spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ် မြို့များနှင့်အဝေးပြေးလမ်းမကြီး ရေလွှမ်းမိုး

    မွန်ပြည်နယ် မြို့များနှင့်အဝေးပြေးလမ်းမကြီး ရေလွှမ်းမိုး

    -

    မွန်ပြည်နယ်အဝေးပြေးလမ်းမကြီးရေလွှမ်းခဲ့ပုံ(Facebook)
    မွန်ပြည်နယ်အဝေးပြေးလမ်းမကြီးရေလွှမ်းခဲ့ပုံ(Facebook)
    မင်းလုံး၊ ခတ္တာနန်း – ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မွန်ပြည်နယ်အတွင်းရှိ မြို့ပေါ်များနှင့် အဝေးပြေးလမ်းမကြီး ပေါ်ရေလွှမ်းမိုးကြောင့် ခရီးသွားလာရေး ခက်ခဲနှောက်နှေးနေကြောင်း သိရသည်။

     ” ဒီရက်ပိုင်းမှာ ရေးမြို့ဘက်ကို သွားတဲ့ကားတွေ ခဏရပ်နားထားရတယ်၊ လမ်းမပေါ်ရေလွှမ်းလို့ သံဖြူဇရပ်-မော်လမြိုင်-ရန်ကုန်တော့ အခြေအနေကြည့်ပြီး သွားနေရတယ်၊အချို့နေရာ ရေလွှမ်းရေကျချိန်အထိ စောင့်နေရတယ်” ဟု တလမွန် သယ်ယူပို့ဆောင်ရေးမှ ဂိတ်မှူးတစ်ဦးက ပြောသည်။

    မော်လမြိုင်- ရေးကားလမ်းမှာလည်း အချို့လမ်းနေရာရေလွှမ်းမိုး၍ ကားပြေးဆွဲမှု မကြာခဏတန့်နေရကြောင်း ၎င်းကဆက်ပြောသည်။

    မုဒုံမြို့အဝင် ကျုံဖိုက်တံတားတွင်လည်း ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့သည့်အတွက် ယာဉ်အသွားအလာရပ်တန့်မှု ဖြစ်ပေါ်ခဲ့သည်။

    မုဒုံမြို့နယ်၊ ရောင်းဒေါင်းကျေးရွာခံတဦးကလည်း “ ရောင်းဒေါင်းနဲ့ နှီးပဒေါကြား တံတားရေကျော်နေတယ်၊ တစ်ခါတစ်လေ နေ့ဝက်လောက် ယာဉ်အသွားအလာစောင့်ဆိုင်းရတာလည်းရှိတယ်၊ နာရီပိုင်းနဲ့ စောင့်ရတာလည်းရှိတယ်” ဟု ပြောသည်။

    ထိုကျေးရွာရှိ ကျေးရွာလူမှုအဖွဲ့များသည် အလှည့်ကျစနစ်ဖြစ် ခရီးသွားယာဉ်များ တံတားဖြတ်သန်းနိုင်ရန် အကူအညီပေးနေကြောင်း သိရသည်။

    သံဖြူဇရပ်မြို့ခံ ရာဘာအဝယ်ဒိုင် ကိုစိုးအောင်က “ကျနော်တို့ ဆိုင်ဆိုရင် ရေတွေဝင်တယ်၊ မြို့ထဲက လမ်းမကြီးတွေမှာလည်း ရေမြုပ်တယ်၊ သံဖြူဇရပ် အောက်ဈေးလည်း ရေတွေလွှမ်းနေတယ်၊ တစ်ချို့ ရပ်ကွက်တွေဆိုရင်လည်း မြုပ်တာ တွေ ရှိတယ်” ဟု ပြောသည်။

    ကိုစိုးအောင်က သံဖြူဇရပ်မြို့တွင် နေထိုင်သည့်သက်တမ်း ၂၀ နှစ်အတွင်း ယခုကဲ့ ရေလွှမ်းမှုမျိုးမတွေ့ဖူးကြောင်း၊ မြို့ပေါ်ရှိ ရပ်ကွက်များတွင်လည်း ရေများလွှမ်းမိုးနေကြောင်း ဆက်ပြောသည်။

    အလားတူ ရေးမြို့တွင်လည်း မြို့ပေါ် ရပ်ကွက်အချို့ ရေလွှမ်းမိုးမှုကြောင့် ကယ်ဆယ်ရေး စခန်း ၄ ခုဖွင့်လှစ်ထားကြောင်းနှင့် ရေဘေးသင့်သူစုစုပေါင်း (၉၄၅) ဦးခန့်ရှိကြောင်း ရေးတော်ဝင် ဖေ့ဘွတ်သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

    ထို့အတူ ဘီးလင်းမြို့နယ်အတွင်း ရေလွှမ်းမိုးခဲ့ပြီး အိမ်ထောင်စု ၄၀ဝ နီးပါးခန့်အတွက် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိသည်ဟု သိရသည်။

    ထိုရေဘေးသင့် ပြည်သူများအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးဌာနမှ စားစရာများနှင့် ဆေးဝါးများ လာရောက် လှူဒါန်းခဲ့ကြောင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးလျှက်ရှိသည်။

    ထိုအဝေးပြေးလမ်းမကြီးသည် ရန်ကုန် – မော်လမြိုင်- ရေး- ထားဝယ်မြို့များအား ဆက်သွယ်ထားသော အဓိကလမ်းမကြီး၏ တစ်ခုတည်းသောအစိတ်အပိုင်းလည်း ဖြစ်သည်။

    မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာထွန်းလွင် ၏ တပတ်အတွင်း မိုးလေဝသခန့်မှန်ချက်တွင်လည်း မြန်မာနိုင်ငံတဝှမ်းလုံးတွင် မိုးတိမ်များ ဖြစ်နိုင်သည့် အခြေအနေများကြောင်း၊ အထူးသဖြင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းများတွင် မိုးတိမ်ဖြစ်နိုင်ခြေမှာ ၆၀ ရခိုင်နှုန်းခန့်ရှိကြောင်းနှင့် ထိုဒေသများတွင် ၂၄ ရက်နေ့မှ စ၍ တစ်ပတ်အတွင်း နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ကြောင်း ခန့်မှန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks