spot_img
Friday, November 14, 2025
More
    spot_img
    Homeသတင်းဒေါ်အောင်ဆန်းစုကြည်၏ မော်လမြိုင်မြိုနယ်မဲဆွယ်ဟောပြောမှု လူတစ်သိန်းကျော်တက်ရောက်

    ဒေါ်အောင်ဆန်းစုကြည်၏ မော်လမြိုင်မြိုနယ်မဲဆွယ်ဟောပြောမှု လူတစ်သိန်းကျော်တက်ရောက်

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကျွဲခြံကုန်းရွာ ဘောလုံးကွင်း၌ ယမန်နေ့နံနက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်မှ
    လူထုဟောပြောပွဲတစ်ရပ်ကျင်းပခဲ့ရာ လူတစ်သိန်းထက်မနည်းတက်ရောက်ခဲ့ကြောင်း အခမ်းအနားတက်ရောက်ခဲ့သူများထံမှ သိရသည်။

    “မနက် ၉ နာရီခွဲလောက်မှာ ဒေါ်စုမိန့်ခွန်းစပြီးပြောပါတယ်၊ သူ့မိန့်ခွန်းကမိနစ် ၄၀ နီးပါးလောက်ကြာပါတယ်၊ လူထုကြီးက ဒေါ်စုကိုတလေးတစားနဲ့ထောက်ခံအားပေးကြတာတွေ့ရပါတယ်” ဟု မဲဆွယ်ဟောပြောပွဲတက်ရောက်နားထောင်ခဲ့သူ ကိုတင့်လွင်က ပြောသည်။

    ဒေါ်အောင်ဆန်းစုကြည် ဟောပြောနေစဉ်

    ယနေ့နံနက် လူထုဟောပြောပွဲသို့လာရောက်သည့် ဆိုင်ကယ်အစီးရေ ၆ သောင်းကျော်ရှိသည်ဟု မော်လမြိုင်မြို့ အန်အယ်လ်ဒီပြန်ကြားရေးတာဝန်ခံ ဦးကိုကိုဇော်က ပြောသည်။

    “အချို့ကားတွေလည်း အခမဲ့ပို့ပေးပါတယ်၊ လူထုတွေက တအားအရမ်းများတယ်၊ အားရပါတယ်၊ အခုလိုချောချောမွေ့မွေ့ပြီးဆုံးသွားတဲ့အတွက် ကျနော်တို့မွန်ပြည်နယ်အတွက် ဂုဏ်ယူမိပါတယ်”ဟု ဦးကိုကိုဇော်က ဆက်ပြောသည်။

    မွန်ပြည်နယ်မှ လူထုပရိဿာတ်များ

    ဒေါ်အောင်ဆန်းစုကြည်၏ မော်လမြိုင်မြို့နယ် စည်းရုံးရေးခရီးစဉ်ဟောပြောမှုအစီအစဉ်ကို မူလက မော်လမြိုင်မြို့ပေါ် ဘိုကုန်းရပ်ကွက်ရှိ သံလွင်ဥယာဉ်တွင်ကျင်းပပြုလုပ်သွားရန် ရည်ရွယ်ခဲ့သော်လည်း စည်ပင်သာယာရေးဌာနခွင့်ပြုချက်မရသဖြင့် ကျွဲခြံကုန်းရွာ ဘောလုံးကွင်း၌ပြောင်းရွေ့ကျင်းပခဲ့ရခြင်း ဖြစ်သည်။

    အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က “မွန်ပြည်နယ် မြို့တော်မော်လမြိုင်မြို့မှာ ငြိမ်းငြိမ်းချမ်းချမ်းရှိသော်လည်း မဝေးသည့်နေရာများတွင် ပြည်တွင်းစစ်တွေ ဖြစ်ပွားနေခဲ့ပြီး လူအများ ဒုက္ခရောက်ကြရသသည့်အတွက်ကြောင့် ပြည်တွင်းငြိမ်းချမ်းရေး ရအောင်ကြိုးစား ကြရမယ်” ဟုပြောကြားခဲ့ကြောင်း ကိုတင့်လွင်က ဆက်ပြောသည်။

    ထို့နောက် လူထုဟောပြောပွဲ အခမ်းအနားကျင်းပပြီးစီးသည်နှင့် ဒေါ်အောင်ဆန်းစုကြည်သည် မွန်ဘုရင်မကြီးရှင်စောပု တည်ထားရာ ကျိုက်မရောဆုတောင်းပြည့်ဘုရားသို့ သွားရောက်ဖူးမျှော်ခဲ့သည်ဟု သိရသည်။

    ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် မော်လမြိုင်မြို့သို့ စတင်ရောက်ရှိခဲ့သည့် မတ်လ(၁၀) ရက်နေ့ညပိုင်းတွင် ကမ်းနားလမ်းဟိုတယ်၌ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ခေါင်းဆောင်များ၊ အပစ်ရပ်စဲခဲ့သည့်မွန်ပြည်သစ်ပါတီတို့နှင့်အတူ ညစာစားပွဲတက်ရောက်ခဲ့ကြသည်ဟုလည်း ကိုယ်တိုင်တက်ရောက်ခဲ့သူ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်စိုးမြင့်က ပြောသည်။

    ဒေါ်အောင်ဆန်းစုကြည်၏ ယခုမော်လမြိုင်မြို့လူထုဟောပြောပွဲသည် မွန်ပြည်နယ်တွင် လူထုအများဆုံးတက်ရောက်ခဲ့သည့် အခမ်းအနားတစ်ရပ်ဖြစ်သည်ဟုလည်း အကဲခတ်ပြောဆိုနေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,900SubscribersSubscribe
    spot_img

    Latest posts