spot_img
Friday, March 6, 2026
More
    spot_img
    Homeသတင်းမွန်ဆယ်တန်းလွန် Post-Ten ကျောင်းသားများ သင်တန်းပြီးမြောက်ခြင်းအခမ်းအနားကျင်းပ

    မွန်ဆယ်တန်းလွန် Post-Ten ကျောင်းသားများ သင်တန်းပြီးမြောက်ခြင်းအခမ်းအနားကျင်းပ

    -

    မင်းသုတ– မွန်အမျိုးသားပညာရေးဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့သော ဆယ်တန်းလွန် Post-Ten သင်တန်းပြီးမြောက်ခြင်းအခမ်းအနားကို ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူအနီး၊ စံခလပူရီမြို့ရှိ Sangkhlia Inn ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

    အခမ်းအနားသို့ မွန်ပြည်သစ်ပါတီဝင်အချို့၊ နယ်စပ်အခြေစိုက် မွန်လူထုအခြေပြုအဖွဲ့အစည်းများ၊ နိုင်ငံခြားအလှူရှင်များ အင်အား ၁၀ဝ နီးပါးတက်ရောက်ခဲ့ကြသည်ကို တွေ့ရသည်။

    အခမ်းအနားတက်ရောက်သူများ(IMNA)
    အခမ်းအနားတက်ရောက်သူများ(IMNA)

    သဘာပတိ နိုင်ရွှေသိန်းက မိန့်ခွန်းပြောကြားစဉ်(IMNA)
    သဘာပတိ နိုင်ရွှေသိန်းက မိန့်ခွန်းပြောကြားစဉ်(IMNA)
    အခမ်းအနားသဘာပတိ နိုင်ရွှေသိန်းက “ ကျနော်တို့ ကျောင်းသားတွေ ၁၀ တန်းအောင်ပြီး ဒီအတိုင်းပဲ တက္ကသိုလ်တွေဆက်တက်ရင် အင်္ဂလိပ်စာအရည်အသွေးညံ့မှာဖြစ်တာမို့ Post-Ten ၂ နှစ်သင်တန်းကို ဖွင့်လှစ်ပြီး အင်္ဂလိပ်စာအရည်အသွေး မြှင့်တင်တဲ့ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ခဲ့တာပါ” ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ၁၉၉၅ ခုနှစ် မွန်ပြည်သစ်ပါတီ အပစ်ရပ်စဲပြီးတဲ့နောက် ၂၀ဝ၀ ပြည့်နှစ်မှစတင်၍ ဆယ်တန်းလွန် Post-Ten ကျောင်းကို မွန်ပြည်သစ်ပါတီလက်အောက်ခံ မွန်အမျိုးသားပညာရေးကော်မတီက စတင်အကောင်အထည်ဖော်ခဲ့သည်ဟု သိရသည်။

    မွန်အမျိုးသားပညာရေးကော်မတီဝင် အထက်တန်းကျောင်းအုပ်ဆရာမကြီး မိလဝီဟံက “ကျမတို့မွန်အမျိုးသားတွေမှာ ပညာတတ်တွေ၊ ပညာရှင်တွေအလွန်နည်းပါးနေပါတယ်၊ အင်္ဂလိပ်စာအရည်အသွေးမြှင့်ဖို့ကိုလည်း ကျမတို့ဆီမှာ လုံလောက်တဲ့အချိန်တွေ မပေးနိုင်ကြပါဘူး၊ ဒါကြောင့် တတ်နိုင်သမျှ ကျမတို့မွန်ပညာရေးကော်မတီအနေနဲ့ ဒီလိုသင်တန်းတွေ ဆက်လက်ဖွင့်လှစ်သွားနိုင်ဖို့ အစီအစဉ်တွေ ချမှတ်ထားပါတယ်” ဟု ပြောသည်။

    အဆိုပါ ဆယ်တန်းလွန် ၂ နှစ်သင်တန်းကို နိုင်ငံခြားသားများကျောင်းဆရာများ ဦးစီးသင်ကြားပေးခြင်းဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် အရေး၊ အဖတ်၊ သဒ္ဒါ၊ နားထောင်ခြင်း၊ ပြောဆိုခြင်း၊ အခြေအတင်ဆွေးနွေးခြင်း၊ စနစ်တကျတင်ပြခြင်း၊ ပရောဂျက်ရေးသားခြင်းနှင့် အခြားနိုင်ငံခြားတက္ကသိုလ်များသို့ ဆက်လက်ပညာသင်ကြားနိုင်ရန် အဆက်အသွယ်ရယူခြင်းတို့အား လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း ကျောင်းသူတစ်ဦးက ရှင်းလင်းပြောကြားခဲ့သည်။

    မွန်အမျိုးသားပညာရေးကော်မတီက နှစ်စဉ်ဆယ်တန်းလွန်ကျောင်းသားဦးရေ ၂၀ ဦးခန့် စခန်းသွင်း၍ အခမဲ့လေ့ကျင့်သင်ကြားပေးခဲ့သည်။

    မွန်အမျိုးသားပညာရေးကော်မတီလက်အောက်တွင် အထက်တန်းကျောင်း ၃ ကျောင်းရှိပြီး ၁၀ တန်းစာမေးပွဲများကို အစိုးရစာစစ်ဌာနများတွင် ဖြေဆိုခွင့်ရှိသည်။

    ၁၉၇၂ ခုနှစ်တွင် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေများတွင် မွန်မူလတန်းကျောင်းများ စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ၁၉၉၂ ခုနှစ်တွင် အထက်တန်းကျောင်းများကို ဆက်လက်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks