Homeသတင်းလယ်သိမ်းခံ မွန်လယ်သမားများ ဇေကမ္ဘာကို တရားစွဲမည်

လယ်သိမ်းခံ မွန်လယ်သမားများ ဇေကမ္ဘာကို တရားစွဲမည်

-

ဂျူရီချိုင်း – ဇေကမ္ဘာကုမ္မဏီက သိမ်းယူထားသည့် လယ်ယာမြေများအတွက် တရားစွဲဆိုသွားမည်ဟု ရန်ကုန်မြို့ရှိ လယ်ပိုင်ရှင် မွန်လူမျိုးများက ဆိုသည်။

“မွန်လူမျိုးတွေက တစ်ခြားအလုပ်လုပ်ဖို့ သိပ်မလုပ်တတ်ဘူး၊ စပါးစိုက်တာကိုပဲ ကျွမ်းကျွမ်း ကျင်ကျင်လုပ်တတ်တယ်ဆိုတော့ လယ်မြေတွေ ပြန်လိုချင်တယ်” ဟု တရားစွဲဆိုမှုကို ဦးစီး ဆောင်ရွက်နေသူ မွန်လယ်သမား ဦးကျော်စိန်က ပြောသည်။

ဇေကမ္ဘာကုမ္မဏီသည် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာရှိ လယ်ယာမြေ ၈၁၅ ဧက ကို ယမန်နှစ် ဖေဖော်ဝါရီလတွင် သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။ ယင်းလယ်မြေများကို မွန်ပြည်နယ် မုဒုံနှင့် သံဖြူဇရပ်မြို့နယ်မှ ပြောင်းရွှေ့လာသည့် လယ်ပိုင်ရှင်မွန်လူမျိုး ၈၀ ကျော်က ပိုင်ဆိုင်သည်။

ထိုမြေသိမ်းဆည်းချိန်က ဇေကမ္ဘာကုမ္မဏီအတွက် စက်မှုဇုံတည်ဆောက်ရန် သိမ်းခဲ့ခြင်း မဟုတ်ဘဲ နိုင်ငံတော်က သိမ်းဆည်းသည်ဟုဆိုကာ လယ်တစ်ဧကကို လျှော်ကြေး ၃ သိန်းနှုန်းဖြင့် သိမ်းဆည်း လိုက်ခြင်းကြောင့် မကျေနပ်သည့် လယ်ပိုင်ရှင်များက ယခုလို တရားစွဲဆို လိုခြင်းဖြစ်သည်ဟု ဦးကျော်စိန်က ပြောသည်။

ထိုသို့ တရားစွဲဆိုရန်အတွက် လယ်ပိုင်ရှင်များက မင်္ဂလာဒုံမြို့နယ်ရှိ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေထံသို့ အကူအညီတောင်းခံခဲ့သည်။

ဦးနေမျိုးဝေ က ”လယ်မြေသိမ်းတုန်းက ဇေကမ္ဘာကုမ္မဏီက သိမ်းမယ်လို့လည်း ပွင့်ပွင့်လင်းလင်း ပြောမထားဘူး၊ လယ်သမားဘက်က နိုင်ခြေရှိတယ်” ဟု ပြောသည်။

လက်ရှိ အသိမ်းခံထားရသည့် လယ်ယာမြေနေရာများတွင် ဇေကမ္ဘာကုမ္မဏီက စက်မှုဇုံတည်ဆောက်ရန် ကားလမ်းဖောက်ကာ မီးတိုင်များ တပ်ဆင်ထားပြီး ဖြစ်သည်။

ပြီးခဲ့သည့်နှစ်ကလည်း ဇေကမ္ဘာက မွန်ပြည်နယ် ကျိုက်မရောမြို့နယ် နှီတုံကျေးရွာတွင် ဘိလပ်မြေ စက်ရုံဆောက်လုပ်ရေး စီမံကိန်းအတွက် လယ်မြေ ဧက (၃၉၀) ကို သိမ်းဆည်းခဲ့သည်။

ဘိလပ်မြေ စက်ရုံဆောက်လုပ်ရေး စီမံကိန်းအတွက် လယ်မြေအသိမ်းခံရသည့် လယ်ပိုင်ရှင်များက နေပြည်တော်သို့ တိုင်တန်းမှုကြောင့် ဒီဇင်ဘာလ (၃) ရက်နေ့တွင် ဇေကမ္ဘာကုမ္မဏီက လယ်တစ်ဧကကို ကျပ်ငွေ သုံးသိန်းခွဲနှုန်း လျော်ကြေးပေးခဲ့ရာ လယ်သမား ၉၃ ဦး အနက် ၆၉ ဦးက လျှော်ကြေး ငွေ လက်ခံရရှိခဲ့သည်။

ဆက်စပ်သတင်း

1 COMMENT

  1. I know very much Nay Myo Wai and his character, we have long time kowing which him in YIT. The farmers, be carefull of negotiation with Zaykabar’s authorities if he suggest to take compansation. Generally unbelieveable person.

Comments are closed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts