spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးမကြာခဏဖမ်းဆီးရမိ

    မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးမကြာခဏဖမ်းဆီးရမိ

    -

    မင်းသုတ – မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတပ်ဖွဲ့က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းချနေသူ လူငယ်နှစ်ဦးအား ယခုရက်ပိုင်း၌ ဖမ်းဆီးရမိသည်ဟု သိရသည်။

    ဖမ်းဆီးရမိသော ရာဘမူးယစ်ဆေးဝါး(၃၉၃) ပြား(IMNA)
    ဖမ်းဆီးရမိသော ရာဘမူးယစ်ဆေးဝါး(၃၉၃) ပြား(IMNA)

    သံဖြူဇရပ်မြို့နယ်၊ ဝါခရူရွာသား မင်းအောင်မြင့်(ခ) အပဲ့ (အသက်-၂၈)နှစ်ထံမှ ရာဘမူးယစ်ဆေးဝါး (၃၇၆) ပြားတိတိကို ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း မွန်ပြည်သစ်ပါတီဆက်ဆံရေးရုံး(သံဖြူဇရပ်) ၏ သတင်းနှင့်ဓါတ်ပုံမှတ်တမ်းပေးပို့ချက်၌ ဖေါ်ပြထားသည်။

    ဒီဇင်ဘာလ ၁၈ နေ့တွင်လည်း ဝါခရူရွာသား မင်းရဲနိုင်(ခ) အပေါက်(အသက်-၂၃ နှစ်) ထံ ရာဘမူးယစ်ဆေးဝါး(၁၇) ပြား ဖမ်းဆီးရမိခဲ့ရာမှ ခြေရာခံ၍ ထပ်မံဖမ်းဆီးရမိခြင်း ဖြစ်သည်။

    မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “ ဖုန်းနဲ့အဆက်အသွယ်လုပ်ပြီး သူတို့မူးယစ်ဆေးအရောင်းအဝယ်လုပ်နေကြတယ်၊ လူငယ်အတော်များများက ဒီရာဘမြင်းဆေးကို သုံးစွဲနေကြတာနေရာအနှံ့ပါပဲ” ဟု ပြောသည်။

    ယင်းဖမ်းဆီးရမိသူများအား မွန်ပြည်သစ်ပါတီ၏ စည်းမျဉ်းဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဟုလည်း မော်လမြိုင်ခရိုင်(မွန်ပြည်သစ်ပါတီ) အတွင်းရေးမှူး “နိုင်ထွန်းရ”ကပြောသည်။

    အလားတူ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင်လည်း သံဖြူဇရပ်မြို့နယ်ရဲတပ်ဖွဲ့ဝင်များက တောစပ်တစ်နေရာ၌ လူငယ် (၁၅) ဦး မူးယစ်ဆေးဝါးသုံးစွဲနေစဉ် တပြိုင်တည်းဖမ်းဆီးရမိခဲ့သည်။

    ဖမ်းဆီးရမိသော ရာဘမူးယစ်ဆေးဝါး(၃၉၃) ပြား(IMNA)
    ဖမ်းဆီးရမိသော ရာဘမူးယစ်ဆေးဝါး(၃၉၃) ပြား(IMNA)

    ထိုသို့ဖမ်းဆီးရမိခဲ့စဉ်တွင် ရာဘမူးယစ်ဆေးဝါး(၃၈၄) ပြား၊ ရောင်းချငွေ (၁၆၂၀ဝ၀-ကျပ်တိတိ)၊ ခြောက်လုံးပြူး (၁) လက်နှင့် တူမီးသေနတ် (၂)လက်ကို သိမ်းဆည်းရမိသည်ဟုလည်း ရဲအရာရှိတစ်ဦးက ထုတ်ဖေါ်ပြောကြားခဲ့သည်။

    “မူးယစ်ဆေးဝါးရောင်းဝယ်သူတွေမှာ လက်နက်တွေကိုလည်း ဆောင်ထားတာရှိနေတယ်၊ အချို့လက်နက်ကိုင်ဆောင်ခွင့်ရရှိထားတဲ့ အဖွဲ့အစည်းတွေနဲ့ ပါဝင်ပတ်သက်နေတယ်လို့ စုံစမ်းသိရှိထားတယ်”ဟု မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

    “မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူဖြစ်စေ သုံးစွဲသူဖြစ်စေ ပြင်းထန်သောပြစ်ဒဏ် ချမှတ်ခြင်းခံရမည်ဖြစ်သည်၊ ဝေးဝေးမှရှောင်ကြဉ်ကြပါရန် သတိပေးတားမြစ်လိုက်ပါသည်”စာတမ်းပါ ပိုစတာများ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပညာပေးဟောပြောမှုများပြုလုပ်ခြင်းတို့ကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေများနှင့် ဆက်စပ်သောနေရာဒေသများတွင် ပြုလုပ်လျှက်ရှိသည်။

    မွန်ပြည်သစ်ပါတီ ဗဟိုအုပ်ချုပ်ရေးဌာနမှဦးစီး၍ မူးယစ်ဆေးဝါးပညာပေးခြင်းနှင့် အရေးယူဆောင်ရွက်မည့်ကိစ္စရပ်များအား မွန်ဒေသများတွင် ယခုနှစ်စက်တင်ဘာလမှစတင်၍ အကောင်အထည်ဖေါ်နေသည်ကို တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks