မင်းတော်လဝီ – ပဲခူးမြို့ဥဿာမြို့သစ်ရပ်ကွက်(၈)၊ရပ်ကွက်(၉)နှင့်ချမ်းသာကွင်းရွာမှ အိမ်ထောင်စုများသည် အပြည် ပြည်ဆိုင်ရာ ဥဿာလေဆိပ်နှင့်စက်မှုဇုံမြေဧရိယာအတွင်းမှာ ကျရောက်သည့်အတွက် ပဲခူးခရိုင် အုပ်ချုပ်ရေးမှူးရုံး၏ အမိန့်စာအရ ၂၀၁၃ခုမတ်လ (၁)ရက်နေ့မှစ၍ပြောင်းရွှေ့ နေကြပြီဖြစ်ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းဧရိယာအတွင်း အဓိကကျသွားသည့် ချမ်းသာကွင်းကျေးရွာနှင့် ပတ်ဝန်းကျင်ရွာငယ်များမှ အိမ်ခြေစုစုပေါင်း၂၀ဝ ခန့်ရှိပြီး ယခုအခါမှာ စတင်ပြောင်းရွှေ့နေသည်ဟု ချမ်းသာကွင်းရွာမှာ ဥယျာဉ်ခြံသီးနှံလုပ်ကိုင်နေသူ ဦးထွးန်ရှင်ကပြောသည်။
“ဒီချမ်းသာကွင်းရွာနဲ့အနီးအနားအိမ်စုတွေ ပြောင်းပေးလိုက်ရသလို ဥဿာမြို့သစ်ရပ် ကွက်ကြီး (၈)နဲ့(၉) ကအိမ်တွေလည်းလေယာဉ် ကွင်းမြေဧရိယာနဲ့မလွတ်လို့ ပြောင်းခိုင်းနေတယ်” ဟု ဦးထွန်းရှင်ကပြော သည်။
ရပ်ကွက်ကြီး(၉)နှင့်ရပ်ကွက်ကြီး(၈)မှ ပြောင်းရွှေ့ခိုင်းသူအများစုမှာ စက်မှုဇုံးဧရိယာမှာ ကျရောက် နေသူက များပြီး အချို့အိမ်များမှာ လေယာဉ်ကွင်းမြေဧရိယာအတွင်းမှာကျရောက်နေ၍ ပြောင်းရွှေ့ ပေးရသည်ဟုပြောသည်။
“ချမ်းသာကွင်းကျေးရွာမှ အိမ်ထောင်စု ၂၀ဝ လောက်က သတ်မှတ်ပေးတဲ့အိမ်ကွက်နေရာကို မဲ နှိုက်ရတယ်၊ ကျတဲ့မြေကမြေရိုင်းဖြစ်လို့ ပြုပြင်ပြီးမှ နေလို့ရမယ်၊ အနံ ၂၅ အရှည် ၄၀ ပေ ဆိုတော့ တအားကျဉ်းပါတယ်” ဥဿာမြို့သစ်ကရပ်ကွက်ကြီး (၉)မှ ဦး လင်းနိုင်ဦးကပြောသည်။
လောလောဆယ် လေယာဉ်ကွင်းဘက်က ပြောင်းရွှေ့လာသူများအတွက်ကို သတ်မှတ်ပေးသည့် အိမ်မြေကွက် ၂၅ပေ×၄၀ပေ ကိုအခမဲ့ ရရှိပြီး အပြည်ပြည်ဆိုင်ရာလေ ဆိပ်တည်ဆောက်ရေး ကုမ္ပဏီများက တအိမ်ထောင်စု ကိုထောက်ပံ့ကြေးငွေ ကျပ်တစ်သိန်း ထောက်ပံ့ပေးသည်ဟု သူကပြောသည်။
“သို့သော်ရပ်ကွက်(၉)မှ အိမ်ထောင်စု ၂၅၀ ပြောင်းဖို့ရှိတဲ့အနက်က မွန်လူမျိုးအိမ်ထောင်စု (၅၀) လောက်က ပြောင်းသွားကြပါပြီ အိမ်မြေကွက်ကို အများနည်းတူ အခမဲ့ ရပေမယ့် ပြောင်းရွှေ့ကြေး တော့ မရဘူး”ဟု ဦးလင်းနိုင်ဦးကပြောသည်။
ရပ်ကွက်ကြီး(၉)မှ အိမ်ခြေ ၆၀ဝခန့်နှင့် ရပ်ကွက်ကြီး(၈)မှ အိမ်ခြေ ၂၀ဝ ပြောင်းရွှေ့ခိုင်း ထားပေ မယ့် အခုလောလောဆယ်မှာ အိမ်ခြေ ၂၀ဝ လောက်ပဲ ပြောင်းရွှေ့ပြီးပြီလို့ ခန့်မှန်းရသည်ဟု သူက ပြောသည်။
ပြောင်းရွှေ့သွားသည့်နေရာမှာ ရပ်ကွက်(၈)(၉)နှင့်အလှမ်းဝေးပြီး ယန်စီကျန် အထည်ချုပ်စက်ရုံ အနောက် ဘက်တွင်ရှိမြေကွက်မှာဖြစ်သည်ရန်ကုန်မန္တလေးကားလမ်းမနှင့်တမိုင်ကျော်ဝေးပြီး အ တွင်းပိုင်းကျသည်။ လောလောဆယ်တွင် သောက်သုံးရေအခက်အခဲဖြစ်နေပြီး မိမိအစီအစဉ်ဖြင့် ရေရှားပါးမှုအခက်အခဲကို ဖြေရှင်းနေရသည်ဟု သိရသည်။
“ပြောင်းရွှေ့ခံ အိမ်ထောင်စု ၇၀ မှာမှ အစိုးရက အဝီစိတွင်း နှစ်တွင်းသုံးတွင်းပဲ တူးထားတော့ တွင်း ကထွက်တဲ့ရေက မလုံလောက်လို့ တန်းစီပြီးရေစောင့် ခပ်နေရတယ်၊နောက်ပြီး မြို့တွင်းရပ်ကွက် နှင့်လမ်းပန်းဆက်သွယ်ရေးမကောင်းလို့ ရေလာရောင်းသူ မရှိ “ဟုအိမ်ရှင်မတဦးကပြောသည်။
လွန်ခဲ့သည့်၁၉၉၂ခုနှစ်က အမှတ်(၁)စက်မှုဝန်ကြီးဌာနပိုင်စိုက်ခင်းမြေဧက(၁၇၂၅)ထဲတွင် ပဲခူး ဥဿာမြို့သစ် ရပ်ကွက်(၈)(၉)သည် ၄င်းမြေကွက်တွင် ကျူးကျော်နေထိုင်ခဲ့သည့် မြေဖြစ်သည်ဟု ဒေသအာဏာပိုင်ဘက်မှ သတ်မှတ်မှုရှိပြီး အမှတ်(၁)စက်မှုဝန်ကြီးဌာနကယခုအခါ ပဲခူးတိုင်း ဒေသကြီး ဖွဲ့ဖြိုးရေးလုပ်ငန်းထံ အကောင် အထည် ဖေါ်ဆောင်ရွက်ရန်အတွက် လွှဲပြောင်းပေးအပ် လိုက်သည့်မြေဖြစ်သည်ဟု သိရသည်။
၂၀၁၃ခုဇန်နာဝရီလ ၂၄ ရက်နေ့က ပြုလုပ်သည့် ပြောင်းရွှေ့နေရာချထားရေး ကော်မတီ၏ လုပ် ငန်းညှိနှိုင်းရေး အစည်းအဝေးဆုံးဖြတ်ချက် အမှတ်(က) အရ ပြောင်းရွှေ့ ပေးရမည်ဖြစ် သည်ဟု ဥဿာမြို့သစ်ရပ်ကွက်ကြီး(၉)မှ ဆယ်အိမ်မှူးတဦးကပြောသည်။
နေရာချထားပေးသည့်မြေကွက်အနံ ၂၅×အလျှား၄၀ အကျယ်မြေသည် အိမ်တစ်ဆောင် ဆောက် ရုံသာ နေရာပြည့်နေပြီးရေတွင်း၊ အဝီစိတွင်းနှင့်အိမ်သာအတွက် မည်ကဲ့သို့စီစဉ်ရ မည်ကို မစဉ်း စားဝံ့စရာဖြစ်နေရသည်ဟု ပြောသည်။
ဤကဲ့သို့ နှစ်ပေါင်း၂၀ခန့်အတည်တကျနေထိုင်လာပြီးမှ ယခုလိုကျူးကျော်မြေနေရာဟု သတ်မှတ် ပြီးပြောင်းရွှေ့ခံရခြင်းသည် အပြည်ပြည်ဆိုင်ရာ ဥဿာလေယာဉ်ကွင်း ကြောင့်စက်မှုဇုန်၊ ခေတ်မီ အဆောက်အဦးများကိုဆောက်လုပ်ပြီးဥဿာလေယာဉ်ကွင်းနှင့် အချက်အချာကျသည့် နေရာဖြစ် စေရန်အတွက် တိုင်းဒေသကြီးအစိုးရကဖွံ့ဖြိုးရေးလုပ်ငန်းများနေရာအဖြစ် သတ်မှတ် လိုက်ခြင်း ဖြစ်နိုင်သည်ဟု ပဲခူးမြို့ခံများက ခန့်မှန်းပြောဆိုနေကြသည်။