Home သတင်း တိုင်းရင်းသားပါတီများနှင့် UNFC မှ လုပ်ငန်းဖော်ဆောင်ရေး အဖွဲ့ WGEC တို့နှင့် တွေ့ဆုံ

တိုင်းရင်းသားပါတီများနှင့် UNFC မှ လုပ်ငန်းဖော်ဆောင်ရေး အဖွဲ့ WGEC တို့နှင့် တွေ့ဆုံ

ခတ္တာနန်း – တိုင်းရင်းသားအရေး နှင့် ငြိမ်းချမ်းရေး လုပ်ငန်းများ ဖော်ဆောင်ရာတွင် ညီညွတ်သော တိုင်း ရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့်အတူ တိုင်းရင်းသား ပါတီများနှင့် အတူ တကွလက်တွဲ ဖော်ဆောင်နိုင်ရန်အတွက် ရည်ရွယ်ချက်ဖြစ် ယခုလ ၂၂ ရက်နေ့တွင် တွေ့ဆုံမှုတရပ် ပြုလုပ်ခဲ့ကြသည်။

UNFC မှ လုပ်ငန်ဖော်ဆောင်ရန်အတွက် ဖွဲ့စည်းထားသည့် WGEC (working Group for Coordinating) နှင့် ၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသား ပါတီများနှင့် တွေ့ဆုံးမှုတပ်ရပ် ပြု လုပ်ခဲ့ကြောင်း UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

နိုင်ဟံသာက “ နိုင်ငံရေး ဆွေးနွေတဲ့အခါကျရင် တိုင်းရင်းသားအားလုံး တစ်စုတစည်းထဲ ဖြစ်စေ ချင်တယ်၊ တစ်မျိုးထဲ တစ်သံထဲ ဖြစ်စေချင်တဲ့ အတွက်ကြောင့် အခုလို WFEC နဲ့ တိုင်းရင်း သား ပါတီတွေနဲ့ တွေဆုံကြတာပါ” ဟု ဆက်ပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးလှစောက အဓိက အနေနှင့် UNFC ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များ ၊ ငြိမ်းချမ်းရေး မူဘောင်တွေများနှင့် ၎င်းတို့ ခရီးမည်မျှ ရောက်နေကြောင်း မည်သို့ ရှေ့ဆက်မည့် အကြောင်း စသဖြင့် ရောက်လာတဲ့ ခေါင်းဆောင်တွေက ရှင်ပြကြကြောင်း၊ မိမိတို့ အနေနှင့် မရှင်းသည်များနှင့် သိသင့် သိထိုက်သည့် မေးခွန်များကို မေမြန်ခဲ့ကြောင်း ပြောသည်။

ဦးလှစောက “နောက်ပြီး ၂၀၁၅ မတိုင်မှီမှာ တိုင်းရင်းသား ပေါင်းစုံ ပါဝင်ပြီး လက်နက်ကိုင် အဖွဲ့အစည်းတွေရော၊ ဒီမိုကရေစီ အင်အားစုတွေရော၊ လွှတ်တော် လူတွေရော၊ အစိုးရရော ပါဝင်တဲ့ ပင်လုံကဲ့သို့သော် ညီလာခံတစ်ခုကို အကောင်အထည် ဖော်ဖို့အတွက် ဖြတ်သန်းရမဲ့ အခက်ခဲတွေကို ရှင်ပြခဲ့ကြတယ” ပြောသည်။

၎င်းတွေ့ဆုံးပွဲကို ယခုလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် တွေ့ဆုံးခဲ့ကြပြီး WGEC မှ ဒေါ်က်တာရွှေခါးရ် နှင့် စောမြရာဇာလင်းတို့ မှ တက်ရောက်ကြပြီး ညီနောင်တိုင်းရင်သား ပါတီများ (NDF) နှင့် အခြား (NDF) တွင်းမပါဝင်သည့် တိုင်းရင်းသား ပါတီများလည်း တက် ရောက်ခဲ့ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးလှစောက ပြောသည်။

ထိုတွေ့ဆုံပွဲတွင် တိုင်းရင်းသားပါတီမှ ခေါင်းဆောင် ၄၀ ဝန်းကျင်ခန့် တက်ရောက်ကြကြောင်း သိရသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် မြန်မာအစိုးရ၏ ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် UNFC မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဆွေနွေပွဲ တရပ် ပြုလုပ်ခဲ့ကြပြီး မူ (၆) ချက်ဖြစ် ဆွေနွေခဲ့ကြပါသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.