Homeသတင်းမော်လမြိုင် ရာမညရဌ မွန်ဗုဒ္ဓတက္ကသိုလ်၌ အင်္ဂလိပ်စာနှင့် ကွန်ပျူတာ ၃ လသင်တန်း ဖွင့်လှစ်မည်

မော်လမြိုင် ရာမညရဌ မွန်ဗုဒ္ဓတက္ကသိုလ်၌ အင်္ဂလိပ်စာနှင့် ကွန်ပျူတာ ၃ လသင်တန်း ဖွင့်လှစ်မည်

-

မင်းလုံး – မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်၊ ရှင်စောပုလမ်းရှိ ရာမညရဌ မွန်ဗုဒ္ဓတက္ကသိုလ်၌ အင်္ဂလိပ်စာနှင့် ကွန်ပျူတာ ကျွမ်းကျင်မှု သင်တန်းကို ဇူလိုင်လ ၂၅ ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဟု သိရသည်။

အဆိုပါသင်တန်းသည် ဓမ္မာစရိယအောင်သံဃာတော်များ အင်္ဂလိပ်စာနှင့်ကွန် ပျူတာပညာများတတ်ကျွမ်းရန်၊ နိုင်ငံခြားပညာတော်သင်သွားလျှင် International Language တစ်ခုကိုပိုင်နိုင်စွာအသုံးချနိုင်ရန်နှင့် တက္ကသိုလ်ဝင်တန်းရောက် ကျောင်းသူ/သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းများရရှိစေရန် ရည်ရွယ်ထားသည်ဟု သိရသည်။

သင်တန်းသားအရေအတွက်ကန့်သတ်ချက်အရ ၃ လကြာသင်တန်းတက်ခွင့်လျောက်လွှာများကို ဇူလိုင်လ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး လျောက်ထားနိုင်ကြောင်း သင်တန်းဆရာ မင်းအာကာဇော်က ပြောသည်။

သူက “ကန့်သက်ထားတယ်ဆိုတာက အရင်လာတဲ့သူကိုဦးစားပေးတဲ့သဘောပါပဲ၊ ကျနော်တို့လက်ခံတာနှစ်မျိုး ရှိတယ် ဓမ္မာစရိယအောင်ပြီးသားဘုန်းတော်ကြီးတွေနဲ့ ၁၀ တန်းကျောင်းသားတွေ၊ အမျိုးသမီး အမျိုးသားမရွေးပါ၊ သင်တန်းမှာညအိပ်ညနေမပေးပါဘူး စာသင်ချိန်မှာလာရောက်ပြီး သင်ယူတဲ့စနစ်ပါ” ဟုပြောသည်။

ယင်းသင်းတန်းတွင် လာရောက်ပို့ချသည့် ဆရာများသည် ဆရာတော်အရှင်မဟာသာရ နှင့် English International School မှ ဆရာအာကာဇော်တို့ ဖြစ်ကြပြီး သင်တန်းသားတစ်ဦးလျှင် သင်တန်းကြေး ငွေကျပ် ၃ သောင်း သတ်မှတ်ထားကြောင်း သိရသည်။

“သင်တန်း ၃ လအတွက် တစ်ယောက် ၃ သောင်းသတ်မှတ်ထားတာပါ၊ တကယ်လို့ သင်တန်းသားအနေနဲ့ သင်တန်းကိုပုံမှန်လဲတက်တယ်၊ စာတွေလဲပုံမှန်လုပ်သွားတယ်၊ ထူးချွန်ရင်တော့ ကျနော်တို့က သင်တန်းခ ၃ သောင်းကို သူတို့ရဲ့ပညာသင်စရိတ်အဖြစ် ပြန်ပြီးထောက်ပံ့သွားမှာဖြစ်တယ်” ဟု မင်းအာကာဇော်က ဆက်ပြောသည်။

ဓမ္မကထိကမွန်အသျှင်သီလစာရ ဦးဆောင်၍ ရာမညရဌမွန်ဗုဒ္ဓတက္ကသိုလ်ကို ယမန်နှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းများ သင်ကြားပို့ချပေးခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts