Homeသတင်းMNLA အမှတ်စဉ် ၁၀ဝ အခြေခံစစ်ပညာသင်တန်းဆင်းပွဲပြီးစီး

MNLA အမှတ်စဉ် ၁၀ဝ အခြေခံစစ်ပညာသင်တန်းဆင်းပွဲပြီးစီး

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ပြည်သစ်ပါတီ(NMSP)၏ လက်အောက်ခံဖြစ်သည့် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA ၏ အမှတ်စဉ် ၁၀ဝ အခြေခံစစ်ပညာသင်တန်း ဆင်းပွဲကို ဘုရားသုံးဆူနယ်စပ်၊ ဂျပန်ရေတွင်းရွာ၌ ယမန်နေ့တွင်ကျင်းပပြီးစီးခဲ့သည်။

အလားတူ အမှတ်စဉ် ၁၀ဝ အခြေခံစစ်ပညာသင်တန်းများကို မော်လမြိုင်ခရိုင်၊ သထုံခရိုင်၊ ဗဟိုဌာနချုပ်များတွင်လည်း ကျင်းပပြီးစီးခဲ့ကြောင်း သင်တန်းဆင်းမိန့်ခွန်းတွင် အမှတ်(၅)တပ် ရင်းမှူး ဒုဗိုလ်မှူးကြီး ဗညားချမ်းနွန်က ပြောသည်။

သင်တန်းသားများ
ဒုဗိုလ်မှူးကြီး ဗညားချမ်းနွန်က “နေရာတွေခွဲပြီး သင်တန်းပေးခဲ့ပေမယ့် အားလုံးကို အမှတ်စဉ် ၁၀ဝ လို့ ဗဟိုစစ်ရုံးချုပ်က သတ်မှတ်ပါတယ်၊ သင်တန်းကတော့ရက်သတ္တတ် ၈ ပတ်နီးပါးကြာတယ်” ဟု ပြောသည်။

အမှတ်စဉ် (၁၀ဝ) သင်တန်းတွင် တပ်သားအင်အား (၅၀ဝ) ကျော် ပါဝင်သည်ဟုလည်း မွန်ပြည် သစ်ပါတီအရာရှိထံမှ သိရသည်။

၁၉၈၈ အရေးခင်းပြီးကာလ၌ မွန်အမျိုးသားတပ်မတော် အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၅၈) တွင် တပ်သားသစ်အင်အား (၈၀ဝ)ကျော်နှင့် အမှတ်စဉ်(၅၉)တွင် (၇၅၀) ကျော်ရှိခဲ့သဖြင့် တပ်သားသစ်ဦးရေအများဆုံးဟု မွန်ပြည်သစ်ပါတီက မှတ်တမ်းတင်ခဲ့သည်။

မွန်ပြည်သစ်ပါတီမှ ဝင်လျှောက်ထားသူများသည် အခြေခံစစ်သင်တန်းတက်ရောက်ထားသူများ ဖြစ်ရမည်ဟု မွန်ပြည်သစ်ပါအရာရှိတစ်ဦးက ပြောသည်။

“အခုစစ်ပညာသင်တန်းမှာက တပ်သားသစ်တွေမဟုတ်ဘူး၊ အခြေခံစစ်ပညာသင်တန်းမတက်ဘူးသေးတဲ့ တပ်သားဟောင်း တွေပဲ၊ အရင်ကအခြေခံသင်တန်းမတက်ထားဘူးတဲ့ရဲဘော်တွေဆိုရင် ဗဟိုစစ်ရုံးချုပ်မှာ သူတို့ကိုယ်ပိုင်နံပါတ်မရှိ စာရင်းမဝင်ဖြစ်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။

၁၉၉၅ ခုနှစ်၊ အပစ်ရပ်စဲသည်အချိန်တွင် မွန်ပြည်သစ်ပါတီတပ်ဖွဲ့အင်အား ၇၈၆၀ ဦးရှိကြောင်း အစိုးရသတင်းစာက ရေးသားဖေါ်ပြခဲ့သည်။

မွန်ပြည်သစ်ပါတီကို ၁၉၅၈ ခုနှစ်လယ်ပိုင်းတွင် စတင်ဖွဲ့စည်းခဲ့သော်လည်း မွန်အမျိုး သားလွတ်မြောက်ရေးတပ်မတော်ကို ၁၉၇၁ ခုနှစ် သြဂုတ်လ (၂၉) ရက်နေ့တွင် ဖွဲ့စည်းနိုင်ခဲ့သည်။

ထိုသို့စတင်ဖွဲ့စည်းသည့်ကာလ၌ ရာဇာဓိရာဇ်တပ်ရင်းတစ်ခုသာရှိပြီး တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သောင်းဖေ(ဦးလေးကြီး) ဖြစ်၍ စံသူ၊ သာနှင်း၊ မီးခဲတပ်ခွဲ ၃ ခွဲရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts