spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းPNLO နှင့် အစိုးရတို့ နိုင်ငံရေးဆွေးနွေးရန် တွေ့ဆုံတော့မည်

    PNLO နှင့် အစိုးရတို့ နိုင်ငံရေးဆွေးနွေးရန် တွေ့ဆုံတော့မည်

    -

    ဂျူရီချိုင်း – ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)က မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စား လှယ်အဖွဲ့နှင့် ယခုလကုန်ပိုင်းတွင် ပြည်နယ်အဆင့်တွေ့ဆုံဆွေးနွေးမည်ဟု အဖွဲ့ချုပ် ဥက္ကဌ ခွန်ဥက္ကာက ပြောသည်။

    (PNLO)အတွင်းရေးမှူး ဦးခွန်မြင့်ထွန်း ခေါင်းဆောင်သည့် အဖွဲ့ဝင် (၇) ဦးနှင့် မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကိုယ်စား လှယ်အဖွဲ့တို့သည် ပြီးခဲ့သည့် ဇူလိုင်လ (၂၇) တွင် ရန်ကုန်မြို့၌တွေ့ဆုံခဲ့ပြီး ယခုကဲ့သို့ နိုင်ငံရေးဆွေးနွေးရန် နှစ်ဦးနှစ်ဖက်ဆုံးဖြတ်ခဲ့သည်ဟု ခွန်ဥက္ကာက ပြောသည်။

    ၎င်းက “အမှန်မှာ ကျနော်တို့အဖွဲ့က နိုင်ငံရေးဆွေးနွေးဖို့အတွက်ကို ပြင်ဆင်သွားတာပါ၊ ဦးအောင်မင်းနှင့်တွေ့တဲ့အခါမှာ သူက ဒီကြားမှာ မအားလပ်သေးဘူး အဆင်မပြေသေးဘူး လို့ပြောတယ်။ အဲကြောင့် သြဂုတ်လမှာ အပြီးအပြတ်ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ကြတယ်” ဟု ပြောသည်။

    ဝန်ကြီးဦးအောင်မင်းနှင့် နိုင်ငံရေးဆွေးနွေးရာတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ အလွတ်သဘော တွေ့ဆုံချိန်က ပမာဏသဘောတူညီခဲ့သည့် အချက်များကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပြီး နှစ်ဖက်စလုံး ပြေလည်မှုရရှိပါက တရားဝင် ပြည်နယ်အဆင့် သဘောတူ လက်မှတ်ရေးထိုးဖွယ်ရှိ ဟု ခွန်ဥက္ကာက ပြောသည်။

    လာမည့်ဆွေးနွေးပွဲကို ရှမ်းပြည်နယ် တောင်ကြီးမြို့တွင်ပြုလုပ်မည်ဖြစ်ပြီး ဆွေးနွေးပွဲတွင် ပါဝင်မည့် PNLO ၏ ကိုယ်စားလှယ်များကိုမူ ပြန်လည်ရွေးချယ်မည်ဟု ခွန်ဥက္ကာက ပြောသည်။

    PNLO သည် အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရန် ဇူလိုင်လ (၂၃)နေ့ မှ (၂၆) ရက်နေ့အထိ ရှမ်းပြည်နယ် တောင်ကြီးမြို့၊ မွန်ပြည်နယ် သထုံမြို့နှင့် ရန်ကုန်မြို့တို့ရှိ ပအိုဝ်း လူမှုအဖွဲ့ အစည်းများကြားတွင် လူထုရှင်းလင်းပွဲ ပြုလုပ်ပြီး စစ်တမ်းသဘောထား ကောက်ယူခဲ့သည်။

    ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလနှောင်းပိုင်းတွင် ဦးအောင်မင်းနှင့် PNLO ဥက္ကဌ ခွန်ဥက္ကာတို့ ပထမအကြိမ်တွေ့ဆုံခဲ့ပြီး ယခုနှစ် ဖေဖေါ်ဝါရီလ (၅) ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဒုတိယအကြိမ် ထပ်မံ တွေ့ဆုံခဲ့ရာ PNLO က အချက် (၁၁) ချက်ကို တင်ပြတောင်းဆိုခဲ့သည်။

    ၎င်းတောင်းဆိုချက်များတွင် PNLOနှင့် အစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေး ပဏာမသဘော တူညီရန်၊ တစ်ပြည်လုံးအတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေးကို ပြည်ထောင်စုအစိုးရက တရားဝင်ကြေညာပေးရန်၊ အပစ်အခတ်ရပ်စဲပြီး ရက်ပေါင်း (၆၀) အတွင်း ပြည်ထောင်စုအစိုးရနှင့် နိုင်ငံရေးအင်အားစုများ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရန်တို့လည်း ပါဝင်သည်။

    ထို့နောက် ဦးအောင်မင်းခေါင်းဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် PNLOမှ ဥက္ကဌ ဦးခွန်ဥက္ကာ၊ အထွေထွေအတွင်းရေးမှူး ဦးခွန်မြင့်ထွန်းတို့သည် ပြီးခဲ့သည့် ဇွန်လ (၂၇) ရက်နေ့တွင် ဘန်ကောက်မြို့၌ တွေ့ဆုံစဉ် အပစ်အခတ်ရပ်စဲရေး အချက် (၆) ချက်ကို မူးအားဖြင့် သဘောတူခဲ့ကြသည်။

    PNLO တောင်းဆိုထားသည် အချက် (၁၁)ချက်ထဲမှ တချို့အချက်များကို ချက်ချင်းသဘောတူရန် အဆုံးအဖြတ် မပေးနိုင်သေးသဖြင့် ယင်းတောင်းဆိုချက်များကို နိုင်ငံတော်သမ္မတထံသို့ တင်ပြရဦးမည်ဟု ဦးအောင်မင်းက ပြောခဲ့ကြောင်း ဦးခွန်ဥက္ကာက ပြောသည်။

    ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)သည် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ် မြောက်ရေးအဖွဲ့ချုပ်(ရလလဖ)မှ ခွဲထွက်တည်ထောင်ခဲ့သည့်အဖွဲ့ဖြစ်ပြီး ရှမ်းပြည်တောင်ပိုင်း ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက် လှုပ်ရှားလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks