spot_img
Wednesday, May 1, 2024
More
    spot_img
    Homeသတင်းပျူစာတမ်းဖတ်ပွဲပတ်သက်၍ မွန်လူထုရှင်းလင်းပွဲကျင်းပ

    ပျူစာတမ်းဖတ်ပွဲပတ်သက်၍ မွန်လူထုရှင်းလင်းပွဲကျင်းပ

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ – ပျူစာတမ်းဖတ်ပွဲအပေါ် မွန်လူထုအားရှင်းလင်းပွဲ အခမ်းအနားတစ်ရပ်ကို မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အမှတ်(၁) အရှေ့တပ်မြေလမ်း၊ ဖက်တန်းရပ် မွန်ဓမ္မာရုံ၌ ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပခဲ့သည်။

    မွန်လူထုရှင်းလင်းပွဲကျင်းပကျင်းပစဉ်(IMNA)
    အခမ်းအနား ဦးဆောင်ကျင်းပသူ မွန်ဒီမိုကရေစီပါတီ ဗဟိုအလုပ် အမှုဆောင် နိုင်စိုးမြင့်က “မနက်ဖြန်စာတမ်းဖတ်ပွဲမှာ ဘာအကြောင်း တွေဖတ် သွားမလဲ အရင်နား ထောင်လိုက်ဦးမယ် တကယ်လို့ မွန်တွေကိုထိခိုက်ခဲ့ရင် အစည်း ၇ ရက်အတွင်း အရေးပေါ်အစည်းအဝေးခေါ်ရမယ်ပြောတယ်၊ နောက် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ ဥက္ကဌ နိုင်ငွေသိန်းကလည်း မွန်သမိုင်းအကြောင်းတွေ ဖော်ထုတ်ပြီး ဘယ်လိုထိန်းသိမ်းသွားမရလဲဒါတွေ ရှင်းပြခဲ့တယ်” ဟု ပြောသည်။

    အဆိုပါရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁၂ ခွဲမှ ၃ နာရီခွဲအထိကျင်းပခဲ့ပြီး မွန်သံဃာတော်များ၊ မွန်စာပေပညာရှင်များ၊ သမိုင်းသုတေသီများ၊ နိုင်ငံရေးပါတီများ၊ စာပေယဉ်ကျေးမှုအဖွဲ့ အစည်းများနှင့် မြို့နယ်အသီးသီးမှ မွန်လူမှုအသင်းများ စုစုပေါင်း ၁၀ဝ၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။

    အခမ်းအနား သဘာပတိအဖြစ် ကျိုက္မရောမြို့နယ်မှ ကော့ပလိုင်ဆရာတော် ဘဒ္ဒန္တ ဦးကေတုမာလာက မွန်သမိုင်း၊ လူမျိုးနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို မပျောက်မပျက်အောင် ဆက်လက်ထိန်းသိမ်းရန် မိန့်ကြားခဲ့ပြီး မွန်ဒေသလုံးဆိုင်ရာဒီမို ကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်း၊ မွန်ဒီမိုကရေစီပါတီ ဒုဥက္ကဌ(၂) နိုင်တင်အောင်၊ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ် အမှု ဆောင် ကော်မတီဝင် နိုင်တလညီ၊ တက္ကသိုလ်ကျောင်းသားများမှ မွန်လူငယ် ကိုယ်စား မင်းထွန်းမြင့်တို့က တက်ရောက်သူများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

    ထို့အပြင် သုဝဏ္ဏဘူမိသမိုင်း စာတမ်းဖတ်ကြားတင်ပြရန် မွန်သမိုင်းသူတေသနအဖွဲ့ အတွင်းရေးမှူး နိုင်ခင်မောင်လေးအား ဖိတ်ကြားထားသော်လည်း တက်ရောက်ခြင်းမရှိကြောင်း နိုင်စိုးမြင့်က ပြောသည်။

    အခမ်းအနားတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး-ဒို့အရေး၊ မွန်တစ်မျိုးသားလုံး သွေးစည်းညီညွတ်ရေး-ဒို့အရေး၊ သမိုင်းအမှန်ကို အရောင်းဆိုးသူ အလိုမရှိဟု ကြွေးကြော်သံ ၃ ချက်ဖြင့် အခမ်းအနားရုတ်သိမ်းခဲ့ခြင်းဖြစ်သည်။

    “မနက်ဖြန်ပြုလုပ်မယ့် စာတမ်းဖတ်ပွဲမှာ ဒီပျူစာတမ်း ဖတ်မယ်လို့သိရတယ်၊ အဲတော့ တကယ်လို့ မွန်နဲ့ပတ်သက်တဲ့အကြောင်းဖတ်ခဲ့ရင် ကျနော်တို့ အနေနဲ့ တစ်နည်းနည်းလုပ်ဖို့ဆုံးဖြတ် ချက်ချထားတာရှိတယ်” ဟု မွန်အမျိုးသားဒီမိုကရေစီပါတီမှ အထွေအထွေအတွင်းရေးမှူး(၁) ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    လွန်ခဲ့သည့် နိုဝင်ဘာ ၂၅ ရက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း မွန်ပြည်နယ်လူထုတွေ့ဆုံပွဲ၌ ပျူနိုင်ငံနှင့် ပျူစာတမ်းဖတ်ပွဲအခမ်းအနားကို ပိတ်ပင်ပေမည်ဟု ကတိပြုပြောကြားခဲ့ကြောင်း သိရသည်။

    more photos..

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,000SubscribersSubscribe
    spot_img

    Latest posts