Homeသတင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံး မြဝတီမြို့၌ ဖွင့်လှစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံး မြဝတီမြို့၌ ဖွင့်လှစ်

-

မိလရီထော – ထိုင်းမြန်မာနယ်စပ် မြဝတီမြို့၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးဖွင့်ပွဲအခမ်းနား ကို မတ်လ၂၇ ရက်နေ့နံက် ရနာရီတွင် စတင်ဖွင့်လှစ်ရာ ပရိဿတ်၅၀၀ကျော်တက် ရောက် ကြောင်းသိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးကိုမြဝတီမြို့ ချစ်ကြည်ရေးတံတားလမ်းရှိ မြဝတီ ဘဏ်အနီး၌ ရုံးကိုဖွင့်လှစ်ထားပြီ ဖွင့်ပွဲအခန်းအနားသို့ NLD အဖွဲ့ဝင်များ ကေအန်ယူ ပါတီ အပါအဝင် မြဝတီခြေစိုက်အခြားအဖွဲ့အစည်းများနှင့် မြဝတီမြို့မှ လူထုအင်အား ၅၀၀ ကျော်တက်ရောက်သည်ဟု အခမ်းအနားကို တက်ရောက်လာသူတဦးက ပြော သည်။

ဘုရားသုံးဆူမြို့နယ်ခွဲတွင် NLD ဆိုင်းဘုတ်တင်ရုံးဖွင့်ပွဲ (Photo-IMNA)
“မြန်မာနိုင်ငံ ဒေသအနှံ့အပြားမှာ NLD ရုံးဖွဲ့ထားလျှင်လူထုကလည်း အမြဲပဲ ထောက် ခံအား ပေးနေမှာ”ဟုမြဝတီမြို့မှ ရုံးဖွင့်ပွဲကို တက်ရောက်လာသူတဦးက ပြောသည်။

ရုံးဖွင့်ပွဲအခမ်းအနားတွင် အစီအစဉ် ၈ ရပ်ဖြင့်ကျင်းပရာမှာအခမ်းနား၌ ကေအင်ယူ၏ သဝဏ်လွှာကိုလည်း ဖတ်ကြားသွားသည်။

အစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD အဖွဲ့ဝင် တဦးက ကေအန်ယူ၏သဝဏ်လွှာမှာ ကေအင်ယူမှ တင်ပြတောင်းဆိုသော တိုင်း ရင်းသာများ စည်းလုံးညီညွှတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး စသည့်အကြောင်းကို ဖတ် ကြားတင်ပြသွားသည်ဟု မဲဆောက်အခြေစိုက်NLD (လွတ်မြောက်နယ်မြေ) အတွင်း ရေးမှူး ဦးထွန်းအောင်ကျော် ကပြောသည်။

ဒါ့ပြင်အခမ်းအနားပွဲတွင် ရံပုံငွေရရှိရေးအတွက် စာအုပ်စာစောင်များ၊ ဒေါ်အောင်ဆန်းစု ကြည်ရုပ်ပုံပါတီရှပ်၊အဝတ်အထည်အမျိုးမျိုးနှင့်ခွပ်ဒေါင်းရုပ်ခေါင်းစည်းများလည်း ရောင်းချနေသည်။

ရုံးဖွဲ့ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ပရိဿတ်များကို ကရင်ရိုးရာယဉ်ကျေးမှု အဆိုအကများနှင့် အခြားဖျော်ဖြေမှုအစီအစဉ်များပါဝင် ဖျော်ဖြေကြသည်ဟု အခမ်း အနားတက်ရောက်သူများက ပြောသည်။

အမျိုးသားဒီမိုကရေစီ NLD အဖွဲ့ဝင်တဦး၏ ပြောပြချက်အရ မြဝတီမြို့၌ ယခုရုံးဖွဲ့ပွဲမှာ ပထမအကြိမ်ရုံးဖွဲ့ပွဲမဟုတ်ပဲ ယခင်ကလည်းရုံးဖွဲင့်ခဲ့ပြီး အစိုးရက NLD အဖွဲ့ဝင်များကို အကျပ် ကိုင်ဖိနှိပ်မှုနှင့်အတူ ရုံးကိုလည်းအပိတ်ပင်ခံ လိုက်ရသည်ဟု၄င်းက ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts