spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းရေးမြို့တွင် စိတ်ကြွဆေးပြားများဖမ်းဆီးမိ

    ရေးမြို့တွင် စိတ်ကြွဆေးပြားများဖမ်းဆီးမိ

    -

    မင်းသုတ – ရေးမြို့၊ အောင်မင်္ဂလာရက်ကွက်အတွင်း စိတ်ကြွဆေးပြားရောင်းချသူ ၂ ဦးကို ယခုလ ၂ ရက်နေ့ ညပိုင်းတွင် ဆေးပြားအပါအဝင် ရောင်းချငွေများနှင့်အတူ လက်ဝယ်ဖမ်းဆီးရမိကြောင်း ရေးမြို့မရဲစခန်းမှ သိရသည်။

    ၂၀၁၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါးနှင့် ဆက်နွယ်၍နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းရမိခဲ့သောစာရင်း(ရဲဇာနည်)
    ၂၀၁၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါးနှင့် ဆက်နွယ်၍နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းရမိခဲ့သောစာရင်း(ရဲဇာနည်)
    တရားခံတွေနှင့်အတူ ဖမ်းဆီးရမိမူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား အောင်မင်္ဂလာနှင့် အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူးများ ရှေ့မှောက်တွင်
    စစ်ဆေးသိမ်းဆည်းခဲ့သည်ဟုလည်း တာဝန်ကျရဲအရာရှိက ပြောသည်။

    ရဲအရာရှိက “လက်ရှိ တရားခံနှစ်ဦးကို သက်သေပစ္စည်းတွေနဲ့အတူဖမ်းဆီးရမိတယ်၊ သူတို့ရဲ့ကွင်းဆက်တွေကိုလည်း ဆက်လက်ဖော်ထုတ်နေတုန်းပဲ” ဟု ပြောသည်။

    တရားခံဟု ယူဆခံရသူ ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်နေ ကိုမင်းမင်းစိုး(၂၅)နှစ် (ဘ)ဦးစိုးဝင်း၊ ဝေယံချစ်(ခ)ကိုကာ(၂၂)နှစ်(ဘ)ဦးမြချစ်တို့အား ၄င်းတို့စီးနင်းလိုက်ပါလာသော ဆိုင်ကယ်ကိုတားဆီးစစ်ဆေးရာမှ ဆိုင်ကယ်ဘောက်အတွင်း စိတ်ကြွဆေးပြား(၁၉)ပြားနှင့်အတူ ငွေကျပ် ၅၁၀ဝ၀ိ/- ကို ဖမ်ဆီးရမိခဲ့ခြင်း ဖြစ်သည်။

    အလားတူ ပြီးခဲ့သည့် ဇွန်လ ၂၇ တွင်လည်း သံဖြူဇရပ်မြို့၊ အောင်ကုသိုလ်ရပ်ကွက်တွင်(၆)လမ်းနေ မင်းစိုးအောင်၏ နေအိမ်ကိုရှာဖွေရာ အိပ်ခန်းအတွင်းမှ WY စားတန်းပါ (၈) ပြား အပါအဝင် ရောင်းချငွေ(၅၀ဝ၀ဝ)ကျပ်နှင့်အတူ ဆေးဝါးသုံးစွဲရာတွင် အသုံပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့သည်ဟု အဆိုပါရဲစခန်းမှ သိရသည်။

    ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲတွင်လည်း တန်ဖိုးငွေကျပ် ၉၄ သိန်းခန့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့သည့်ဖြစ်ရပ်များ ရှိခဲ့သည်။

    မွန်ပြည်နယ်လူငယ်ထုများအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုသည် စိုးရိမ်စရာဖြစ်လာနေသည့်အတွက် မြန်မာအစိုးရအနေဖြင့် ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းပေးရန် မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်းက ပြီးခဲ့သည့်လတွင် အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

    မွန်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း စိတ်ကြွဆေးပြား ၁၀,ဝ၁၅ ပြား၊ ဆေးခြောက် ၂ ဒဿမ ၃၀ ကီလိုဂရမ်၊ မူးယစ်ဆေးဝါးအမှု ၁၉ မှုနှင့် တရားခံ ၂၉ ဦးတို့ကို ဖမ်းဆီးရမိသည်ဟု မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတစ်ရပ်၌ အစီရင်ခံခဲ့သည်ဟု သိရသည်။

    မြန်မာနိုင်ငံတစ်ဝန်း၌ လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါးနှင့် ဆက်နွယ်၍နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းရမိခဲ့သော ငွေကြေး/ပစ္စည်းတန်ဘိုးမှာ ငွေကျပ်သိန်း ၁၃၀ဝ၀-ကျော်ရှိသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ Facebook တွင် သတင်းထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks