Homeသတင်းထိုင်းနိုင်ငံသို့ ဘုရားသုံးဆူလမ်းကြောင်းမှ ချင်းလူငယ်များ နေ့စဉ်ဝင်ရောက်မှုများပြား

ထိုင်းနိုင်ငံသို့ ဘုရားသုံးဆူလမ်းကြောင်းမှ ချင်းလူငယ်များ နေ့စဉ်ဝင်ရောက်မှုများပြား

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ထိုင်းနိုင်ငံအတွင်းသို့ မြန်မာနိုင်ငံသားများ နေ့စဉ်ဝင်ရောက်လျှက်ရှိရာ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့လမ်းပိုင်းမှ ယခုလပိုင်းတွင် ချင်းလူငယ်များ အုပ်စုအလိုက် ဝင်ရောက်မှု အများအပြားရှိနေသည်ကို တွေ့ရှိခဲ့သည်။

ချင်းလူငယ်၂၀ ပါသောကြာအင်းဆိပ်ကြီး-ကျွန်းချောင်းပဲ့ချိပ်စက်လှေတစ်စီး
အထူးသဖြင့် အသက် ၂၀ ဝန်းကျင်လူငယ် ကျား/မအရွယ်များဖြစ်ကြပြီး ထိုင်းနိုင်ငံအတွင်းသို့ လူပို့ပွဲစားများအစီအစဉ်ဖြင့် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်နေကြသည်။

ထိုင်းနိုင်ငံသို့နေ့စဉ်ဝင်ရောက်သူများ တစ်ရာယောက်ဝန်းကျင်ခန့်ရှိရာတွင် ချင်းတိုင်းရင်းသား ၂၀ ဝန်းကျင်ခန့်ပါရှိနေကြောင်း စစ်ဆေးရေးဂိတ်တစ်ခု၏မှတ်တမ်းအရ သိရသည်။

ဘုရားသုံးဆူမြို့နယ် ချောင်းဆုံလှေဆိပ် ဂိတ်မှူးတစ်ဦးက “လမ်းခရီးတွေမှာမှတ်ပုံတင်စစ်တာ မေးမြန်းတာမရှိတော့ဘူး၊ အရင်ခေတ်လိုမဟုတ်တော့ပဲ လွတ်လွတ်လပ်လပ်သွားလာလို့ရပြီ၊ ဒါကြောင့် ဒီလမ်းကြောင်းကို ရွေးလာကြတာပဲလို့ထင်တယ်” ဟု ပြောသည်။

သို့ရာတွင် ခရီးသွားများ၏ အမည်စာရင်းများကိုလိပ်စာနှင့်တကွ ကျွန်းချောင်းရှိ KNU စစ်ဆေး ရေးဂိတ်တွင် မှတ်တမ်းပြုစုထားသည်ကို တွေ့ရှိရသည်။

မုဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီး-ချောင်းဆုံ-ဘုရားသုံးဆူအထိ သာမန်အားဖြင့် နှစ်ရက် ခန့်ကြာမြင့်ပြီး လူပို့ပွဲစားအဆင့်ဆင့်တို့က ဝန်ဆောင်မှုများ ပြုလုပ်ပေးနေသည်။

“ဘုရားသုံးဆူမှာဆိုရင် မထက်၊ ရဲလေး၊ တရုပ်စတဲ့ လူပို့တဲ့ဂိုဏ်းတွေရှိတယ်၊ ချောင်းဆုံလှေဆိပ် ရောက်ရင် ကိုယ့်ပွဲစားနာမည်ကိုပြောလိုက်ယုံပဲ၊ သူတို့ကိုယ်စားလှယ်တွေအသင့် ကြိုစောင့်နေ တယ်လေ” ဟု ဇမိမြစ်တွင်း ပဲ့ချိပ်မောင်းနေသူတစ်ဦးက ပြောသည်။

ထိုသို့လူပို့ပွဲစားများရှိနေသော်လည်း အာဏာပိုင်များ ဖမ်းဆီးမိသည့်သတင်များ ဘုရားသုံးဆူ ဒေသတဝိုက်တွင် မကြားသိရသေးပေ။

“ကျမတို့အုပ်စုက ဘုရားသုံးဆူကနေ မလေးရှားဒုက္ခသည်စခန်းအထိဆက်သွားရမှာ၊ ဘယ် လောက်ကြာမလဲမသိဘူးနော” ဟု ချင်းလူငယ်တစ်ဦးက လွတ်လပ်သောမွန်သတင်းအေဂျင်စီကို မေးမြန်းခဲ့သည်။

မလေးရှားနိုင်ငံတွင် ချင်းဒုက္ခသည်ကော်မတီ (Chin Refugee Committee-CRC) မှတဆင့် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး Refugee Status Determination (RSD) ကဒ်များ ရရှိခဲ့သူ ချင်းတိုင်းရင်းသား ထောင်နှင့်ချီပြီးရှိနေသည်။

ဆက်စပ်သတင်း

2 COMMENTS

  1. ရွှေ့ပြောင်းအလုပ်သမားတွေပါတ်စပို့နဲ့ အိမ်ပြန်လည်ပြီး လုပ်ငန်းခွင်ပြန်ကြတာသာများပါတယ်..ဘုရားသုံးဆူမှာ ဒုက္ခအပေးဆုံးက..ရာဘ.လို့ခေါ်တဲ့ စိတ်ကြွမူးယစ်ဆေး..ရောင်းဝယ်တဲ့လုပ်ငန်းပါ…

  2. ဘုရားသုံးဆူမှာ..ထိုင်းကလုပ်ငန်းရှင်တွေ..စက်ရုံပေါင်း၆၀ကျော်ဖွင့်ထားတယ်.လုပ်ခတစ်နေ ့ဘတ်၁၀ဝမှ ၃၀ဝအထိရတယ်..ဒါကြောင် ့ဘုရားသုံးဆူကို..လူငယ်တွေတက်လာကြတယ်…

Comments are closed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts