မင်းလုံး – ဂရုဏာနာစွမ်းရည်အဖွဲ့ကဦးစီး၍ မွန်ပြည်နယ်လူမှုအဖွဲ့အစည်းကွန်ယက် တရားဝင်မှတ်ပုံတင်နိုင်ရန် ပထမအကြိမ်အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသည် ပထမအဆင့်ဖြစ်ပြီး မွန်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်းများစာရင်းကောက်ခံ၍ ကွန်ယက်ဖြစ်မြောက်ရေးအတွက် ယာယီကော်မတီ ၁၂ ဦးဖြင့် ဖွဲ့စည်းထားသည်ဟုလည်း ကိုကြည်ဇော်လွင်က ဆက်ပြောသည်။
ယင်းယာယီကော်မတီသည် လာမည့်စက်တင်ဘာလ ၁ ရက်နေ့တွင် အစည်းအဝေးပြုလုပ်ပြီး မွန်ပြည်နယ်လူမှုအဖွဲ့အစည်းညီလာခံကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ Myanmar Peace Center (MPC) မှ ဦးလှမောင်ရွှေ၊ ဒေါက်တာကျော်ရင်လှိုင်၊ ကိုအောင်နိုင်ဦးနှင့် ကိုညိုအုန်းမြင့်တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ဦးလှမောင်ရွှေက “အရပ်ဖက်လူ့အဖွဲ့အစည်းတွေကနေပြီတော့ ဒီလိုအလုပ်ရုံဆွေးနွေးပွဲတွေလုပ်လာ တယ်၊ အပြန်အလှန်ဆွေးနွေးမှုတွေလုပ်လာကြတယ်၊ အခုဆိုရင်အရင်ကထက်ပိုပြီး စိတ်ဝင်တစားရှိ လာတာကိုတွေ့ရတယ်” ဟု ပြောသည်။
ယင်းအလုပ်ရုံဆွေးနွေးပွဲကို သြဂုတ်လ ၄ ရက်နေ့တွင် မော်လမြိုင်မြို့ Strand Hotel ၌ပြုလုပ်ကျင်းပခဲ့ ပြီး ဂရုဏာစွမ်းရည်အဖွဲ့၊ မွန်ပြည်နယ်ရှိ လူမှုအခြေပြုအဖွဲ့အစည်းများ၊ National Enlightenment Institute -NEI သင်တန်းကျောင်းအဖွဲ့ဝင်မျာ စုစုပေါင်း လူဦးရေ ၁၀ဝ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်လူမှုအဖွဲ့အစည်းကွန်ယက် တရားဝင်ဖြစ်မြောက်ရေးအတွက် ပထမခြေလှမ်းတစ်ရပ် ဖြစ်သည်။