Homeသတင်းအချက် ၃ ချက်ပါတောင်းဆိုစာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံပေးပို့

အချက် ၃ ချက်ပါတောင်းဆိုစာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံပေးပို့

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ– ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားနိုင်ငံရေးပါတီများစုပေါင်းပြီး အချက် ၃ ချက်ပါ တောင်းဆိုစာတစောင်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံ ယနေ့တွင် ပေးပို့လိုက်သည်။

တောင်းဆိုစာတွင် နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန်၊ ပြည်တွင်းစစ်ရပ်တန့်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို စစ်ဆေးရန်နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် သုံးပွင့်ဆိုင် ဆွေးနွေးရန်စသည်တို့ ပါဝင်သည်။

ဖော်ပြပါ တောင်းဆိုချက်များကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေဖြင့် အစိုးရသစ် သမ္မတဦးသိန်းစိန်ကို ဖိအားပေးပြီး ဖြေရှင်းပေးနိုင်ရန် တောင်းဆိုရခြင်းဖြစ်ကြောင်း ၉၀ ရွေးကောက်ပွဲဝင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဥက္ကဋ္ဌ နိုင်ငွေသိမ်းက ပြောသည်။

နိုင်ငွေသိမ်းက “ဘန်ကီမွန်းထံကိုလည်း အီးမေးလ်နဲ့ အဲဒီစာကို ပို့ထားပြီးပြီ၊ ဒီနေ့မှာလည်း အဲဒါကို ရန်ကုန်က ကုလသမဂ္ဂရုံးမှာရှိတဲ့ကိုယ်စားလှယ်အဖွဲ့ထံကိုလည်း ပေးပို့တယ်”

ထိုတောင်းဆိုစာကို မကြာခင်က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့အပြီး တိုင်းရင်းခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြစဉ် ဘန်ကီမွန်းထံ ပေးပို့ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း သူကပြောသည်။

“၉၀ ရွေးကောက်ပွဲတုန်းက အနိုင်ရထားပြီးတော့ အခုပါတီမှတ်ပုံမတင်ထားသေးတဲ့ တိုင်းရင်းသားအဖွဲ့တွေပါ” ဟု နိုင်ငွေသိမ်းက ပြောသည်။

ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီအမျိုးသားကွန်ကရက်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့၊ ကရင်ဒီမိုကရေစီကွန်ကရက်စသည့် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရထားပြီး လက်ရှိတွင် ပါတီမှတ်ပုံမတင်ထားသည့် တိုင်းရင်းသားပါတီ ၁၂ ဖွဲ့က ခေါင်းဆောင်များ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ဆွေးနွေးခဲ့ပြီး ယခုကဲ့သို့ စာပေးပို့ရန် ဆုံးဖြတ်ခဲ့ကြသည်။

၁၉၉၀ ရွေးကောက်ပွဲဝင်ကြသည့် တိုင်းရင်းသားနိုင်ငံရေးပါတီများ စုပေါင်းပြီး ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (UNLD)နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ဟူ၍ ဖွဲ့စည်းခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts