Homeသတင်းမွန်ပြည်နယ်တွင်လည်း ဓာတ်ဆီစျေးအဆမတန်တက်

မွန်ပြည်နယ်တွင်လည်း ဓာတ်ဆီစျေးအဆမတန်တက်

-

မိလယီထော-၂၀၁၂ ခုနှစ်ဆန်းမှစပြီး မွန်ပြည်နယ်မှာသာမက မြန်မာတနိုင်ငံလုံးတွင် ဓာတ်ဆီစျေး အဆမတန် မြင့်တက်လာသည်ဟု ဓာတ်ဆီရောင်းဝယ်သူတို့က ပြောသည်။

အပေါင်မြို့နယ်၊ ဇင်ကျိုက်ရွာမှ လမ်းဘေး ဓါတ်ဆီဆိုင်တစ်ဆိုင်။ ပုံ - (IMNA)
အပေါင်မြို့နယ်၊ ဇင်ကျိုက်ရွာမှ လမ်းဘေး ဓါတ်ဆီဆိုင်တစ်ဆိုင်။ ပုံ - (IMNA)
စွမ်းအင်ဝန်ကြီးဌာမှ ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချလိုက်သော စက်သုံးဆီအရောင်းဆိုင်များတွင် ဓာတ်ဆီတဂါလံ ၂၅၀၀ ကျပ်ဖြင့် သတ်မှတ်ရောင်းချနေမည့်အစား ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ပြီး ပြင်ပပေါက်စျေးနှုန်းအတိုင်း နှုန်းရှင်ဖြင့် ရောင်းချခွင့်ပြုလိုက်ပြီးနောက် ဓာတ်ဆီစျေး အဆမတန် တက်သွားခြင်းဖြစ်သည်။

“တပတ်လောက်ရှိပြီး ဓာတ်ဆီစျေးက တခါတည်းကိုတက်သွားတာ၊ အဖြူက အရင်က တဂါလံ ၂၅၀၀ ကျပ်က အခုဆို ၃၄၅၀ ကျပ်နဲ့ ကုမ္ပဏီကနေ ဝယ်ယူနေရတယ်” ဟု မော်လမြိုင်မြို့တွင် ဓာတ်ဆီရောင်းနေသူ ကိုမင်းမင်းက ပြောသည်။

ဓာတ်ဆီအဖြူတစ်ဂါလံ ၃၂၀၀ ကျပ်ရှိရာမှ ယခု ၄၄၅၀ ကျပ်ထိစျေးမြင့်တက်သွားပြီးတပြိုင်နက် ထိုင်းနိုင်ငံမှတင်သွင်းလာသည့် ဓာတ်ဆီအနီ၊ ဓာတ်ဆီအဝါတို့သည်လည်းတစ်ဂါလံ၂၇၀၀ ကျပ်မှ ၃၄၀၀ ကျပ်အထိ စျေးတက်သွားခဲ့သည်။

“မနေ့က ဓာတ်ဆီသွားဝယ်တာ တဂါလံ ၃၆၀၀ ကျပ် ဖြစ်သွားတယ်၊ ဆိုင်ရှင်တွေပြောတာက ရန်ကုန်လို မန္တလေးလို မြို့ကြီးတွေ စျေးတက်လို့ နယ်တွေဘက်မှာလည်း စျေးတက်သွားတာပဲ” မော်လမြိုင်မြို့ခံတဦးက ပြောသည်။

ယခုကဲ့သို့ ဓာတ်ဆီစျေးအဆမတန် မြင့်တက်သွားသည့်အတွက် ကုန်ပစ္စည်းတင်ဆောင်သည့်ကားခလည်း မြင့်တက်သွားကြောင်း သိရသည်။ ယခင်က ဆန်တအိတ် ကားခ ၈၀၀ ကျပ် ပေးဆောင်ခဲ့ရာမှ ယခု ၉၀၀ ကျပ်ဖြစ်သွားကြောင်း ကုန်သည်တွေက ပြောသည်။

လွန်ခဲ့သည့် ၂၀၁၀ ခုနှစ် ဇွန်လကစပြီး အစိုးရပိုင်ဓာတ်ဆီအရောင်းဆိုင်များကို ပုဂ္ဂလိကပိုင်အဖြစ် ရောင်းချလိုက်ပြီးနောက်ပိုင်း ဓာတ်ဆီစျေးတဂါလံလျှင် ၂၅၀၀ ကျပ်ဖြင့် စျေးနှုန်းသတ်မှတ်ခဲ့သည်။

နေပြည်တော်စွမ်းအင်ဝန်ကြီးဌာနတွင် ဒီဇင်ဘာလ ၂၆ ရက်နေ့က စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ တွေ့ဆုံပွဲတွင် ဝန်ကြီးက ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များကို သတ်မှတ်စျေးနှုန်းဖြင့် ဓာတ်ဆီရောင်းချသည့်စနစ်အစား နှုန်းရှင်ဖြင့် ရောင်းချခွင့်ပြုမည်ဟု တရားဝင်ထုတ်ဖော်ပြောဆိုထားသည်။

လက်ရှိနှုန်းဖြင့် ဓာတ်ဆီရောင်းချပေးနေချိန်တွင် ပြင်ပစျေးကွက်၌ ဓာတ်ဆီအရောင်းအဝယ်များ ပျောက်မပျောက် စွမ်းအင်ဝန်ကြီးဌာနက ဆက်လက်စီစစ်သွားမည်ဟု ပြည်တွင်းထုတ် (The Voice Weekly) ဂျာနယ်တွင် ဖော်ပြထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts