Homeသတင်းမီးရထားဝန်ကြီးဦးအောင်မင်းနှင့် ကေအဲန်ယူခေါင်းဆောင်တို့တွေ့ဆုံ

မီးရထားဝန်ကြီးဦးအောင်မင်းနှင့် ကေအဲန်ယူခေါင်းဆောင်တို့တွေ့ဆုံ

-

မင်းသုတ– မြန်မာအစိုးရပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သောအဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူခေါင်းဆောင်အချို့ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့၌ ယနေ့တွင်တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ထိုင်းမြန်မာနယ်စပ်တွင် KNU စစ်သားတစ်ယောက်ကိုတွေ့ရစဉ်။

ယနေ့နံနက် ၁၀ နာရီခန့်တွင် မဲဆောက်မြို့၊ နောင်ဘွားရပ်ကွက်ရှိ ဟိုတယ်တစ်ခုတွင် နှစ်ဖက်ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးခဲ့ကြရာ နေလည်စာအတူစားသောက်ခဲ့ကြပြီး မွန်းတည့် ၁၂ နာရီခန့်တွင် ပြီးဆုံးသွားခဲ့သည်ဟု အမည်မဖေါ်လိုသောကေအဲန်ယူအရာရှိတစ်ဦးက ပြောသည်။

“ရှေ့လမှာ KNU ကိုယ်စားလှယ်နဲ့ အစိုးရကိုယ်စားလှယ်တို့ ဖားအံမြို့မှာတွေ့ဆုံဆွေးနွေးဖို့အတွက် အကြိုဆွေးနွေးကြတဲ့သဘောပါ၊ အဲဒီအခါကျတော့မှ အသေးစိတ်ဆက်ဆွေးနွေးကြမယ်” ဟု ၄င်းကေအဲန်ယူအရာရှိကပြောသည်။

ယနေ့တွေ့ဆုံဆွေးနွေးခဲ့ကြသော ကေအဲန်ယူကိုယ်စားလှယ်များတွင် ဒုဥက္ကဌဒေးဗစ်သာကဘော၊ အထွေထွေအတွင်းရေးမှူး နော်စီရာဖိုးစိန်၊ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဗဒိုအားတိုး၊ ဗဒိုဒေးဗစ်ထော၊ ဗဒိုစောအောင်မော်အေးတို့ ပါဝင်ကြသည်ဟုသိရသော်လည်း ကေအဲန်ယူမှ သီးခြားအတည်ပြုချက်မရခဲ့ပေ။

နို၀င်ဘာ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ KNU အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ပြီး ခေါင်းဆောင် ရ ဦးပါ၀င်သည့် ငြိမ်းချမ်းဖော်ဆောင်ရေးကော်မတီဖွဲ့စည်းခဲ့ရာတွင် ဥက္ကဌအဖြစ် ဗဒိုစောဒေးဗစ်သကဘော၊ ဒုဥက္ကဌအဖြစ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ အတွင်းရေးမှူးအဖြစ် ပဒိုစောဒေးဗစ်ထောတို့ဖြစ်ကြပြီး အဖွဲ့ဝင်များအဖြစ် နော်စီဖိုးရာ စိန်၊ ဗိုလ်မှူးရောဂျာခင်၊ ဗဒိုစောအားတိုးနှင့် ဗဒိုစောအောင်မော်အေးတို့ ပါဝင်ကြသည်။

ထို့နောက် (KNU)နှင့် အစိုးရကိုယ်စားလှယ်တို့ ပြီးခဲးသော နိုဝင်ဘာလ ၁၉ ရက်တွင် ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့တွင် ယခုနှစ်တွင် ဒုတိယအကြိမ်တွေ့ဆုံ ဆွေးနွေးခဲ့ပြီးဖြစ်သည်။

ထို့အပြင် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် KNU ခေါင်းဆောင်တို့ ပဏာမအလွတ်သဘောဆွေနွေးပွဲတရပ်ကို ပြီးခဲ့သည့်အောက်တိုဘာလ ၉ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌ ပထမအကြိမ်ဆွေးနွေး ခဲ့ကြသည်။

“UNFC အဖွဲ့ဝင်တွေအနေနဲ့ အစိုးရနဲ့တစ်ဖွဲ့ခြင်းတွေ့ဆုံခွင့်ရှိတယ်၊ အဲဒီလိုတွေ့ဆုံတဲ့အခါမှာ UNFC ရဲ့မူနဲ့အတိုင်းပဲရပ်တည်သွားကြမယ်လို့ ဆုံးဖြတ်ချက်ချထားတာရှိတယ်” ဟု UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

KNU ကရင်အမျိုးသားအစည်းအရုံးသည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်ဖြစ်သည်။

အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် KNUအဖွဲ့သည် ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှစတင်ကာ မြန်မာအစိုးရ အဆက်ဆက်ကို တော်လှန်ခဲ့သည်။

ဆက်စပ်သတင်း

1 COMMENT

Comments are closed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts