Homeသတင်းမွန်တိုင်းရင်းသားလူငယ်များ ထိုင်းနိုင်ငံမြန်မာသံရုံရှေ့တွင်ဆန္ဒပြ

မွန်တိုင်းရင်းသားလူငယ်များ ထိုင်းနိုင်ငံမြန်မာသံရုံရှေ့တွင်ဆန္ဒပြ

-

ခတ္တာနန်း – တိုင်းရင်းသားလက်နက်ကိုင်များအပေါ် အပစ်အခတ်ရပ်စဲမှုကတိမတည်သော မြန်မာစစ်တပ်အား ကန့်ကွက်ရှုံ့ချသည့်အခမ်းအနားတစ်ရပ်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ယနေ့ နံနက် ၉ နာရီခန့်၌ မွန်လူငယ်များ ဆန္ဒပြကြသည်။

ဆန္ဒပြပွဲအခမ်းအနား(IMNA)
ဆန္ဒပြပွဲအခမ်းအနား(IMNA)

“ တိုင်းရင်းသားဒေသ ထိုးစစ် -ချက်ချင်းရပ် – ပြည်တွင်းစစ်- အလိုမရှိ၊ လိမ်ညာနေသည့် ငြိမ်းချမ်းရေးဖော်ဆောင်မှု – အလိုမရှိ” စသည့် ကျွေးကြော်သံများဖြင့် တစ်နာရီခန့်အကြာ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

ယခုလ ၁၆ ရက်နေ့တွင် တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ သုမင်္ဂလံရွာရှိ မွန်ပြည်သစ်ပါတီတပ်စခန်းအား မြန်မာစစ်ကြောင်း ဝင်ရောက်ပစ်ခတ်ခဲ့သည့်အတွက် မွန်ပြည်သစ်ရဲဘော် ၂ ဦးကျဆုံးခဲ့ရသည်။

ထို့အပြင် ခွင့်ပြန်မွဲရဲဘော်နှင့် ဇနီးသည်တို့အား မြန်မာစစ်တပ်က နှစ်ပတ်ကြာ ဖမ်းဆီးခေါ်ဆောင်ထားသည့်အပြင် နောက်ထပ်ရဲဘော်တစ်ဦးကိုလည်း ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်။

အဆိုပါ စစ်ဆင်မှုတွင် မွန်ပြည်သစ်ပါတီအလံကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆန္ဒပြသူများက ထောက်ပြသည်။

ဆန္ဒပြပွဲအခမ်းအနား(IMNA)
ဆန္ဒပြပွဲအခမ်းအနား(IMNA)

ဆန္ဒပြဦးဆောင်သူ မင်းလယီထောက “လက်ရှိ အစိုးရလုပ်နေတဲ့ငြိမ်းချမ်းရေးလုပ်ငန်စဉ်တွေကို ကျနော်တို့သံသယဖြစ်နေတယ်၊ စစ်တပ်ကလုပ်နေတာတစ်မျိုး အစိုးရပြောတာတစ်မျိုးဖြစ်နေတယ်” ဟု ပြောသည်။

သမ္မတဦးသိန်းစိန်သို့လိပ်မူပြီး တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲထားသော်လည်း မြန်မာအစိုးရ ကတိမတည်ကြောင်း၊ နိုင်ငံရပ်ခြားရောက် မွန်တိုင်းရင်းသားများအနေဖြင့် ပြည်တော်ပြန်လာရမည့်အရေးစိုးရိမ်မိကြောင်း ယနေ့ဆန္ဒပြမွန်လူငယ်များ အိပ်ဖွင့်ပေးစာတစ်စောင်ကို မြန်မာသံရုံးသို့ ပေးပို့ခဲ့သည်ဟုလည်း သိရသည်။

မြန်မာစစ်တပ်ဖမ်းဆီးခံထားသော မွန်ပြည်သစ်တပ်ဖွဲ့ဝင်များအခြေအနေနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီမှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်း မရှိပေ။

မွန်ပြည်သစ်ပါတီနှင့် မြန်မာအစိုးရ အပစ်ရပ်စဲမှုအပြီး ထိုင်းနိုင်ငံရောက် မွန်လူငယ်များ၏ ပထမအကြိမ်ဆန္ဒပြပွဲဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts