Homeသတင်းကလေးသူငယ်များကာကွယ်ရေးအတွက် မွန်ပြည်သစ်ပါတီ နှင့် ကရင်နီ အမျိုးသားတိုးတက် ရေးပါတီတို့ သဘောတူ လက်မှတ်ရေးထိုး

ကလေးသူငယ်များကာကွယ်ရေးအတွက် မွန်ပြည်သစ်ပါတီ နှင့် ကရင်နီ အမျိုးသားတိုးတက် ရေးပါတီတို့ သဘောတူ လက်မှတ်ရေးထိုး

-

ဂျူရီချိုင်း – မွန်ပြည်သစ်ပါတီ (NMSP) နှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့က လက်နက် ကိုင်ပဋိပက္ခ ကလေးသူငယ်များအား ကာကွယ်ရေးနှင့် ပတ်သက်၍ ဂျီနီဗာ အခြေစိုက် ကလေး သူငယ်အခွင့်ရေး၊ မြေမြုပ်မိုင်း၊ ကျားမတန်းတူရေး ကိစ္စများ ဆောင်ရွက် နေသည့် Geneva Call နှင့် နားလည်မှုစာချွန်လွှာ (Deep of Commitment – DoC) တရပ်ကို သဘောတူ လက်မှတ်ရေး ထိုးလိုက်ပြီ ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နိုင်ဟံသာဗွန်ခိုင်က ပြောသည်။

မွန်ပြည်သစ်ပါတီ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဒုစစ်ဦးစီးချူပ် နိုင်လယီဟကောင်းမှ ကလေးသူငယ်များ ကာကွယ်ရေးနားလည်မှုစာချွန်လွှာကို Geneva Call ဥက္ကဌရှေ့ မှောက် လက်မှတ်ရေးထိုးနေစဉ် more photos
အသက် ၁၈ နှစ် မပြည့်သေးသော ကလေးသူငယ်များအား ကလေးစစ်သား အသုံးမပြုခြင်းနှင့် လက်နက်ကိုင် ပဋိပက္ခများ၏ သက်ရောက်မှုများ ခံစားနေရသော ကလေးများ ကာကွယ်ရေး အတွက် Geneva Call ဥက္ကဌ Elisabeth Decrey Warner နှင့် ချုပ်ဆိုသောနားလည်မှု စာချွန်လွှာကို ယခုလ ၂ ရက်နေ့က သဘောတူလက်မှတ်ရေး ထိုးခဲ့သည်ဟု နိုင်ဟံသာဗွန်ခိုင်က ပြောသည်။

၎င်းက ”အဓိက ပဋိပက္ခဖြစ်နေတဲ့ဒေသမှာ ကလေးသူငယ်တွေ ကာကွယ်ဖို့နဲ့ အသက်မပြည့် တဲ့ကလေးတွေ ကလေးစစ်သား မသုံးပြုဖို့ကို ခိုင်မာတဲ့သက်သေအဖြစ် ကျနော်တို့ လက်မှတ်ရေး ထိုးလိုက်တယ်” ဟု ပြောသည်။

လက်မှတ်ရေးထိုးပွဲကို ဂျီနီဗာမြို့၌ ကျင်းပခဲ့ပြီး မွန်ပြည်သစ်ပါတီမှ ဒုစစ်ဦးစီးချုပ် နိုင်လရီဟ ကောင်း၊ နိုင်ငံခြား မဟာမိတ် ဆက်ဆံရေးတာဝန်ခံ နိုင်ဟံသာဗွန်ခိုင်နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီဘက်မှ အထွေထွေအတွင်းရေးမှူး (၁) ခူးဦးရယ်၊ ဗဟိုကော်မတီအဖွဲ့ဝင် ရီမင်းထူးတို့ ပါဝင်ကြသည်။

မွန်ပြည်သစ်ပါတီနှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီတို့ နားလည်မှုစာချွန်လွှာကို လက်မှတ် ရေးထိုးပြီးနောက် ကလေးသူငယ်အခွင့်အရေးကို ကာကွယ်ရန်နှင့် မြှင့်တင်ပေးရန် လက်ခံလိုက်ပြီ ဖြစ်၍ အတည်ပြုထားသည့် သဘောတူညီချက်အတိုင်း ၎င်းအဖွဲ့တို့အား သက်ဆိုင်ရာ Geneva Call လာရောက်စစ်ဆေးရေးခွင့်ကို လက်ခံပေးရန် အချက်အလက် အစီရင်ခံစာများကို သက်ဆိုင်ရာအဖွဲ့အစည်းများက ပုံမှန် တင်ပြသွားရမည်ဖြစ်သည်။

ယင်းစာချွန်လွှာတွင် စစ်ပွဲတွင် ကလေးများ မပါဝင် မပတ်သက်စေရန်၊ စစ်ဆင်သည့်အခါ ကလေး များကို ရှောင်ရှားရန်၊ စစ်ဇုန်များ၌ ကလေးများ မပါဝင်စေရန်၊ ကလေးများကို ထိန်းချုပ်ခြင်း၊ ချုပ်နှောင်ခြင်း ထားရလျှင်လည်း လူသားဆန်စွာ ပြုမှုဆက်ဆံရန်နှင့် သေဒဏ် မပေးမိစေရန်နှင့် ကလေးအခွင့်အရေးများကို အကာအကွယ်ပေးနိုင်ရန်တို့ အပါအဝင် စသည့် အချက် (၁၆) ချက်ကို အတည်ပြု သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု နိုင်ဟံသာဗွန်ခိုင်က ပြောသည်။

အလားတူ လွန်ခဲ့သော (၂၀၁၂) အစောပိုင်းတွင်လည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) နှင့် ပလောင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PSLO) တို့မှ ၎င်းတို့အဖွဲ့အစည်း အနေဖြင့် ကလေးစစ်သား အသုံးမပြုသည့် အထောက်အထားဖြင့် နားလည်မှုစာခွန်လွှာကို လက်မှတ်ရေး ထားပြီးဖြစ်သည်။

မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ တို့သည် တိုင်းရင်းသား တပ်ပေါင်း စုတခုဖြစ်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တွင် ပါဝင်သည့် လက်နက်ကိုင် တပ်ဖွဲ့ဝင် များဖြစ်ကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts