spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်မော်လမြိုင်ဆက်ဆံရေးရုံး ပြန်လည်ဖွင့်လှစ်

    မွန်ပြည်သစ်မော်လမြိုင်ဆက်ဆံရေးရုံး ပြန်လည်ဖွင့်လှစ်

    -

    ကျလွန်းထော – ယခင်ပိတ်ထားခဲ့သော ပြည်တွင်းရှိ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးများအနက် မော်လမြိုင်ဆက်ဆံရေးရုံးကို ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

    မြန်မာအစိုးရနှင့် မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်စဲမှုဆွေးနွေးနေစဉ်( photo- IMNA)
    မြန်မာအစိုးရနှင့် မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်စဲမှုဆွေးနွေးနေစဉ်( photo- IMNA)
    မော်လမြိုင်မြို့ ငန်းတေးရပ်ကွက်ရှိ မွန်ပြည်သစ်ပါတီဆက်ဆံရေးရုံးကို ဒုဗိုလ်မှုးကြီးဗညားချမ်းနွန် (နိုင်ဘခိုင်) က လက်ရှိယာယီတာဝန်ယူနေကြောင်း သိရသည်။

    ဒုဗိုလ်မှုးကြီးဗညားချမ်းနွန်က “အခု မော်လမြိုင်ရုံးမှာ ကျနော်က ယာယီအနေနဲ့ တာဝန်ယူနေတယ်၊ လာမယ့်ဗဟိုကော်မတီအစည်းအဝေးမှာ ရှိပြီးသာရုံးတွေရော၊ အသစ်ပြန်ဖွင့်မယ့်ရုံးတွေအားလုံးမှာ ဘယ်သူတွေတာဝန်ယူသွားမလဲဆိုတာကို ဆုံးဖြတ်ချက်ချသွားမယ်” ဟု ပြောသည်။

    မွန်ပြည်သစ်ပါတီနှင့် အစိုးရအဖွဲ့များ ငြိမ်းချမ်းရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပြီး နောက်တစ်နေ့တွင် မော်လမြိုင်ဆက်ဆံရေးရုံးကို ပြန်လည်ဖွင့်လှစ်ခဲ့သည်ဟု ငြိမ်းချမ်းရေးအကျိုးတော်ဆောင် နိုင်တင်အောင်က ပြောသည်။

    “ပိတ်ထားတဲ့ရုံးအားလုံး ပြန်ဖွင့်မယ်၊ ရုံးအသစ် ထပ်ဖွင့်ခွင့်လည်းရထားတယ်၊ ဒီလိုဆက်ဆံရေးရုံးတွေဖွင့်လိုက်ခြင်းအားဖြင့် သွားလာရေး ပိုအဆင်ပြေသွားစေတယ်” ဟု နိုင်တင်အောင်က ပြောသည်။

    ယခင် မွန်ပြည်သစ်ပါတီဆက်ဆံရေးရုံးဟောင်း ၄ နေရာဖြစ်သည့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သံဖြူဇရပ်မြို့၊ ရေးမြို့နှင့် ဘုရားသုံးဆူမြို့တို့အပြင် မုဒုံမြို့၊ ကျိုက်မရောမြို့၊ ဇင်းကျိုက်ရွာ(ပေါင်မြို့နယ်)၊ တနင်္သာရီတိုင်း ရာဖူးကျေးရွာ(ရေဖြူမြို့နယ်)၊ မြိတ်မြို့တို့တွင် ဆက်ဆံရေးရုံးများ ဖွင့်လှစ်ထားရှိခွင့်ရထားကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များထံမှ သိရသည်။

    မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် မြန်မာစစ်အစိုးရ(နဝတ)နှင့် အပစ်ရပ်သဘောတူညီမှုရယူခဲ့ပြီးနောက် ဆက်ဆံရေးရုံး ၄ နေရာ ဖွင့်လှစ်ခွင့်ရရှိခဲ့သည်။

    ၄င်းနောက် မြန်မာစစ်အစိုးရ၏နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးအစီအစဉ်ကို လက်မခံသည့်အတွက် ၂၀၁၀ ခုနှစ် ဧပြီလနောက်ဆုံးပတ်တွင် မြို့ပေါ်ရှိ မွန်ပြည်သစ်ပါတီနှင့်သက်ဆိုင်သည့် ရုံးများအားလုံး ပိတ်ပစ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks