spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ငွေရတု အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်

    ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ငွေရတု အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်

    -

    အေမီအောင် – ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအခမ်းအနားကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗန်းရှင်း စင်တာတွင် ၂၅ နှစ်မြောက် သြဂုတ်လ ၆ ရက်မှ ၃ ရက်ကြာ ကျင်းပပြုလုပ်မည်ဟု သိရသည်။

    ရှစ်လေးလုံးအရေးတော်ပုံ သမိုင်းမှတ်တမ်း ဗီဒီယိုကို ပြသ၍ အခမ်းအနားကို စတင်ခဲ့ပြီး ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မင်းကိုနိုင်က အဖွင့်မိန့်ခွန်း စတင်ပြောကြားခဲ့သည်။

    မင်းကိုနိုင် အဖွင့်မိန့်ခွန်းပြောကြားစဉ်(Facebook)
    မင်းကိုနိုင် အဖွင့်မိန့်ခွန်းပြောကြားစဉ်(Facebook)
    ဒီမိုကရေစီအရေးကို ရောက်အောင်သွားမည် ဖြစ်သောကြောင့် တစ်စုတစ်ဖွဲ့ ဦးဆောင်လုပ်ဆောင်ခြင်းမဟုတ်ပဲ ပြည်သူတစ်ရပ်လုံး၊ တိုင်းရင်းသားများအားလုံး ပါဝင်လုပ်ဆောင်သင့်သည်ဟု မင်းကိုနိုင် ကပြောသည်။

    မင်းကိုနိုင်က “၈၈၈၈ စိတ်ဓာတ်ဟာ မတရားရင်မခံဘူး ဖိနှိပ်ချုပ်ချယ်တာတွေ၊ အခွင့်ထူးခံတာတွေကို တွန်းလှန်တာပဲ ၊အဲတာ လူငယ်တွေသိရင်တော်ပြီး၊ ကျန်တဲ့ အပိုင်းသူတို့ရွေးချယ်ပါစေ”ဟု ပြောသည်။

    ရှစ်းလေးလုံး အရေးတော်ပုံတွင် အသက်ပေးဆပ်ခဲ့ရသည့် ရဲဘော်၊ ဒဏ်ရာရခဲ့သည့်ရဲဘော် သက်ရှိထင်ရှားရှိနေသည့်ရဲဘော်များကို ဂုဏ်ပြုမှတ်တမ်းတင်သည့်အနေဖြင့် ငွေရတုအခမ်းအနား ကျင်းပရခြင်းဖြစ်သည်ဟု သိရသည်။

    ယမန်နေ့တွင်ကျင်းပခဲ့သော အဆိုပါအခမ်းအနားကို ၈၈ မျိုးဆက်ကျောင်းသားများ၊ ဒီမိုကရေစီအရေးစိတ်ပါဝင်စားသူများ၊ ဒီမိုကရေစီမိတ်ဆွေ အင်းအားစုများ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ စုစုပေါင်းအင်အား ၃၀ဝ၀ ကျော်ခန့် တက်ရောက်ခဲ့သည်ဟု မွန်ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိမ်းက ပြောသည်။

    နိုင်ငွေသိမ်းက “ သူတို့ဆွေးနွေးတဲ့အစီအစဉ်တွေမှာ (၁) အပစ်အခတ်ရပ်စဲရေး၊ တိုင်းရင်းသားရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်၊ (၂) လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ဖြစ်ပေါ် တိုးတက်မူ၊ (၃) အနာဂတ် ပြည်ထောင်စု၊ (၄) စစ်မှန်သော အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ (၅) မြန်မာ့နိုင်ငံရေးနဲ့ ဒီမိုကရေစီ အင်အားစုများ၏ အခန်းကဏ္ဍ၊ (၆) တိုင်းပြည် ပြန်လည် တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးလို့ အစီအစဉ်မှာ ပါရှိတယ်၊ အားရပါတယ်”ဟု ပြောသည်။

    အလားတူ ရှစ်လေးလုံး အရေးတော်ပုံ ငွေရတုအခမ်းအနားကို မန္တလေးမြို့နှင့် အခြားမြို့ကြီး နေရာအသီးသီးတွင်လည်း ကျင်းပြုလုပ်လျှက်ရှိသည်။

    ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ၈၈၈၈ အရေးတော်ပုံအတွင်း ဗမာ့တပ်မတော်၏ချေမှုန်းပစ်ခတ်မှုကြောင့် တပါတီအာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီရရှိရေးတောင်းဆိုခဲ့ကြသည့် ရဟန်းရှင်၊လူ ၊ ကျောင်းသားနှင့်ပြည်သူများ အသက်ပေါင်း ထောင်နှင့်ချီ၍ ဆုံးရုံးခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks