spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းထိုင်းပြန် မြန်မာအလုပ်သမားအတွက် ချစ်ကြည်ရေးတံတား ခေတ္တဖွင့်

    ထိုင်းပြန် မြန်မာအလုပ်သမားအတွက် ချစ်ကြည်ရေးတံတား ခေတ္တဖွင့်

    -

    မင်းသုတ၊ ကျလွန်းထော၊Nov 3, 2011 –  နေရပ်သို့  ပြန်နေသည့် မြန်မာအလုပ်သမားများအတွက် နယ်စပ်ဖြတ်ကျော်မှုလွယ်ကူစေရန်အတွက် ထိုင်းအစိုးရဘက်မှ မဲဆောက်-မြဝတီတံတားကို ခေတ္တဖွင့်ပေးနေသည်ဟု သိရသည်။

    ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား မြဝတီ - မဲဆောက် ( ဓာတ်ပုံ - အင်တာနက် )
    ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား မြဝတီ - မဲဆောက် ( ဓာတ်ပုံ - အင်တာနက် )

    ယနေ့ နံနက် ၉ နာရီမှစ၍ ညနေ ၄ နာရီအထိ ဖွင့်ပေးနေပြီး နောက်နေ့များတွင်လည်း ဖွင့်ပေးရန်ရှိသည်ဟု အမည်မဖော်လိုသည့် မြန်မာအာဏာပိုင်တစ်ဦးက ပြောသည်။
    “ကုန်သွယ်ဖို့ လုံးဝမဟုတ်ဘူး၊ ဒီအလုပ်သမားတွေ နေရပ်ပြန်နေတာ အရမ်းများနေလို့ သူတို့တွေ ဖြတ်ဖို့ ခေတ္တခဏပဲ ဖွင့်ပေးတာပါ၊ သေခြာစစ်ဆေးပြီးမှသာ ဖြတ်သန်းသွားလာခွင့်ရှိတယ်” ဟု ၄င်းအာဏာပိုင်က ပြောသည်။

    ယာယီပတ်စပို့ ကိုင်ဆောင်သော မြန်မာအလုပ်သမားများ လှေဖြင့်သာ ဖြတ်သန်းရပြီး မည်သည့်လက်မှတ်မျှ ကိုင်ဆောင်ထားခြင်းမရှိသည့် အလုပ်သမားများကို ဂိတ်စစ်သည့် ထိုင်းအာဏာပိုင်များကိုယ်တိုင် မြဝတီဘက်ကမ်းသို့ ပို့ဆောင်ပေးနေသည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် မဲဆောကြ်မို့ မွန်အမျိုးသားတစ်ဦးက ပြောသည်။
    “ထိုင်းဘက်ကမ်းက ဂိတ်စစ်တဲ့ အာဏာပိုင်ကိုယ်တိုင် ဟိုဘက်ကမ်းကိုလိုက်ပို့ပေးတယ်၊ အခု အယောက် (၁၀၀) ပို့ပြီးပြီး၊ ပတ်စပို့ရှိတဲ့သူက လှေနဲ့ကူးနေကြတယ်၊ ပြန်တဲ့သူတွေများနေလို့ ထိုင်းအာဏာပိုင်နဲ့ မြန်မာဘက်က အာဏာပိုင်တွေ ဒီတံတားကိုဖြတ်ခွင့်ပြုဖို့ ညှိ့နှိုင်းနေတာကြာပြီး၊ ဒီနေ့မှ ဖြတ်ခွင့်ရတာ၊ ဒါတောင် ဘာမှမရှိတဲ့အလုပ်သမားအတွက်ပဲ” ဟု ၄င်းက ပြောသည်။
    မြန်မာဘက်ကမ်း မြဝတီမြို့ဘက်သို့ ရောက်ရှိသွားသော မြန်မာအလုပ်သမားများ နေရပ်သို့ ပြန်နိုင်ရန်အတွက် တစ်ဦးလျှင် ငွေကျပ် (၅၀၀၀) ပေးသည့်အပြင် နေရပ်ရောက်သည်အထိ ကားများဖြင့် ကူညီပို့ဆောင်ပေးနေသည်ဟု ၄င်း မွန်အမျိုးသားက ဆက်ပြောသည်။
    “ကျနော်တို့ကြားတာတော့ နယ်စပ်ကူညီစောင့်ရှောင့်ရေးအဖွဲ့ NGOs တွေက ပိုက်ဆံအကူအညီပေးနေတယ်၊ မနေ့ကနဲ့ တစ်နေ့ကဆိုရင် တစ်ယောက်ကို (၅၀၀၀) ပေးတယ်၊ ဒီနေ့က (၄၀၀၀) ကျပ်ဖြစ်သွားတယ်၊ ပြန်တဲ့သူတွေ ဒီနေ့က အရှိန်နည်းနည်းလျော့နေပြီး” ၄င်းက ပြောသည်။
    ထိုင်းနိုင်ငံတွင် ရေကြီးမှုဖြင့် နေရပ်သို့ အုပ်စုလိုက် ပြန်ချိန်တွင် ယာယီပတ်စပို့မရှိသည့် မြန်မာအလုပ်သမားများက ပွဲစားများ၏ ငွေညှစ်မှုများနှင့်ကြုံရသည်ဟု ပတ်စပို့မရှိသူများက ပြောသည်။
    “ဒီမဲဆောက်ကိုရောက်ဖို့ ဘတ် ၄၀၀၀ လောက်ကုန်သွားတယ်၊ ပိုက်ဆံကလည်းမရှိ၊ ဒုက္ခအရမ်းရောက်တာပဲ” ဟု မဲဆောက်ဂိတ်သို့ ရောက်နေသည့် ပတ်စပို့မရှိသူတစ်ဦးက ပြောသည်။
    ထိုင်းနိုင်ငံ ရေကြီးမှုဖြင့် မြန်မာနိုင်ငံသို့ သောင်းနှင့်ချီပြန်နေသည့် မြန်မာအလုပ်သမားများ သွားလာရေးလွယ်ကူစေရန်အတွက် နှစ်ချီ ပိတ်ထားခဲ့သည့် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား ခေတ္တ ဖွင့်လှစ်ပေးခြင် ဖြစ်သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks