spot_img
Saturday, June 21, 2025
More
    spot_img
    Homeသတင်းမော်လမြိုင်တွင် ကြံ့ခိုင်းရေးပါတီက ယနေ့အထိ မဲဆွယ်နေ

    မော်လမြိုင်တွင် ကြံ့ခိုင်းရေးပါတီက ယနေ့အထိ မဲဆွယ်နေ

    -

    ဂျူရီချိုင်း – မော်လမြိုင် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲရုံနှင့် ကိုက် ၅၀၀ အတွင်းမှာ ယနေ့အထိ မဲဆွယ်စည်းရုံးရေး ပြုလုပ်နေကြောင်း မော်လမြိုင်မြို့မှ မျက်မြင်သူတစ်ဦးက ပြောသည်။

    မဲပေးရာ စည်းကမ်းချက်များ

    ၎င်းက “မဲရုံနဲ့ တော်တော်နီးတဲ့ လူအယောက် ၃၀၀ လောက်ရှိတဲ့ ကြံ့ခိုင်ရေးပါတီက ဒီမနက်ပိုင်းမှာ လမ်းလျှောက်ပြီး သူတို့ရဲ့ပါတီကို မဲပေးပါ ဆိုပြီး မဲပေးသူတွေ စည်းရုံးနေတယ်” ဟု ပြောသည်။

    ကြံ့ခိုင်ရေးပါတီသည် မော်လမြိုင်မြို့  မောင်ငံရပ်ကွက်ရှိ မဲရုံတွင် စည်းရုံးရေးပြုလုပ်နေပြီး စည်းရုံးရေးပြုလုပ်နေသူများမှာ မွန်ပြည်နယ် မုဒုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်မှ ဒေသခံများလည်း ပါဝင်နေကြသည်။

    မွန်ပြည်နယ် ၉ မြို့နယ်မှ ပြည်ခိုင်ဖြိုး အဖွဲ့ဝင်ပေါင်း ၂၃၀ ကျော်ကျော်ကို မော်လမြိုင်မြို့သို့   မတ်လ ၂၉ ရက်နေ့တွင် ခေါ်ဆောင်လာကြောင်း၊ ရပ်ကွက်ရှိ အိမ်တိုင်းတွင် လက်ကမ်းစာစောင် ပေးဝေခြင်း၊ အင်အားပြခြင်းများ ပြုလုပ်နေကြောင်း၊ ယနေ့  မဲပေးလို့ရနိုင်မည့် မဲရုံများတွင် ၎င်းအဖွဲ့သားများအား အုပ်စုအလိုက် ထားထားကြောင်း သိရသည်။

    “ ဒီလူတွေကို အစားထိုးမဲ ပေးထည့်ခိုင်းတာပဲ၊၊ ဒါပေမဲ့ တစ်ချို့မဲရုံတွေကတော့ ခွင့်မပြုပါဘူး” ဟု NLD ပြန်ကြားရေးတာဝန်ခံ ဦးကိုကိုဇော်က ပြောပါသည်။

    မော်လမြိုင် မဲရုံသို့ ပြည်သူများမဲသွားပေးနေစဉ်။

    ယနေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲရလဒ်ကို ကိုက် ၅၀၀ အတွင်း ဝင်ပြိုင်မည့် ပါတီတခုခုက မဲဆွယ်စည်းရုံးနေသည်ကို တိုင်တန်းလာပါက အရေးယူမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

    ထို့အပြင် မီဒီယာများအား မဲရုံနှင့် ကိုက် ၅၀၀ အကွာမှသာ သတင်းယူမှုကို ခွင့်ပြုထားပြီး ကိုက် ၅၀၀ အတွင်း မေးမြန်းပါက ဘာမှပြောမည် မဟုတ်ကြောင်းလည်း ယင်းတွေ့ဆုံပွဲတွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,400SubscribersSubscribe
    spot_img

    Latest posts