Homeသတင်းရာဘမူးယစ်ဆေးသုံးစွဲသော စစ်တပ်အရာရှိတစ်ဦး အရေးယူခံရ

ရာဘမူးယစ်ဆေးသုံးစွဲသော စစ်တပ်အရာရှိတစ်ဦး အရေးယူခံရ

-

အဇာတာ – ခလရ ၂၈၄ တပ်ရင်းမှ ဗိုလ်ကြီးတစ်ဦး မူးယစ်ဆေးဝါးသုံးစွဲပြီး တပ်ရင်းမှထွက်ပြေးတိမ်း ရှောင်နေရာမှ ယမန်နေ့တွင်ဖမ်းဆီးရမိထားကြောင်း ဘုရားသုံးဆူမြို့ခံ ဝန်ထမ်းများထံမှ သိရသည်။

ဘုရားသုံးဆူပုံ(photo : Zahan Mon)
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အခြေစိုက် ခလရ ၂၈၄ တပ်ရင်းတွင် ထိန်းသိမ်းထား သော၄င်းဗိုလ်ကြီး၏အမည်အား သိရှိထားသော်လည်း အတည်မပြုနိုင်သေးပေ။

“ဒီဗိုလ်ကြီးကဇယားတော်တော်ရှုပ်တယ်၊ ငွေမရှိလို့ သူ့သေနတ်ကို အကြိမ်ကြိမ်ပေါင်ပြီး ပြန်ရွေးခဲ့တာလည်းအကြိမ်မနည်းရှိခဲ့တယ်’ ဟု ဘုရားသုံးဆူမြို့မှ အမည်မဖော်လိုသူ အကြောင်းသိတစ်ဦးက ပြောသည်။

ထို့အပြင် အပျော်အပါးကိစ္စတွင် မိန်းမလိုက်စားသူဟုလည်း မြို့ခံများအကြား၌ ပြောဆိုနေကြ သည်။

“ဘုရားသုံးဆူမြို့ ကရင်စု ရပ်ကွက်သုံးမှာ ဆေးသုံးစွဲရင် အခန်းတွေ၊ လိုအပ်တဲ့ပစ္စည်းပိုက်တွေ၊ ဗူးတွေ အဆင်သင့် ရနိုင်တယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

ဘုရားသုံးဆူမြို့တွင် စိတ်ကြွဆေးပြားသုံးစွဲသူ လူလတ်ပိုင်း ၁၅ ရာခိုင်နှုန်းခန့်ရှိပြီး အသက်မပြည့်သေးသူ ဆယ်ကျော်သက်အရွယ် လူငယ် ၁၀ ရာခိုင်နှုန်းခန့်နှင့် အမျိုးသမီး ၁၅ ရာခိုင်နှုန်းခန့်ကို လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော KPF၊ DKBA အဖွဲ့အစည်းများတွင် ဆေးသုံးစွဲသူ ၅၀ ရာခိုင်နှုန်းခန့်ရှိကြောင်း လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

စိတ်ကြွဆေး(မြင်းဆေး)ကို ကျယ်ပြန့်စွာ ရောင်းဝယ်လာကြသည်နှင့်အမျှ ဘုရားသုံးဆူဒေသရှိ ဒေသခံပြည်သူတို့၏ မူးယစ်ဆေးဝါးသုံးစွဲမှုများမှာလည်း တစ်စတစ်စနှင့် တိုးပွားလာသည်ကို တွေ့ရှိရသည်။

ဘုရားသုံးဆူဒေသမှနေ၍ ထိုင်းနိုင်ငံအတွင်းသို့ စိတ်ကြွဆေးပြားများကို လွန်ခဲ့သည့် ဆယ်ခုနှစ်ခန့်မှစ၍ ခိုးသွင်းရောင်းချနေခဲ့ပြီး ထိုင်းအစိုးရအာဏာပိုင်အဖွဲ့အစည်းများကလည်း မူယစ်ဆေးဝါးများကို စဉ်ဆက်မပြတ်ရှာဖွေဖမ်းဆီးနေသော်လည်း လုံးဝပျောက်ကွယ်သွားအောင် တားဆီးနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

၂၀၁၂ ခုနှစ်အတွင်း ဘုရားသုံးဆူနယ်စပ်ဒေသတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် သုံးစွဲမှု အရှိန်အဟုန်မှာ ယခင်နှစ်များထက် ပိုမို၍ များပြားလာခဲ့ကြောင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် သုံးစွဲမှုအခြေအနေကို လေ့လာသူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်း

1 COMMENT

  1. လေ့လာသုံးသပ်သူတစ်ဦးက ဘုရားသုံးဆူမှာ KPF, DKPA ဆေးသုံးဆွဲတာ ၅၀% ရှိတယ် မွန်ပြည်သစ်ပါတီတွေ(NMSP) အဲမှာ သီလစောင့်နေတာလား မွန်သတင်းက မရေးရဲတာလား မပြောတတ်ဘူး နံမည်က လွတ်လပ်သော မွန်သတင်အေဂျင်စီ အင်း ပြောချင်တာ သဘာဝကျကျလေး ရေးတတ်ပြီး ဖတ်သူတွေ အမှန်အသိတရား သတင်းရေးပေးစေချင်တယ်။

Comments are closed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts