spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့မဈေး ပြန်လည်တည်ဆောက်နေပြီ

    သံဖြူဇရပ်မြို့မဈေး ပြန်လည်တည်ဆောက်နေပြီ

    -

    အေမီအောင် – မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် မီးလောင်ကျွမ်းခဲ့သည့် မြို့မဈေးကြီးအား မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရွှေဖူးကုမ္မဏီက အသစ်ပြန်လည်တည်ဆောက်နေပြီ ဖြစ်သည်။

    သံဖြူဇရပ်မြို့မဈေးရှေ့မြင်ကွင်း(သံဖြူဇရပ် Facebook)
    သံဖြူဇရပ်မြို့မဈေးရှေ့မြင်ကွင်း(သံဖြူဇရပ် Facebook)
    အဆိုပါ ဈေးသစ်ကြီးကို ဇွန်လ ၂ ရက်နေ့တွင် စတင်ပန္နက်ချ၍ တစ်ထပ်သံဖရိမ် အမိုးအောက်အခင်း သံထည်ဖြင့် ယခင်ပုံစံတစ်ထပ်ဈေးကြီးအား ၄ လအပြီး ဆောက်လုပ်သွားမည်ဟု သံဖြူဇရပ်စည်ပင်သာယာရေးရုံးမှ သိရသည်။

    “ဈေးတည်ဆောက်မှု ၈၀ ရာခိုင်နှုန်းပြီးစီးရင် အရစ်ကျ ၆ ကြိမ်ငွေပေးသွင်းရမယ်၊ ဆိုင်ခန်းတစ်ခန်းကို တန်ဖိုးဘယ်လောက်သတ်မှတ်ထားတာတော့ မကြားမိသေးဘူး” ဟု မီးလောင်ခံ ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်မြင့် လာရောက်စဉ်က ဈေးသစ်ကြီးတည်ဆောက်ရန် စုစုပေါင်း ကုန်ကျစရိတ်ကို ငွေကျပ်သိန်းပေါင်း ၁၃၂၀ဝ (တစ်သောင်းသုံးထောင့်နှစ်ရာ) ကုန်ကျခံကာ တည်ဆောက်သွာမည်ဟု ပြောကြားသွားခဲ့သည်ဟုလည်း ယင်းဈေးဆိုင်ပိုင်ရှင်က ဆက်ပြောသည်။

    သို့ရာတွင် မြို့ခံရွှေဆိုင်ပိုင်ရှင်တစ်ဦးက “ရွှေဖူးကုမ္ပဏီက တစ်ဆိုင်ကို ၂၂ သိန်းခွဲနဲ့ ဆိုင်ခန်းပေါင်း ၅၉၂ ခန်းအတွက် ၁၃၃၂၀ သိန်းနဲ့ လေလံရတာပါတဲ့၊ ဈေးကိုလေးလအပြီးလို့ ပြောပေမယ့် အခုဝင်းခတ်ထားပီးဘာမှမလုပ်ရသေးပါ၊ စည်ပင်ကဆိုင်ရှင်တစ်ဦး ၂၂သိန်းစီ တစ်နှစ် ၁၇ %အတိုးနဲ့ ချေးပေးပါတယ်၊ ယူတဲ့လူလည်းယူတယ်၊ မယူတဲ့သူလည်းမယူဘူး” ဟု ပြောသည်။

    မီးလောင်ကျွမ်းခဲ့သည့် မြို့မဈေးကြီး အသစ်ပြန်လည်တည်ဆောက်နေစဉ် သံဖြူဇရပ်မြို့လယ်၊ နာရီစင်အနီးပန်းခြံရှိ လက်ရှိယာယီဈေးတွင် ဆိုင်ခန်း ၃၂၄ ခန်း ဆက်လက်ထားရှိမည်ဟု သိရသည်။

    “ယာယီဈေးမှာရောင်းရတာ ဆိုင်ခန်းကကျဉ်းတော့ အဆင်မပြေပါဘူး၊ ဒီဈေး မြန်မြန်ပြီးစေချင်တယ် ဒီဈေးပြီးမှ ကိုယ့်အလုပ်ကိုယ်ပြန်လုပ်ရမယ်”ဟု မိဘမေတ္တာ VCD ခွေအရောင်းဆိုင်ပိုင်ရှင်က ပြောသည်။

    သံဖြူဇရပ်မြို့မဈေးကြီးသည် ဇန်နဝါရီလ ၁၈ ရက်မှ ၁၉ ရက်နေ့ကူးချိန်အထိ မီးလောင်မှုဖြစ်ပွားခဲ့ရာ ပြာပုံအတိသာကျန်ရှိခဲ့ပြီး ဒေသခံမွန်တိုင်းရင်းသားတို့၏ ရငွေကျပ်သိန်းသန်းပေါင်းသန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။

    ထိုမီးလောင်မှုတွင် လျှပ်စစ်ပစ္စည်း ၂၇ ဆိုင်၊ ရွှေဆိုင် ၉၅ ဆိုင်၊ ကုန်စုံဆိုင် ၄၁ ဆိုင်၊ အထည်အလိပ်၂၁၅ ဆိုင် နှင့် အခြားပစ္စည်းအမျိုးစုံရောင်းချသော ဆိုင်ခန်းပေါင်း ၆၀ဝ နီးပါးဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks