spot_img
Thursday, May 2, 2024
More
    spot_img
    Homeသတင်းမွန်လက်နက်ချအဖွဲ့အတွက် အိမ်ယာဆောက်လုပ်ရန်နှင့် ထောက်ပံ့ကြေးအတွက်ငွေကောက်ခံနေ

    မွန်လက်နက်ချအဖွဲ့အတွက် အိမ်ယာဆောက်လုပ်ရန်နှင့် ထောက်ပံ့ကြေးအတွက်ငွေကောက်ခံနေ

    -

    ဂျူရီချိုင်း – ပြီးခဲ့သည့်ရက်ပိုင်းတွင် မြန်မာစစ်တပ်ထံလက်နက်ချခဲ့သည့် မွန်လက်နက်ကိုင် နိုင်ဗင်းအဖွဲ့အတွက် အိမ်ယာများနှင့် မိသားစုထောက်ပံ့ငွေများပေးအပ်ရန် ဒေသခံများထံမှ မြန်မာအာဏာပိုင်တို့က ငွေကြေးကောက်ခံနေသည်။

    မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်းပိုင်း၊ ခေါ်ဇာမြို့နယ်ခွဲလက်အောက်ရှိ ကျေးရွာအုပ်စုတစ်စုလျှင် တစ်လလျှင်ငွေကျပ်သုံးသိန်း၊ ဆန်ဆယ်အိတ်၊ စားအုန်းဆီတစ်ပုံးထောက်ပံ့ရန် မြို့နယ်အုပ်ချုပ်ရေးမှ ကျေးရွာများသို့ညွှန်ကြားထားကြောင်း ၄င်းအစည်းအဝေးသို့ တက်ရောက်ခဲ့သူ အမည်မဖေါ်လိုသော ကျေးရွာအုပ်ချုပ်မှူးတစ်ဦးက ပြောသည်။

    နိုင်ဘင်းလက်နက်ချအခမ်းအနား ပြည်တွင်းသတင်းဂျာနယ်ဓါတ်ပုံ(Photo-Internet)
    “ခေါဇာမြို့နယ်ခွဲကနေ တစ်လငွေ ၁၈ သိန်း၊ ဆန်အိတ် ၆၀၊ ဆီ ၆ ပုံးကို ၃ လစာအတွက်ထောက်ပံ့ပေးဖို့ မြို့နယ်အာဏာပိုင်တွေပြောထားတဲ့သတင်း ကျနော်တို့သိထားတယ်” ဟု မွန်ပြည်သစ်ပါတီ၊ ထားဝယ်ခရိုင်ဥက္ကဌ နိုင်ဗညားလယ်က အတည်ပြုပြောကြားသည်။

    ခေါ်ဇာမြို့နယ်ခွဲလက်အောက်တွင် ကျေးရွာအုပ်စု(၆)အုပ်စုရှိပြီး စုစုပေါင်းအိမ်ခြေနှစ်ထောင်ဝန်းကျင် ရှိသည်ဟု ခန့်မှန်းကြသည်။

    ၄င်းလက်နက်ချသူများနေထိုင်ရန်အတွက် ခေါ်ဇာမြို့အနီးရှိ ရွှေဟင်္သာရွာသစ်တွင် အိမ် ၃၀ လုံးဆောက်လုပ်ရန်နှင့် စိုက်ပျိုးခြံများအတွက် မြို့နယ်အာဏာပိုင်တို့မှမြေနေရာချပေးခဲ့ပြီး ဖြစ်သည်။

    တစ်အိမ်လျှင်ဆန်လေးဗူး၊ ငွေကျပ် ၂၅၀၀ နှင့် ဝါးအလုံး၂၀ တို့ ရွှေင်္ဟသာ(ပေါ့ထော) ရွာသစ်ရှိ လက်နက်ချများအတွက် အိမ်ဆောက်မည့်နေရာအရောက် ပေးပို့ရမည်ဖြစ်ကြောင်း မိမိတို့အုပ်ချုပ်ရေးမှူးက ၄င်းတို့ကိုညွှန်ကြားခဲ့သည်ဟု ခေါ်ဇာမြို့ပေါ်နေ အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

    ၎င်းက “အိမ်တိုင်း မဖြစ်မနေအထောက်ပံ့ပေးရမယ်လို့ ပြောထားတယ်၊ တစ်ချို့ရွာတွေက ဝါးလုံးတွေ သွားပို့နေကြပြီ၊ ငွေလည်းထည့်ပေးနေကြပြီ” ဟု ပြောသည်။

    ၁၉၉၅ ခုနှစ်နောက်ပိုင်း မွန်ပြည်သစ်ပါတီ ယခင်အပစ်ရပ်စဲထားသည့်ကာလများတွင် မွန်ပြည်နယ် ရေးမြို့နယ်တောင်းပိုင်းနှင့်ဆက်စပ်နေသည့် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တို့တွင် အစိုးရစစ်တပ်၏ လယ်ယာခြံမြေသိမ်းပိုက်မှုနှင့် ဖိနှိပ်မှုဒဏ်များမခံနိုင်သည့် ဒေသခံများက မြန်မာအစိုးရစစ်တပ်တို့ကို ခုခံတိုက်ခိုက်ခဲ့သည့် မွန်လက်နက်ကိုင်များအနက် နိုင်ဗင်းအဖွဲ့လည်း အပါအဝင်ဖြစ်သည်။

    ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့ နံနက် ၉ နာရီခွဲတွင် နိုင်ဗင်းအဖွဲ့လက်နက်ချအခမ်းအနားကို ခေါ်ဇာမြို့နယ်ခွဲရှိ အမှတ် (၃၁) ခြေလျင်တပ်ရင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ၎င်းတို့အတွက် ဆန်၊ ဆီနှင့် ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ပြည်တွင်းသတင်းဂျာနယ်တစ်ခုတွင် တွေ့ရှိရသည်။

    အရှေ့တောင်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း ဖေဖော်ဝါရီ ၂၈ ရက်က မွန်(ခွဲထွက်) ဓားပြအဖွဲ့မှ နိုင်ဘင်းခေါင်းဆောင်သော အင်အားခြောက်ဦးသည် အမ်-၂၀ ပစ္စတိုတစ်လက်၊ ၄င်းကျည် ၁၀ တောင့်တို့ဖြင့်လည်းကောင်း၊ မတ် ၅ ရက်က အဆိုပါအဖွဲ့မှ နိုင်မွန်ချမ်း ခေါင်းဆောင်သော အင်အား ၁၀ ဦးသည် အာရ်ပီဂျီ တစ်လက်၊ လက်နယ်ငယ်မျိုးစုံ ၁၀ လက်၊ ကျည်မျိုးစုံ ၁၆၂ တောင့်၊ အာရ်ပီဂျီ ဗုံးသီးသုံးလုံး၊ ပို့ကျည် ၂ တောင့်၊ ကျည်အိမ်မျိုးစုံ ရ ခု၊ ရှေ့ထွက်မိုင်း ၂ လုံး၊ လမ်းလျှောက်စကားပြောစက် ၃ လုံးတို့ဖြင့် လည်းကောင်း အသီးသီးလက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်ခဲ့ကြကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၁၂ ရက်နေ့ထုတ် ကြေးမုံနှင့် မြဝတီသတင်းစာတို့တွင် ဖော်ပြခဲ့သည်။

    လက်ရှိတွင် အခြားမွန်လက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့် တနင်္သာရီတိုင်း ရေဖြူမြို့နယ်အနီးတဝိုက်တွင် အလွန်နှင့်အစောင်းအဖွဲ့၊ မြိတ်ဒေသအနီးတဝိုက်တွင် ဟံသာဝတီပြန်လည်ထူထောင်ရေးပါတီအဖွဲ့၊ မွန်ပြည်နယ် သံဖြူဇရပ်နှင့်မုဒုံမြို့နယ်အနီးတဝိုက်တွင် ကိုယ်ရင်သန်းလွင်အဖွဲ့နှင့် ဘုရားသုံးဆူနယ်စပ်အနီးတဝိုက်တွင် အထွန်း(အောင်ထွန်း)အဖွဲ့တို့ လှုပ်ရှားလျှက်ရှိသည်။

    ဆက်စပ်သတင်း

    1 COMMENT

    1. အရူးတွေဘာလက်နက်ကိုင်တိုင်းရင်းသားတွေလဲတောထဲမှာလဲဆက်ကြေးကောက်
      ဒမြတိုက်၊အလင်းဝင်ပြန်တော့လဲဆက်ကြေးကောက်ဂိတ်ထိုင်။ကိုယ်တိုင်းရင်းသားတွေ
      အတွက်ဘာတွေလုပ်ပေးဖူးလဲ..စစ်တပ်နဲ့အတူတူပဲ..နယ်မြေလုံခြုံရေးလာယူတယ်ပြောတယ်
      ဂိတ်ကောက်မူးရစ်ယမ်းကား၊အနိုင်ကျင့်အများအကြိုးအတွက်ကောင်းတာဘာတစ်ခုလုပ်ပေး
      ဘူးလဲ…မြန်မာနိုင်ငံမှာအဲလိုသေနက်ကိုင်ပြီးအရူးထနေတဲ့လူတွေမရှိတော့ရင်မြန်မာနိုင်ငံ
      တိုးတက်မှာသေချာတယ်။လက်ကြောမတင်းလို့သေနတ်ကိုင်စားနေတဲ့ကောင်တွေလီးပဲ….
      ကိုယ့်သေနတ်ကိုယ်ဖင်ထဲပြန်ထိုးထဲ့ကြ..ကိုယ်မေကိုယ်ပြန်လိုးလေးတွေ…

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,000SubscribersSubscribe
    spot_img

    Latest posts