spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်စုပုံ ရောင်းအားကောင်း

    မွန်ပြည်နယ်တွင်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်စုပုံ ရောင်းအားကောင်း

    -

    ဂျူရီချိုင်း၊ မိလရီထော – ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံများကို မြန်မာပြည် အခြားဒေသများနည်းတူမွန်ပြည်နယ်တွင်လည်း ရောင်းအားကောင်းနေသည်ဟု စာအုပ်အရောင်းဆိုင်ရှင်တွေက ပြောသည်။

    “ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည် ငယ်ရွယ်စဉ်ကတည်းကပုံတွေကအစ ရောင်းအားကောင်းတယ်၊ ဂျာနယ်၊ မဂ္ဂဇင်းထဲမှာ သူတို့ပုံတွေပါရင် တအားရောင်း ကောင်းလာတယ်” ဟု မော်လမြိုင်မြို့၊ စျေးကြိုကားဝင်းရှိ စာအုပ်အရောင်းဆိုင်ရှင် တစ်ဦးက ပြောသည်။

    ပုံအရွယ်အစားပေါ်မူတည်ပြီး တပုံလျှင် ၅၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ ရောင်းချနေသည်ဟုလည်း အထက်ပါ စာအုပ်အရောင်းဆိုင်ရှင်က ပြောသည်။

    မွန်ပြည်နယ်၏ အကြီးဆုံးမြို့တော်ဖြစ်သည့် မော်လမြိုင်မြို့မှာသာမက မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့အပါအဝင် နယ်ဒေသတွေမှာလည်း ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည် ပုံများကို စိတ်ဝင်တစား ဝယ်ယူနေကြကြောင်း သိရသည်။

    “ခေါင်းဆောင်နှစ်ဦးပုံတွေကို ပြက္ကဒိန်၊ စာအုပ် အစရှိတဲ့ အရောင်းဆိုင်တွေမှာ အလွယ်တကူရနိုင်တယ်၊ အိမ်အတော်များများက အမှတ်တရအဖြစ်နဲ့ ချိတ်ဆွဲထားကြတယ်” ဟု သံဖြူဇရပ်မြို့ခံ ကိုအိုင်ထူးက ပြောသည်။

    ခေါင်းဆောင်နှစ်ဦးပုံများကို ရောင်းအားသွက်လာသည်နှင့်အမျှ မော်လမြိုင်မြို့ပေါ်ရှိ စာအုပ်အရောင်းဆိုင်အချို့တွေမှာ ၎င်းပုံများကိုရောင်းချခြင်းပြုနေသည့်အပြင် တချို့ပုံအသေးများကို အခမဲ့ ဝေငှပေးနေကြောင်း မော်လမြိုင်မြို့ခံတဦးက ပြောပြသည်။

    နယ်ရှိ အချို့ ပိုစတာအရောင်းဆိုင်များ စာအုပ်အငှားဆိုင်များတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံများ ရောင်းချခြင်းမရှိသော်လည်း ယခု ရက်ပိုင်းအတွင်း ဝယ်ချင်သူများနေသည့်အတွက် မော်လမြိုင်မှတဆင့် မှာယူ ရောင်းချနေကြကြောင်းလည်း သိရသည်။

    အလားတူ ရန်ကုန်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်ပုံများ ပိုစတာများ၊ မဂ္ဂဇင်းများ ရောင်းအားအရမ်းကောင်းနေပြီး အိမ်တွေတွင်သာမက လမ်းသွား လမ်းလာ ဘတ်စ်ကားတွေမှာလည်း ဝယ်ယူ ချိတ်ဆွဲထားကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks