spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းအဖမ်းခံမွန်လူငယ် ၁၁ ဦးအနက် ၆ ဦးအာမခံရ

    အဖမ်းခံမွန်လူငယ် ၁၁ ဦးအနက် ၆ ဦးအာမခံရ

    -

    အေမီအောင် – မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ရိုဂိုးရွာ၌ ပြီးခဲ့သည့် သင်္ကြန်နှစ်ဆန်း ၁ ရက်နေ့တွင် တာဝန်ကျရဲများနှင့် ဒေသခံမွန်လူငယ်တို့ ရိုက်ပွဲဖြစ်ကြသဖြင့် အဖမ်းခံခဲ့ရသော မွန်လူငယ် ၁၁ ဦးအနက် ယခုအခါ ၆ ဦး အာမခံရခဲ့သည်ဟု မွန်လူငယ်ဖိုရမ် Mon Youth Forum (MYF) တာဝန်ခံ မင်းဉာဏ်စိုက်ရာမာန် ကပြောသည်။

    သင်္ကြန်ပွဲတော်နွှဲပျော်ကြသောမွန်လူငယ်တစ်စု(Facebook)
    သင်္ကြန်ပွဲတော်နွှဲပျော်ကြသောမွန်လူငယ်တစ်စု(Facebook)
    ယင်းအာမခံရခဲ့သည့် ထက်မင်းစံ၊ အောင်စိုးမိုး ၊ပညာအောင် ၊အောင်ဇော်ထက်၊ ရန်နိုင်နှင့် မင်းဖြိုး တို့သည် အသက် ၁၈နှစ်အောက်လူငယ်များဖြစ်သည်ဟု သူကပြောသည်။

    မင်းဉာဏ်စိုက်က “ကျန် ၅ ဦးကိုတော့အာမခံ မရနိုင်တဲ့ပုဒ်မနဲ့တရားစွဲထားတယ်လို့ယူဆရပါတယ်” ဟု ပြောသည်။

    အာမခံမရသော လူငယ် ၅ ဦးကို မော်လမြိုင်အချုပ်ထောင်တွင် ထားရှိသည်ဟု သိရသည်။

    အမည်မဖေါ်လိုသော ဥပဒေဝန်ထမ်းတစ်ဦးက “ပြည်သူ့ဝန်ထမ်းအား တာဝန်ဝတ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိအလိုလျှောက်နာကျင်စေမှု ပုဒ်မ ၃၃၂ ဆိုရင် အာမခံရနိုင်တယ်၊ ပြည်သူ့ဝန်ထမ်းအား တာဝန်ဝတ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန်မိမိအလိုလျှောက်အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၃၃ ဆိုရင်တော့ လုံးဝအာမခံပေးခွင့်မရှိပါ၊ ဒီခလေးတွေမှာက နောက်တစ်မှုရှိသေးတယ် လက်နက်လုယက်မှုပေါ့” ဟု ပြောသည်။

    အကယ်၍ ပြစ်မှုထင်ရှားလျှင် ပုဒ်မ ၃၃၂ အရ ထောင်ဒဏ် ၃ နှစ်(သို့မဟုတ်) ငွေဒဏ်(သို့မဟုတ်) ထောင်ဒဏ်နှင့်ငွေဒဏ်၊ ပုဒ်မ ၃၃၃ အရ တောင်ဒဏ် ၁၀ နှစ်(သို့မဟုတ်) ငွေဒဏ်(သို့မဟုတ်) ထောင်ဒဏ်နှင့်ငွေဒဏ် ကျခံနိုင်သည်ဟု ပြစ်မှုဆိုင်ရာဥပဒေ(ရာဇသတ်ကြီး)တွင် ဖေါ်ပြထားသည်။

    သင်္ကြန်နှစ်ဆန်း ၁ ရက်နေ့ မော်လမြိုင်မြို့နယ်၊ ရိုဂိုးဘုရားပွဲတော်တွင် မွန်အလံငယ်များ ချိတ်ဆွဲထားသော မော်တော်ဆိုင်ကယ်စီးမွန်လူငယ် ၆၀ ဦးခန့်ထံမှ လုံခြုံရေးတာဝန်ကျ ရဲများအလံကိုသိမ်းဆည်းဆုတ်ဖြဲရာမှ နှစ်ဖက်အချေအတင်စကားများကြပြီး အပြန်အလှန် ရိုက်နှက်ထိုးကြိတ်မှုဖြစ်ပွားခဲ့ရာ ရဲများဒဏ်ရာရရှိခဲ့သည့်အပြင် ခြောက်လုံးပြူးတစ်လက်လည်း ပျောက်ဆုံးခဲ့သည်။

    ထို့နောက် ရပ်မိရပ်ဖများနှင့် အပြန်အလှန်ညှိနှိုင်းမှုဖြင့် ရဲခြောက်လုံးပြူးကို သက်ဆိုင်ရာသို့ ပြန်လည်အပ်နှံပေးခဲ့ပြီးဖြစ်သည်။

    လာမည့် မတ်လ ၂၀ ရက်နေ့တွင် စွဲချက်တင်ထားသောပုဒ်မများကို မော်လမြိုင်ခရိုင်တရားရုံးက စတင်ကြားနာမည်ဟု သိရသည်။

    ယင်းတရားစွဲဆိုခံထားရသော မွန်လူငယ် ၁၁ ဦးတွင် အသက် ၁၈ နှစ်အောက်လူငယ် ၈ ဦးပါဝင်ပြီး ရဲစခန်း၌ဖမ်းဆီးချုပ်နှောင်ထားစဉ် ညှင်းပမ်းနှိပ်စက်မှုခံခဲ့ရသည်ဟု မွန်လူငယ်ဖိုရမ် Mon Youth Forum (MYF) က ပြောသည်။

    မွန်လူငယ်များအပေါ် တရားစွဲဆိုထားသော ပုဒ်မ ၃၃၃ သည် တရားမျှတမရှိကြောင်း၊ လူငယ် ၁၁ ဦးအား ခြွင်းချက်မရှိလွှတ်ပေးရန်နှင့် မွန်အလံဆုတ်ဖြဲဖျက်ဆီး၍ပဋိပက္ခဖန်တီးသူ ဒုရဲအုပ်မြင့်နိုင်အား တရားဥပဒေအရ ထိရောက်စွာအရေးယူပေးရန် မွန်လူငယ်ဖိုရမ်က ယခုလ ၆ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန် တောင်းဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks