရှိခဲ့ဘူး၊ ဒါကြောင့် ထိုင်းနိုင်ငံက အတွေ့အကြုံ ရှိပြီးသားမို့ အကျိုးတူလုပ်ကိုင်ဖို့ကို ဆွေးနွေးညှိနှိင်းထားပါတယ်” ဟု ပြောသည်။

ယင်းလုပ်ငန်းများတွင် စိုက်ပျိုးရေးထုတ်ကုန်များ၊ စာသောက်ကုန်များ၊ ရာဘာထုတ်ကုန်ဖြစ်သည့် သားရေကွင်း၊ ဘောလုံး၊ ဖိနပ်အမျိုးမျိုး၊ စက်ဘီးနှင့် ဆိုင်ကယ် တာယာလုပ်ငန်းများလည်း ပါဝင်မည်ဖြစ်ပြီး ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ၄၉ ရာခိုင်နှုန်းနှင့် မွန်ပြည်နယ်လုပ်ငန်းရှင်များမှ ၅၁ ရာခိုင်နှုန်းတို့ဖြစ် ရင်းနှီးမြှပ်နှံရန်အတွက် သဘောတူထားကြောင်း သိရသည်။

“ဒီလိုရင်းနှီးမြှပ်နှံမှု လုပ်ငန်းတွေ ရှိလာတဲ့အတွက် သားစဉ်မြေဆက် လက်ဆင့်ကမ်းသွားနိုင်မယ်၊ အကောင်အထည်ဖော်နိုင်သလောက် ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေရှိလာမယ်” ဟု ဦးလှရှိန်က ဆက်ပြောသည်။

ယင်းအကျိုးတူစီးပွားရင်းနှီးမြှပ်နှံမှုများကို မော်လမြိုင်မြို့နယ် အတွင်း၌သာ အခြေချ သွားမည်ဖြစ်သည်။

မွန်ပြည်နယ် စက်မှုလက်မှုနှင့်ကုန်သည်ကြီးများအသင်းနှင့် ထိုင်းနိုင်ငံတာခ်ခရိုင် စီးပွားရေးလုပ်ငန်းရှင်များအသင်းတို့ ပူပေါင်းကာ အများပိုင်ကုမ္ပဏီတည်ထောင်၍ ဒေသတွင်း ထွက်ကုန်ရောင်းဝယ်ရေးကိစ္စရပ်များကိုလည်း ညှိုနှိုင်းဆောင်ရွက်ခဲ့ကြသည်။

မော်လမြိုင်မြို့၊ ကမ်နားလမ်း Strand Hotel တွင် ယခုလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ Thai-Myanmar Business Matching ခေါင်းစဉ်ဖြစ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts