Home သတင်း မလေးရှားနိုင်ငံမြန်မာသံရုံးမှနိုင်ငံကူးလက်မှတ် ပြုလုပ်ပေးနေ

မလေးရှားနိုင်ငံမြန်မာသံရုံးမှနိုင်ငံကူးလက်မှတ် ပြုလုပ်ပေးနေ

အစီအစဉ်ဖြင့်ထုတ်ပေးနေသော မြန်မာနိုင်ငံကူးလက်မှတ်( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )
အစီအစဉ်ဖြင့်ထုတ်ပေးနေသော မြန်မာနိုင်ငံကူးလက်မှတ်( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )

ကျလွန်းထော – မလေးရှားနိုင်ငံတွင် 6P မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမားများအတွက် ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးနေပြီဖြစ်ကြောင်း ပတ်စပို့ရရှိပြီးသူများထံမှ သိရသည်။

အစီအစဉ်ဖြင့်ထုတ်ပေးနေသော မြန်မာနိုင်ငံကူးလက်မှတ်( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )
6P အစီအစဉ်ဖြင့်ထုတ်ပေးနေသော မြန်မာနိုင်ငံကူးလက်မှတ်( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )

မလေးရှားအစိုးရ၏ 6P ဟုခေါ်သည့် လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်တွင် မှတ်ပုံတင်ထားပြီး စာရွက်ရရှိထားသူ မြန်မာနိုင်ငံသား အလုပ်သမားများကို အောက်တိုဘာလ ပထမအပါတ်မှစတင်၍ မြန်မာနိုင်ငံအသိမှတ်ပြု ပတ်စပို့ ထုတ်ပေးနေခြင်းဖြစ်သည်။

“တစ်နေ့ကို အယောက် ၁၀၀ လောက်တန်းစီလုပ်နေကြပါတယ်၊ ကိုယ့်နိုင်ငံကပတ်စပို့ရဖို့ သွားလျှောက်ရတာပါ၊ မလေးရှားအစိုးရဘက်ကျတော့ အလုပ်လုပ်ခွင့်ပါမစ်တွေ ထုတ်မပေးသေးဘူး၊ လုပ်ပေးမယ်လို့လည်း သူတို့ကြေငြာထားပြီးသားပါ၊ အခုလောလောဆယ်တော့ ဒီနိုင်ငံမှာတရားမဝင်အလုပ်လုပ်ေနတဲ့ နိုင်ငံသားခြားသားတိုင်းကို သက်ဆိုင်တဲ့သံရုံးတွေမှာ ပတ်စပို့သွားလုပ်လို့ရနေပြီ” ဟု မလေးရှားရောက် မွန်တိုင်းရင်းသားကူညီစောင့်ရှောက်ရေးအသင်းမှ နိုင်ကျဲထောက ပြောသည်။

နိုင်ငံကူးလက်မှတ်လျှောက်ထားလိုပါက မိမိဇာတိမြေမှ ရဲစခန်းထောက်ခံစာ၊ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်မိတ္တူနှင့် ပတ်စပို့ဓါတ်ပုံ ၄ ပုံကို မြန်မာသံရုံးသို့ ပေးဆောင်ရပြီး ပတ်စပို့ (၃) နှစ်သက်တမ်း(၄၈၀) ရင်းဂစ်၊ (၅) နှစ်(၉၀၀) ရင်းဂစ်ခန့် ကုန်ကျသည်ဟု မြန်မာသံရုံးမှပတ်စပို့ရရှိပြီးသူ မင်းခိုင်ဝင်း ထံမှသိရသည်။

“လွတ်ငြိမ်းချမ်းသာခွင့်ပေးထားတဲ့ ကာလအတွင်းမှာ ပတ်စပို့လုပ်ချင်ရင်လုပ်၊ ဒါမှမဟုတ် နေရပ်ကိုပြန်မယ်ဆိုရင်လည်း ပြန်လို့ရတယ်၊ လွတ်ငြိမ်းချမ်းသာခွင့် သက်တမ်းကုန်သွားလို့ ဘာမှလည်း မလုပ်ရသေးဘူးဆိုရင် အကုန်ဖမ်းမယ်လို့တော့ ကြေငြာထားတယ်” ဟု နိုင်ကျဲထောက ဆက်ပြောသည်။

မလေးရှားအစိုးရဘက်မှ အလုပ်လုပ်ကိုင်ခွင့်ပါမစ် မထုတ်ပေးသေးသော်လည်း 6P လွတ်ငြိမ်းချမ်းသာခွင့် မှတ်ပုံတင်ထားသည့် တရားမဝင်အလုပ်သမား ၁. ၃ သန်းကို ကဏ္ဍ(၅)ခုပါ ထုတ်လုပ်ရေး၊ ခြံလုပ်ငန်း၊ စိုတ်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် လုပ်ငန်း ၁၅ မျိုးခန့်ပါဝင်သည့် လုပ်ငန်းများတွင် တရားမဝင်လုပ်သားများအား ၄င်းလုပ်ငန်းကဏ္ဍများ၌ လုပ်ကိုင်စေမည်ဟု မလေးရှား ပြည်ထဲရေးဝန်ကြီး Hishammuddin Hussein ၏ပြောကြားချက်ကို မလေးရှားအခြေစိုက် သူရိယသတင်းဂျာနယ်အင်တာနက်သတင်းစာမျက်နှာတွင် ရေးသားထားသည်။

တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများ အတွက် တရား၀င်မှတ်ပုံတင်နိုင်မည့် “6P” အစီအစဉ်ကို ပြည်ထဲရေး ၀န်ကြီးဌာနက ပြီးခဲ့သည့်သြဂုတ်လတစ်လတိတိအတောအတွင်း အကောင်ထည်ဖော်ဆောင်ခဲ့ရာတွင် မှတ်ပုံတင်ခြင်း၊ တရား၀င် အလုပ်လုပ်ခွင့်ပြုခြင်း၊ ခွင့်လွှတ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ ဥပဒေစည်းကမ်းအတိုင်း လိုက်နာစေခြင်းနှင့် လျှောက်ထားမှု မပြုလုပ်သော တရားမ၀င် အလုပ်သမားများကို နေရပ်ရင်းပြန်ပို့ခြင်း လုပ်ငန်းများပါ၀င်သည်။

မလေးရှားနိုင်ငံ မွန်ကယ်ဆယ်ရေးအသင်း၏ စာရင်းကောက်နှတ်ချက်အရ မလေးရှားနိုင်ငံအတွင်း မြန်မာအလုပ်သမား ၂ သိန်းနီးပါးရှိပြီး ၄င်းတွင် ဒုက္ခသည်စာရင်းဝင် ၈၆၀၀၀ ဦး ရှိသည်ဟု မွန်ကယ်ဆယ်ရေးအသင်းမှ အတွင်းရေးမှု နိုင်ဥက္ကာက ပြောသည်။

3 COMMENTS

  1. စာအုပ်တွေပြုလုပ်ပေးနေတာတော့အမှန်တကယ်ပါ..တစ်ရက်ကိုအုပ်ရေ ၂၅၀-၃၀၀ လောက်ထုပ်ပေးပါတယ်..မနက်ဖောင်တင်ငွေသွင်းဓါတ်ပုံရိုက်လက်ဗွေနှိပ်ပြီးတာနဲ့ ည ၇း၀၀ ကစပြီးနေ့ချင်းပြီးအောင်ဆောင်ရွက်ပေးနေတာပါ..ကုန်ကျစရိတ်အနေနဲ့ အရင်သတ်မှတ်ထားတဲ့အတိုင်းမဟုတ်တော့ပါဘူး..မလေးရှားမှာဘယ်လောက်နေနေ စာအုပ်ပြန်လုပ်မည်ဆိုလျှင် ဘဏ်ငွေသွင်းတာက ၄၈၀ ဘဲသွင်းရပါတယ်..စာအုပ်ထုပ်ရင် ၁၀ ထပ်ပေးရပါတယ်..စုစုပေါင်းကုန်ကျစရိတ်အနေနဲ့၄၉၀ ဘဲကုန်ပါတယ်..ကောင်းပါတယ်..ကြည်ကြည်ဖြူဖြူနဲ့လုပ်ပေးတာပါ..ဒါပေမယ့်ပွဲစားတွေနဲ့မလုပ်ကြပါနဲ့..ပွဲစားတွေကစာအုပ်လုပ်ရင် ၇၅၀-၈၀၀ လောက်တောင်းပါတယ်..ပွဲစားတွေကဘဏက်ငွေသွင်းတာလောက်ဘဲလုပ်ပေးတာပါ..ကျန်တာကိုကာယကံရှင်ကိုယ်တိုင်လုပ်ရတာပါ..အဲ့ဒါကြောင့်ပွဲစားများနဲ့မလုပ်ကြဖို့အသိပေးပါတယ်..သံရုံး၀န်ထမ်းများအားလုံးသဘောကောင်းပါတယ်..ကျေးဇူးလဲတင်ပါတယ်..

  2. စာအုပ် အသစ်လုပ် လို့ရတယ် သိရလို့ ၀မ်းသာပါတယ် ဒါနဲ့ မလေးရှားမှာ နေတာ ၅ နှစ်ပြည့် သွားတဲံ့ သူတွေရော သက်တမ်းကို အမှန်အကန် တိုးလို့ရလားဟင် တကယ်လို့ အဲဒီလို တိုးရင်ကော ဘယ်လောက်လောက် ကုန်ကျစာရိတ် ရှိလဲ သိချင်ပါတယ် ကျေးဇူးတင်ပါတယ်

Comments are closed.