spot_img
Saturday, October 4, 2025
More
    spot_img
    Homeသတင်းပြန်ပေးသမားလက်မှ ကိုရွှေအ ပြန်လွတ်ပြီ

    ပြန်ပေးသမားလက်မှ ကိုရွှေအ ပြန်လွတ်ပြီ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နေ ရာဘာခြံနေ့စားအလုပ်သမား ကိုရွှေအ တစ်လ ကျော်ပြန်ပေးဆွဲခံထားရာမှ ပြန်လည်လွတ်မြောက်လာခဲ့သည်။

    လွန်ခဲ့သည့် ၃ ရက်ခန့်တွင် ၄င်းနေအိမ်သို့ပြန်လည်ရောက်ရှိလာပြီး ဘုရားသုံးဆူမြို့၊ ရပ်ကွက်(၃) တွင် မိသားစုနှင့်အတူ အေးချမ်းစွာနေထိုင်လျှက် ရှိသည်။

    မွန်ပြည်သစ်ပါတီမှ ဖမ်းဆီးရမိသောပြန်ပေးသမားနှစ်ဦး ပြန်ပေးသမားလက်မှ ကိုရွှေအ ပြန်လွတ်ပြီ
    “ကျနော့်ကိုဖမ်းသွားတုန်းက ဘတ်ငွေ ၃ သောင်းတောင်းတယ်၊ ကျနော်က နေ့စားအလုပ်သမားဆိုတော့ သူတို့ကိုပေးဖို့ငွေမရှိဘူးလေ၊ အဲဒီလိုနဲ့သူတို့လက်ထဲမှာ ၁၇ ရက်ကြာနေခဲ့ရတယ်” ဟု ကိုရွှေအက ပြောသည်။

    ပြန်ပေးသမားများက နေရာဒေသမသိရသောလျှိုမြောင်တစ်ခုရှိ တဲတစ်ခုတွင် သူ့ကိုထိန်းသိမ်းထားခဲ့သည်ဟု ကိုရွှေအ ပြောသည်။

    “နောက်တော့ ပြန်ပေးသမားတွေ တစ်ယောက်ပြီးတစ်ယောက်ပျောက်သွားပြီး ကျနော်လည်းခြေဦးတည့်ရာ ထွက်သွားတော့တာပဲ၊ ဒါနဲ့ရာဘာခြံတစ်ခြံမှာနေ့စားအလုပ်ဝင်လုပ်တယ်၊ အဲဒီကလမ်းစရိတ်ရပြီး အိမ်ကိုပြန်ရောက်လာတာပေါ့” ဟု သူကဆက်ပြောသည်။

    ထိုသို့လွတ်မြောက်လာမှုအပေါ် ဘုရားသုံးဆူမြို့ အစိုးရအာဏာပိုင်တို့မှ ကိုရွှေအ၏ ဖြစ်စဉ်ကိုမေးမြန်းမှုများ ရှိခဲ့သည်။

    ဘုရားသုံးဆူမြို့၊ အမှတ်(၃)ရပ်ကွက်နှင့်ထားဝယ်စုအနီဦးထွန်းတင်၏ရာဘာခြံတွင် ကိုရွှေအနှင့်အဖေါ်တစ်ဦး နေ့စားအလုပ်လုပ်နေစဉ် လွန်ခဲ့သည့် မေလ(၂၇) ရက်နေ့၊ ညနေပိုင်းတွင် လက်နက်ကိုင်တစ်စုက ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

    ကိုရွှေအ၏သေရေးရှင်ရေးသတင်းအစအန တစ်လခန့်မကြားသိရသဖြင့် ၄င်းနှင့်အတူ မိသားစုဝင်များ အထူးစိုးရိမ်နေခြင်းကြောင့် ရပ်ကွက်(၃) အုပ်ချုပ်ရေးမှူးက မွန်ပြည်သစ်ပါတီထံ မေးမြန်းတင်ပြခဲ့သည်။

    ဘုရားသုံးဆူအနီးပတ်ဝန်းကျင်တဝိုက်လှုပ်ရှားနေသော ပြန်ပေးအဖွဲ့ဝင်အချို့ကို မွန်ပြည်သစ်ပါတီတပ်ဖွဲ့မှ ပြီးခဲ့သည့်ဇွန်လလယ်တွင် ဖမ်းဆီးရမိသည့်သတင်းထွက်ပေါ်နေသော်လည်း စီမံချက်ကာလမပြီးဆုံးသေးသဖြင့် သတင်းမထုတ်ပြန်သေးဟု သိရသည်။

    ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလတွင်တစ်ကြိမ်၊ မေလတွင်နှစ်ကြိမ် ဘုရားသုံးဆူမြို့ပေါ်အနီးတဝိုက်တွင် ပြန်ပေးဆွဲမှု ဖြစ်ပေါ်ခဲ့ရာ ခေါင်းဆောင်ဆိုသူမှာ နိုင်ထွန်းဟု အမည်ပေးထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,200SubscribersSubscribe
    spot_img

    Latest posts