spot_img
Thursday, November 20, 2025
More
    spot_img
    Homeသတင်းဘုရားသုံးဆူမြို့ရှိ ပရိဘောဂရုံများ စက်မှုကြီးကြပ် မှတ်ပုံတင်(လိုင်စင်) လုပ်ပြီ

    ဘုရားသုံးဆူမြို့ရှိ ပရိဘောဂရုံများ စက်မှုကြီးကြပ် မှတ်ပုံတင်(လိုင်စင်) လုပ်ပြီ

    -

    မင်းတော်လဝီ – ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း၏ မေလအတွင်း ခရီးစဉ်တွင် ဘုရား သုံးဆူမြို့ပေါ်ရှိ သစ်ထည်လုပ်ငန်း ပရိဘောဂရုံများကို စက်မှုကြီးကြပ်မှတ်ပုံတင် (လိုင်စင်) လုပ်ရန် ညွှန်ကြားခဲ့သည့်အပေါ် ယခုအခါ အကောင်အထည်ဖေါ် ဆောင်ရွက်နေပြီ ဖြစ်သည်။

    နယ်စပ်ပရိဘောဂပစ္စည်းများ(Photo-Internet)
    ပရိဘောဂစက်ရုံ၊ အလုပ်ရုံများ တရားဝင်ဖြစ်သွားရန်၊ နိုင်ငံတော်အတွက် အခွန် အကောက်ရရှိရန်နှင့် လုပ်ငန်းရှင်များ စည်းစနစ်တကျ ရှိစေရန် ရည်ရွယ်ပြီး စက်မှု ကြီးကြပ် မှတ်ပုံလုပ်ခိုင်းလိုက်သည်ဟု ပြည်နယ်ဝန်ကြီးချုပ်၏ အစည်းအဝေးကို တက်ခဲ့သည့် ပရိဘောဂလုပ်ငန်းရှင် တဦးက ပြောသည်။

    “ညွှန်ကြားချက်အတိုင်း ဝန်ကြီးချုပ်လာပြီးနောက် ဇွန်လလောက်ကပဲ သစ် ထည်ပရိဘောဂရုံအချို့က လုပ်ပြီးပြီ၊ တချို့လုပ်ဖိ်ု့ ကျန်ရှိနေသေးတယ်”ဟု ဘုရားသုံးဆူ ပရိဘောဂလုပ်ငန်းရှင်တဦးက ပြောသည်။

    ဘုရားသုံးဆူမြို့ပေါ်တွင် သစ်ထည်ပရိဘောဂ အလုပ်ရုံ (၆၀) ကျော် ရှိပြီး၊ ၄င်းထဲမှ ရုံကြီး ၂၃ ရုံခန့် ရှိပြီး လောလောဆယ်တွင် (၁၁) ရုံက စက်မှုကြီးကြပ် မှတ်ပုံတင်ထားပြီးပြီဟု၊ ဘုရားသုံးဆူမြို့နယ် စက်မှုကြီးကြပ်မှတ်ပုံတင် အဖွဲ့ဝင်တဦးက ပြောသည်။

    “လုပ်ငန်းလိုင်စဉ် ပါပဲ၊အမှန်က စက်မှုကြီးကြပ် မှတ်ပုံလုပ်ခိုင်းတာပဲ၊ အရပ်က လိုင်စင်ခေါ်နေတယ်၊ မှတ်ပုံတင်လုပ်ခတော့ တနှစ်အတွက် ကိုမြန်မာကျပ်ငွေ (၁၂၀ဝ၀) ရှိပြီး ဘုရားသုံးဆူမြို့ ပရိဘောဂအသင်းက လိုင်စင်လုပ်ပေးနေတာ ထိုင်းဘတ် (၃၀ဝ၀) ကျနေတယ်” ဟု သူက ပြောသည်။

    ဘုရားသုံဆူမြို့၏ အဓိကလုပ်ငန်း တရပ်ဖြစ်သည့် သစ်ထည်ပရိဘောဂ လုပ် ငန်းများမြို့ပေါ်တွင် လုပ်ငန်းရှင်များ၏ ဆန္ဒအတိုင်း ပြန့်ကျဲစွာ တည်ရှိနေပါက သို့ မဟုတ် စုစည်းမှု မရှိပါက ပြည်ပဈေးကွက်တွင် ဈေးနှုန်း ညှိနှိုင်းမှု မရနိုင်ပါက အားလုံးအတွက် အခက်ကြုံနိုင်သည်ဟု ပရိဘောဂ အသင်းသားတဦးက ပြောပြပါသည်။

    ယခုအခါစုစည်းမှုနှင့် စည်းစနစ်တကျဖြစ်လျှင် နိုင်ငံတော်ပိုင်းဆိုင်ရာ ကူညီမှုကို ရယူရာမှ အသင်းအဖွဲ့အနေနှင့် ပိုပြီးကောင်းသည်ဟု ၄င်းမှတ်ပုံတင်အဖွဲ့ဝင်က ဆက်ပြောသည်။

    ဘုရားသုံးဆူမြို့ရှိ သစ်ထည်ပရိဘောဂ လုပ်ငန်းရုံများကို စက်မှုကြီးကြပ် မှတ်ပုံတင်ရန် ပြည်ထောင်စုစက်မှုဝန်ကြီးဌာန ညွန်ကြားချက်အရ ဖြစ်ပြီး၊ ကရင်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးမှုဦးစီးဌာနသို့ တင်ပြပေးရသည်ဟု စက်မှုကြီး ကြပ်မှတ်ပုံတင်အဖွဲ့မှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,000SubscribersSubscribe
    spot_img

    Latest posts