spot_img
Thursday, February 26, 2026
More
    spot_img
    Homeသတင်းရာဘာအနံ့ဆိုးကြောင့် ကျန်းမာရေးထိခိုက်မည်ကိုစိုးရိမ်

    ရာဘာအနံ့ဆိုးကြောင့် ကျန်းမာရေးထိခိုက်မည်ကိုစိုးရိမ်

    -

    မင်းတော်လဝီ – မွန်ပြည်နယ်တွင် စက်မှုဝန်ကြီးဌာနလက်အောက်ရှိ ရာဘာကြိတ်စက်ရုံမှ ထွက်ရှိလာသည့် အပုတ်ရေနှင့်အနံ့ဆိုးများကြောင့် ယင်းစက်ရုံအနီးရှိနေထိုင်သူဒေသခံများ ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်နေရကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

    “ဝ” ကိုယ်ပိုင်အုပ်ချုပ်ရဒေသရှိ ရာဘာစက်ရုံတစ်ရုံ(Internet)
    “ဝ” ကိုယ်ပိုင်အုပ်ချုပ်ရဒေသရှိ ရာဘာစက်ရုံတစ်ရုံ(Internet)
    ရာဘာပြားကြိတ်ရာတွင် ရာဘာအရည်နှင့် အက်စစ်ဓါတ်ပြုမှုကြောင့် ထွက်ရှိလာသော အပုတ်ရည်၊ အနံ့ဆိုးများ စနစ်တကျမစွန့်နိုင်သည့်အတွက် လေထုညစ်ညမ်းမှုများဖြစ်ပေါ်နေပြီး ကျန်းမာရေး ထိခိုက်စေနိုင်သည်ဟု မွန်ပြည်နယ်၊ ကျန်းမာရေးမှူးဝန်ထမ်းတစ်ဦးက ပြောသည်။

    မွန်ပြည်နယ်တောင်ပိုင်းဒေသဖြစ်သည့် မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်တို့တွင် ရာဘာအနံ့ဆိုးများ ယခင်ကာလထက် ဆိုးဝါးစွာရှူရှိုက်နေကြရသည်ဟုလည်း ဒေသခံများပြောကြားချက်အရ သိရသည်။

    “ရာဘာကြိတ်ရာကထွက်လာတဲ့ အရည်ဆိုးတွေရယ်၊ အနံ့ဆိုးတွေကို လူတွေသီးခံနေကြရတာ နှစ်တော်တော်ကြာခဲ့ပြီ၊ မြို့နယ်ကအာဏာပိုင်တွေက အခုထိလျစ်လျူရှထားတုံးပဲ” ဟု သံဖြူဇရပ်မြို့စက်သစ်ရပ်ကွက်မှ အငြိမ်းစား ပညာရေးအရာရှိဝန်ထမ်း တစ်ဦးက ပြောသည်။

    အထူးသဖြင့် မွန်ပြည်နယ်တောင်ပိုင်းသည် အစိုးရခြံများနှင့်ပုဂ္ဂလိကရာဘာလုပ်ငန်း အများဆုံးစိုက်ပျိုးထုတ်လုပ်သည့်ဒေသဖြစ်သည့်အတွက် ရပ်ကွက်၊ ကျေးရွာများတွင်လည်း ရာဘာပြားကြိတ်ရာမှ ထွက်လာသည့်အနံ့အသက်ဆိုးများကို နေ့စဉ်ရှုရှိုက်နေကြရသည်ဟု သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောသည်။

    ထို့အပြင် ရေမြောင်းမှတဆင့် စပါးစိုက်ခင်းထဲသို့စီးဝင်သွား၍ ရေဆိုးညစ်ညမ်းမှုနှင့် အက်စစ်ရည်ကြောင့် စပါးပင်များသေကြေပျက်စီးမှုရှိနေကြောင်း ဒေသခံလယ်သမားများက ပြောဆိုနေကြသည်။

    ရာဘာခြံဧရိယာရှိသော နေရာအရပ်ဒေသတိုင်း၌ ပတ်ဝန်ကျင်စိမ်းလန်းစိုပြေမှုကို အထောက်အကူ ဖြစ်ပေါ်စေသော်လည်း ရာဘာပြားထုတ်လုပ်ရာတွင် အက်စစ်နှင့်ဓါတုပစ္စည်းများကို စနစ်တကျစွန့်ပယ်ခြင်းမရှိလျှင် ဘေးဖြစ်စေမည့် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးသင့်သည်ဟု သံဖြူဇရပ်မြို့နယ် ကျန်းမာရေးမှူးက ပြောသည်။

    “ဘယ်အနံ့ဆိုးတွေပဲဖြစ်ဖြစ်ပေါ့လေ လူရောတိရစ္ဆာန်ပါ ပတ်ဝန်းကျင်ရောထိခိုက်တာပါပဲ၊ အထူးသဖြင့်တော့ ရာဘာအခိုးအငွေ့တွေဟာ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေတယ်”ဟု ၎င်းက ပြောသည်။

    ရာဘာပြားများကိုကြိတ်ထုတ်၍ အရည်စစ်ပြီး မီးဖြင့်မှိုင်းအခြောက်ခံရာတွင် ထွက်ရှိလာသည့်မီးခိုးမှိုင်းနှင့်အနံ့ဆိုးများသည် လူနှင့်ပတ်ဝန်းကျင်ကို ထိခိုက်စေသည့်အတွက် ပိုမိုဘေးကင်းရန် လိုအပ်သည့်ပညာပေးလုပ်ငန်းများကို လုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် အစိုးရတို့ ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်နေသည် သူကဆက်ပြောသည်။

    လက်ရှိဖြစ်ပေါ်နေသည့် အနံ့ဆိုးများကြောင့် ကျန်းမာရေး ထိခိုက်မှုသက်သာစေရန် ခေတ်မီနည်းစနစ်များကျင့်သုံးရန်လိုအပ်ကြောင်း သံဖြူဇရပ်မြို့ ရာဘာဘေထုပ် (ခရန့်)စက်ရုံ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    အလားတူရှမ်းပြည်မြောက်ပိုင်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ရဒေသရှိ ရာဘာစက်ရုံအနံ့အသက်ဆိုးများကို ဒေသခံများ ခံစားနေကြရသည်ဟု သတင်းမီဒီယာအချို့တွင်ဖေါ်ပြကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks