Homeသတင်းမော်လမြိုင် ရှိ မဲလက်မှတ်များ ချောနေ၍ အလွယ်တကူခြစ်မရ

မော်လမြိုင် ရှိ မဲလက်မှတ်များ ချောနေ၍ အလွယ်တကူခြစ်မရ

-

ဂျူရီချိုင်း – မော်လမြိုင် ပြည်သူ့လွှတ်တော် လစ်လပ်မဲဆန္ဒနယ်၏မဲရုံများတွင် မဲလက်မှတ်များမှာ အလွယ်တကူခြစ်မရဘဲ ချောနေကြောင်း NLD ပါတီ အောင်နိုင်ရေးအဖွဲ့ဝင်နှင့် မဲပေးသူများက ပြောသည်။

မွန်ပြည်နယ်ဆန္ဒမဲလက်မှတ် photo- facebook
“မနက်က မဲသွားထည့်တယ် မဲစာရွက်က ချောနေတယ် ဒါပေမယ့် ကျမရအောင်ခြစ်ခဲ့တယ်” ဟု NLD ပါတီကို မဲပေးခဲ့သည့် မော်လမြိုင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
မဲစာရွက်ချောနေခြင်းကို တချို့ က ဖယောင်းသုတ်ထားသည်ဟု ပြောဆိုမှုများ ရှိသည်။

မော်လမြိုင်မြို့ မောင်ငံရပ်ကွက်၊ ရွှေမြိုင်သီရိရပ်ကွက်နှင့် မန္တလေးရပ်ကွက်ရှိ မဲရုံများတွင် ချော၍ ခြစ်မရသည့်မဲ လက်မှတ်များ အများဆုံးဖြစ်နေသည်ဟု မော်လမြိုင် မဲဆန္ဒနယ်တွင် ဝင်ပြိုင်သည့်NLD ပါတီ အောင်နိုင်ရေးအဖွဲ့ဝင် ကိုကြည်ဇော်လွင်က ပြောသည်။

မဲလက်မှတ်များ အလွယ်တကူခြစ်မရသည့်အတွက် အသစ်လဲပေးရန် ကော်မရှင်ထံ တင်ပြခဲ့သော်လည်း လဲခွင့်မရှိကြောင်း ကော်မရှင်မှ တာဝန်ရှိသူက ပြောသည်။

ထို့အပြင် မဲစာရင်းထဲပါဝင်နေသူများ မှတ်ပုံတင်မရှိဘဲ ရပ်ကွက်ထောက်ခံစာဖြင့် မဲပေးရာ တချို့မဲရုံများကလက်ခံပြီး တချို့မှာ လက်မခံကြောင်းလည်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts