Homeသတင်းဦးဇင်းဇော်လတ် (ခေါ်) အရှင်ဥက္ကံသ သိက္ခာတင်ရဟန်းပြန်ဝတ်

ဦးဇင်းဇော်လတ် (ခေါ်) အရှင်ဥက္ကံသ သိက္ခာတင်ရဟန်းပြန်ဝတ်

-

ကျလွန်းထော– ဦးဇင်းဇော်လတ် (ခေါ်) အရှင်ဥက္ကံသ လူဝတ်ဖြစ် ထောင်မှလွတ်မြောက်ပြီးနောက် ယမန်နေ့ (ဇန်နဝါရီ ၁၅) ရက်နေ့တွင် ဇာတိရွာဖြစ်သည့် မုဒွန်းကျေးရွာ၊ ချောင်းဆုံမြို့နယ်၌ သိက္ခာတော်ပြန်လည်တင်မြှောက်ကာ ရဟန်းဘဝသို့ ပြန်လည်ရောက်ရှိသွားပြီးဟု ဦးဇင်းဇော်လတ်က မိန့်ကြားသည်။

ဦးဇင်းဇော်လတ် ထောင်ကထွက်လားပြီး ၃ ရက်အြကာ ရဟန်းဝတ်နှင့်တွေ့ရပုံ။

“မွန်နိုင်ငံရေးအကျဉ်းသားအနေနဲ့ ကိုယ်တစ်ယောက်ထဲ လွတ်လာတာ အရမ်းဝမ်းနည်းပါတယ်၊ ကျန်ရှိနေသေးတဲ့ နိုင်ယက္ခ နဲ့ နိုင်မျိုးသွေးတို့ကိုလည်း အမြန်ဆုံး လွှတ်ပေးစေချင်ပါတယ်” ဟု ဦးဇင်းက မိန့်ကြားသည်။

၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်သည့်ပြစ်မှုအပြင် အီလက်ထရောနစ် အက်ဥပဒေဖြင့် ထောင်ဒဏ် (၁၅) နှစ် အမိန့်ချမှတ်ခံထားခဲ့ရပြီး သမ္မတ၏အမိန့်ဖြင့် ဇန်နဝါရီလ (၁၃) ရက်နေ့တွင် လူဝတ်ဖြင့် လွတ်မြောက်လာပြီးနောက် ရဟန်းပြန်ဝတ်လိုက်ခြင်းဖြစ်သည်။

“ဦးဇင်း အခု ရဟန်းဝတ်နဲ့ပါ၊ ဦးဇင်း ယခင်က သီတင်သုံးခဲ့တဲ့ နိုင်လှုံရွာ အောင်ဇေယျ မွန်ပရိယတ္တိစာသင်တိုက်ကျောင်းမှာ သွားပြီး သီတင်သုံးဦးမယ်၊ ကိုယ့်လူမျိုး တိုးတက်ကောင်းမွန်ဖို့ ဆက်ပြီးတော့ လုပ်ဆောင်သွားဦးမယ်” ဟု ဦးဇင်းက မိန့်ကြားသည်။

မွန်ပြည်နယ်ရှိ ဒေသအသီးသီးမှ ရဟန်းသံဃာပျိုများအဖွဲ့ကလည်း ၂၀၁၀ ခုနှစ် ဇန်နဝါရီလတွင် ကျရောက်သည့် ဦးဇင်းဇော်လတ်၏ (၂) နှစ်ပြည့် ထောင်ချမှတ်ခံရသည့်နေ့ အထိမ်းအမှတ် ပြုလုပ်ရန် ပိုစတာ (၅၀၀) ကျော် ပြုလုပ်ခဲ့ပြီးရာမှ ယခု ဦးဇင်းဇော်လတ် မထင်မှတ်ပဲ လွတ်မြောက်လာသဖြင့် အံ့သြဝမ်းသာမိကြောင်း ၄င်းစာသင်တိုက်မှ သံဃာတော်တစ်ပါးက မိန့်ကြားသည်။

“ဦးဇင်းတို့လည်း အရမ်းကို အံ့သြသွားတယ်၊ အခု သူလွတ်လာပြီးဆိုတော့ ဒီနေ့ဂုဏ်ပြုပွဲပြုလုပ်ပေးမယ်၊ ဦးဇင်းတို့ လုပ်ထားတဲ့ ပို့စတာကိုလည်း ဦးဇင်းဇောလတ် ပထမဦးဆုံး ဖွဲ့စည်းခဲ့တဲ့ ရာမညလောဟိတ သွေးလှုဒါန်းအသင်းနေ့မှာ ပြန်လုပ်လိုက်မှာပါ” ဟု အထက်ပါ သံဃာတော်က မိန့်ကြားသည်။

ယနေ့ ပြာသိုလဆုတ် (၈)ရက်နေ့သည် ရာမညလောဟိတ သွေးလှုဒါန်အသင်း စတင်တည်ထောင်ခဲ့သည့်နေ့လည်း ဖြစ်သည်။

ထို့အပြင် ဒေသအသီးသီးရှိ အခြားသောမွန်လူငယ်များအဖွဲ့အစည်းတို့ကလည်း ဝမ်သားကြိုဆို၍ ဂုဏ်ပြုပွဲများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts